သီပေါစစ်ဘေးရှောင် ၂ ထောင်ကျော် စားနပ်ရိက္ခာ အကူအညီလိုအပ်

သျှမ်းပြည် သီပေါမြို့နယ်ရှိ စစ်ဘေးရှောင် ၂ ထောင်ကျော်အတွက် စားနပ်ရိက္ခာ အကူအညီ အရေးပေါ် လိုအပ်နေကြောင်း စုံစမ်းသိရသည်။

ဇွန်လ နောက်ဆုံးပတ်မှ စတင်ပြီး သီပေါမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တအာင်း (ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာသူ ၂ထောင်ကျော်အတွက် စားနပ်ရိက္ခာ အကူအညီ အရေးပေါ်လိုအပ်နေကြောင်း စစ်ဘေးရှောင် ကူညီပေးနေသူများက ပြောသည်။

“တိုက်ပွဲကြောင့် ထွက်ပြေးလာတဲ့သူတွေ နှစ်ထောင့်ငါးရာလောက်ရှိမယ်။ သူတို့ စားဖို့သောက်ဖို့ မရှိတော့ ဆန်သွားပေးတာ သူတို့တွေ မျက်ရည်ဝဲနေကြတယ်။ စားနပ်ရိက္ခာတွေ အရေးပေါ် လိုတာပေါ့၊ ခုက ဆန်ဆီဆေးဆား ဒီဟာတွေ လိုနေကြတယ်”ဟု သီပေါမြို့နယ်မှ စစ်ဘေး‌ရှောင်ကူညီနေသူ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သီပေါမြို့တွင်းရှိ ဘုန်းကြီးကျောင်းများသို့ ထွက်ပြေးတိမ်းရှောင်လာသူများကိုလည်း စစ်ကောင်စီတပ်မှ နေရပ်ပြန်ရန် တားမြစ်ထားကြောင်း သီပေါစစ်ဘေးရှောင်များထံမှ သိရသည်။

ထို့ပြင် သီပေါမြို့သို့ ရောက်ရှိနိုင်ရန် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ တံတားများ ချိုးဖျက်ခံထားရခြင်းနှင့် မြို့တွင်းဝင်ရောက်နိုင်သည့် လမ်းကြောင်းများကို ပိတ်ထားသည့်အတွက် စားသောက်ကုန်စျေးနှုန်း အဆမတန် မြှင့်တက်မှုရှိကာ စက်သုံးဆီများလည်း ပြတ်လပ်နေခြင်းကြောင့် အခက်အခဲမျိုးစုံ ကြုံတွေ့နေရသည်ဟု ဒေသခံများက ပြောဆိုသည်။

“စစ်ကောင်စီတပ်က အိမ်ကို ပေးမပြန်တာ‌၊ ဆန်တောင်ပြန်ယူမရဘူး။ တစ်ချို့ဆိုရင် စားဖို့သောက်ဖို့တောင် မရှိဘူး။ ကျောင်းမှာကလည်း ချက်ပြုတ်ဖို့ ထင်းတွေကလည်း မရှိဘူး၊ မီးသွေးကလည်း ဈေးကြီးတယ်။ မီးစက်ကျတော့လည်း ရေချိုးဖို့ ရေတင်ဖို့ပဲ အဆင်ပြေတာလေ။ စက်သုံးဆီတွေလည်း ပျက်နေပြီ ဝယ်လို့မရတောဘူး”ဟု သီပေါစစ်ဘေး‌ရှောင်ကူညီသူ ၎င်းအမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

သီပေါမြို့နှင့် အနီးတဝိုက်တွင် စစ်ကောင်စီတပ်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် လမ်းများပိတ်ဆို့ကာ ဆန်နှင့် ကုန်ပစ္စည်းဈေးနှုန်းများ အဆမတန် မြှင့်တက်နေကြောင်း သိရသည်။

တစ်ဖက်တွင်လည်း TNLA ၊ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်ဖွဲ့တို့နှင့် စစ်ကောင်စီတပ်တို့သည် သျှမ်းပြည်မြောက်ပိုင်း လားရှိုး၊ ကျောက်မဲ၊ သီပေါ၊ နောင်ချိုနှင့် မိုးမိတ်၊ မိုးကုတ်မြို့နယ်တို့တွင် တိုက်ပွဲပြင်းထန်နေခြင်းကြောင့် အရပ်သားပြည်သူ ၃ သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ အကူအညီ အရေးပေါ်လိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီသူများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါတွင် အသက်၁၄နှစ် ညီမဝမ်းကွဲအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူကို SSPP သေဒဏ်ပေး

0
သျှမ်းပြည် သီပေါမြို့နယ်တွင် အသက်(၁၄) နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးအား ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တရားရုံးတစ်ခုမှ သေဒဏ်ပေးကာ ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၄) ရက် နေ့လယ်ပိုင်းတွင် သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာရှိ အသက်(၂၄) နှစ်အရွယ်ရှိ...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...