နောင်ချို၊ ကျောက်မဲနဲ့ သီပေါမှာ လှုပ်ရှားနေတဲ့ TNLA တပ်ဖွဲ့ကို SSPP တပ်ဖွဲ့ကတိုက်ထုတ်တော့မယ်လို့ လွဲမှားဖြန့်ချိနေ

သျှမ်းမြောက် နောင်ချို၊ ကျောက်မဲနဲ့ သီပေါ မြို့နယ်အတွင်းမှာ လှုပ်ရှားနေတဲ့ တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ကို ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တပ်ဖွဲ့ကတိုက်ထုတ်တော့မယ်လို့ သတင်းလွဲမှားစွာ ဖြန့်ချိနေပါတယ်။

စစ်ကောင်စီကို ထောက်ခံရေးသားနေတဲ့ Kyaw Win Maung ချယ်နယ်က “SSPP/SSA အဖွဲ့များမှ နောင်ချို၊ ကျောက်မဲ၊ သီပေါအတွင်း အနိုင်ကျင့်ဗိုလ်ကျနေသော TNLA များအားတိုက်မည်” လို့ (မူရင်းအတိုင်း) SSPP တပ်သားရုပ်ပုံအချို့နဲ့အတူ ဖြန့်ချိခဲ့တာပါ။
အဆိုပါ လွဲမှားစွာဖြန့်ချိနေတဲ့ သတင်းကို ကြည့်ရှု့သူပေါင်း ၃၆,၀၀၀ ကျော်ရှိပြီး အခြားဝါဒဖြန့်တယ်လီဂရမ်ချယ်နယ်များ ကလည်း ထပ်ဆင့်ဖော်ပြထားတာ တွေ့ရပါတယ်။

မူရင်းလင့်ခ် – https://archive.ph/GsYuI

စစ်ဆေးခြင်း

သျှမ်းသံတော်ဆင့် အချက်အလက်စစ်ဆေးသူများအနေဖြင့် အဆိုပါအကြောင်းအရာကို စစ်ဆေးကြည့်တဲ့အခါ သတင်းမီဒီယာပေါ်က ဖော်ပြထားတဲ့ သတင်းတွေကို ကိုးကားပြီး ၎င်းတို့လိုအပ်သလို ပုံဖော်ရေးသားပြီး ချဲ့ကားဝါဒဖြန့်နေတာကို တွေ့ရပါတယ်။
သီပေါမြို့နယ်နဲ့ ကျောက်မဲမြို့နယ်မှာ ဇူလိုင် ၅ ရက်က TNLA နှင့် SSPP တို့ တိုက်ပွဲဖြစ်ပွားခဲ့တာ မှန်ကန်ပါတယ်။ တိုက်ပွဲနဲ့ ပတ်သက်ပြီး အပြန်အလှန် စွတ်စွဲကြတာတွေလည်း ရှိပါတယ်။

ဆက်စက်ဖတ်ရှု့ရန် ထုတ်ပြန်ချက်လင့်ခ်များ – https://archive.ph/7TgsN / https://archive.ph/1DioD

ဒါပေမဲ့ နောင်ချို၊ ကျောက်မဲနဲ့ သီပေါ တို့မှာလှုပ်ရှားနေတဲ့ TNLA တပ်ဖွဲ့ကို SSPP တပ်ဖွဲ့က တိုက်ထုတ်မယ်လို့ လက်ရှိသတင်းအချက် စစ်ဆေးတဲ့အချိန်ထိ SSPP Info ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ထုတ်ပြန်ထားခြင်း မတွေ့ရသေးပါဘူး။

လွတ်လပ်တဲ့ သတင်းဌာနများနဲ့ ဒေသတွင်း သတင်းဌာများကလည်း အဆိုပါအကြောင်းအရာနှင့် ပတ်သက်၍ ဖော်ပြထားခြင်းမရှိပါ။

လက်ရှိ ကျောက်မဲမြို့နယ်နဲ့ သီပေါမြို့နယ်အတွင်း ဖြစ်ပွားနေတဲ့ TNLA နဲ့ SSPP တို့အကြား စစ်ရေးပဋိပက္ခကို ‘ဝ’ တပ်ဖွဲ့ UWSA ဦးဆောင်တဲ့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးမှုညှိနှိုင်းရေးကော်မတီ FPNCC ကနေ အမြန်ဆုံး ကြားဝင်ထိန်းသိမ်းပေးဖို့ နှစ်ဖက်စလုံးကစောင့်ဆိုင်းနေကြတယ်လို့ သိရပါတယ်။

