နောင်ချိုမြို့နယ် တစ်ခုတည်းကျန်ရှိသည့် စစ်ကောင်စီဒုံးတပ် (၆၀၆) တွင် တိုက်ပွဲဆက်လက်ပြင်းထန်

သျှမ်းပြည် နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်၏ တစ်ခုတည်းကျန်ရှိသည့် အမြောက်တပ် (ဒုံးတပ်) ၆၀၆ ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ၊ DPLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များမှ ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း စုံစမ်းသိရသည်။

နောင်ချိုမြို့နယ် အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ တပ်စခန်းများကို TNLA ၊ DPLA နှင့် MDY-PDF ပူးပေါင်းတပ်ဖွဲ့များက ဇွန်လ ၂၅ ရက်မှ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ခလရ-၁၁၄/၁၁၅ တပ်ရင်းနှင့် မြို့ပေါ်ရှိ အထင်ကရ ဌာနဆိုင်ရာများကို ထိန်းချုပ်ထားနိုင်ပြီး တစ်ခုတည်းကျန်ရှိသည့် အမြောက်တပ်(ဒုံးတပ်) ၆၀၆ ကို ဆက်လက်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်ကြောင်း နောင်ချိုဒေသခံများက ပြောသည်။

“မနေ့ညအထိ ဒုံးတပ်ဘက်ကို လေယာဉ်နဲ့ ၃ ခါ ဗုံးလာကြဲသေးတာ။ မြို့ထဲက စာသင်ကျောင်းမှာ တစ်ခါ ဗုံးကြဲသွားတယ်။ ဒီနေ့လည်း အဲ့ဘက်ကို လေယာဉ်ဝဲနေတာ ရှိတယ်၊ အပေါ်ကနေ ပစ်နေတာတော့ မရှိသေးဘူး။ အတွင်းထဲကနေတော့ လက်နက်ကြီးနဲ့ သေနတ်သံ ကြားနေရသေးတယ်၊ မြို့ပေါ်မှာတော့ ငြိမ်နေတယ်”ဟု နောင်ချိုမြို့နယ်မှ ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ နောင်ချိုမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားလျက်ရှိသော အမြောက်တပ် (ဒုံးတပ်) ၆၀၆ အနီးတဝိုက်သို့ စစ်ကောင်စီတပ်မှ Y-12 ရဟတ်ယာဉ်ဖြင့် (၈) ကြိမ်၊ ဂျက်ဖိုက်တာ လေယာဉ်ဖြင့် နောင်ချိုမြို့တွင်းရှိ စာသင်ကျောင်းသို့ (၁) ကြိမ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ယမန်နေ့ (ဇူလိုင် ၈ ရက်)တွင် သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၅/၆ ရက်နေ့တို့တွင် ကျောက်မဲနှင့် နောင်ချိုမြို့အကြားရှိ နောင်ပိန်ဂုတ်တွင်းတွင် စစ်ကောင်စီတပ်နှင့် TNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး မန္တလေး-လားရှိုး ရထားလမ်းပေါ် ဂုတ်ထိပ်တံတားအနီး စစ်ကောင်စီတပ်စခန်းငယ်ကို ထိန်းချုပ်လိုက်နိုင်ကြောင်း နောင်ချိုဒေသခံများထံမှ သိရသည်။

၎င်းနောက်တွင် နောင်ချိုမြို့နယ် ဂုတ်ထိပ်အနီးသို့ စစ်ကောင်စီတပ်မှ လေကြောင်းပစ်ကူဖြင့် အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့ပြီး ဇူလိုင်လ ၆ ရက် တစ်ရက်တည်းတွင် ဂျက်ဖိုက်တာဖြင့် (၁၀) ကြိမ်၊ Y-12 ရဟတ်ယာဉ်ဖြင့် ဗုံး(၅၀)လုံး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း TNLA ဘက်မှ ထုတ်ပြန်သည်။

လက်ရှိတွင် နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီ၏ တစ်ခုတည်းကျန်ရှိသည့် အမြောက်တပ် (ဒုံးတပ်) ၆၀၆ ကို TNLA တပ်ဖွဲ့နှင့် မန္တလေး-PDF တပ်ဖွဲ့၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော် DPLA ၊ ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးတပ် ပူးပေါင်းတပ်ဖွဲ့တို့က ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိပြီး တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလျက်ရှိကြောင်း ဒေသခံများက ပြောသည်။

ဇူလိုင်လ ၄ ရက်တွင် နောင်ချိုမြို့နယ်အတွင်း နောက်ဆုံးကျန်ရှိသည့် အမြောက်တပ်-၆၀၆ ကို TNLA နှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်နေစဉ် စစ်ကောင်စီတပ်မှ အဆိပ်ငွေ့ဗုံး (၃) လုံး အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာန ထုတ်ပြန်ချက်အရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...