အဆိုပါ ကိစ္စနဲ့ပတ်သက်ပြီး TNLA သတင်းနဲ့ ပြန်ကြာရေးဌာနမှူးက “ဒီကိစ္စက ကျမတို့က FPNCC ရဲ့ လမ်းညွှန်မှုကို စောင့်ဆိုင်းနေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ SSPP နဲ့ ဖြစ်ပွားနေတဲ့ ပစ်ခတ်မှုဟာ နှစ်ဘက်အကောင်းဆုံးအတွက် ခေါင်းဆောင်တွေ ညှိနှိုင်းနေပါတယ်။ ဒီဆွေးနွေးညှိနှိုင်းမှုမှာ လက်ရှိ ကျောက်မဲခရိုင် PDF ဆီက သိမ်းယူသွားတဲ့ လက်နက် ၂၅ လက်နဲ့ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ကျမတို့ တပ်သား အယောက် (၂၀) ကျော် ပြန်လွှတ်ပေးဖို့ တောင်းဆိုနေတာ ဖြစ်ပါတယ်”လို့ သျှမ်းသံတော်ဆင့်ကို ပြောပါတယ်။

ကျောက်မဲမြို့နယ်အတွင်း PDF တပ်ဖွဲ့ရဲ့ လက်နက်နဲ့ TNLA တပ်သား ၂၀ ကျော်ကို ဖမ်းဆီးထားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး သျှမ်းသံတော်ဆင့်က SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်ထံသို့ ဆက်သွယ်မေးမြန်းဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း ဖုန်းဆက်ပိတ်ထားပါတယ်။

ဒါ့ကြောင့် သျှမ်းမြောက် နောင်ချို၊ ကျောက်မဲနဲ့ သီပေါတို့မှာ လှုပ်ရှားနေတဲ့ TNLA တပ်ဖွဲ့ကို SSPP တပ်ဖွဲ့ တိုက်ထုတ်တော့မယ်လို့ ဖြန့်ချိမှုမှာ လွဲမှားနေပါတယ်။

စစ်ကောင်စီတပ်ဟာ တစ်ကျော့ပြန် “၁၀၂၇ စစ်ဆင်ရေး” မှာ စစ်ရေးရှုံးနိမ့်မှုကို ရင်ဆိုင်နေရတဲ့အတွက် တစ်ဖက်မှာအသာစီးရဖို့ ဆိုရှယ်မီဒီယာတွေ၊ တယ်လီဂရမ်ချယ်နယ်တွေကိုအသုံးချပြီး ဝါဒဖြန့်ချိခြင်း၊ လှုံ့ဆော်ခြင်း၊ သတင်းအမှားဖြန့်ချိခြင်းများ လုပ်ဆောင်နေလျက်ရှိပါတယ်။

ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အချင်းချင်းကြား၊ တော်လှန်ရေးအင်အားစုတပ်ဖွဲ့နဲ့ ပြည်သူများအကြား ပဋိပက္ခဖြစ်ပွားအောင်၊ ယုံကြည်မှုပျက်ပြားအောင် စစ်တပ်ဘော်လီများက အမြဲသလို သွေးထိုးလှုံ့ဆော်နေကြပါတယ်။

သျှမ်းသံတော်ဆင့် စာဖတ်ပရိတ်သတ်တွေအနေနဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ဖော်ပြနေတဲ့ သတင်းတွေကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီတွေမှာ သွားရောက်ဖတ်ရှု့ကြဖို့ တိုက်တွန်းပါတယ်။

သတင်းတု၊ သတင်းမှားဟု ယူဆရတဲ့ သတင်းတွေကိုလည်း သျှမ်းသံတော်ဆင့် လူမှုကွန်ရက်စာမျက်နှာ (SHAN Burmese Vision ) Facebook Chat Box ကနေဆစ်ဆင့် သတင်းရဲ့ လင့်ခ် (သို့မဟုတ်) Screen Short ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...