TNLA
ကျောက်မဲမြို့ စစ်ကောင်စီ ထပ်မံဗုံးကြဲ အမျိုးသမီး ၁ ဦးသေ၊ ၂ ဦးဒဏ်ရာရ
သျှမ်းပြည် ကျောက်မဲမြို့ ပြည်သူ အိမ်မောကျချိန် စစ်ကောင်စီက လေကြောင်းဖြင့် ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် အမျိုးသမီး တစ်ဦးသေဆုံး၊ အရပ်သား နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (ဇွန်လ ၂၇ ရက်) မနက် ၁၂ ခွဲကျော် အချိန်တွင် ကျောက်မဲမြို့ ရပ်ကွက် ၇...
“ငြိမ်းချမ်းရေးဖိုရမ်”ကျင်းပ ကာလ TNLAထိန်းချုပ်ဒေသ စစ်ကောင်စီ လေကြောင်းဖြင့် အကြီးအကျယ် ဗုံးကြဲတိုက်ခိုက်
နေပြည်တော်တွင် “ ငြိမ်းချမ်းရေး ဖိုရမ်” “ Peace Forum” ကျင်းပနေသည့်ကာလ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်သော နယ်မြေများကို စစ်ကောင်စီ က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အကြီးအကျယ်ပြုလုပ်နေသည်။ ယခုရက်ပိုင်း စစ်ကောင်စီလေကြောင်းဖြင့် အကြီးအကျယ် ဗုံးကြဲတိုက်ခိုက်သည့်နေရာများမှာ “၁၀၂၇ စစ်ဆင်ရေး” ဒုတိယလှိုင်း...
နောင်ချိုမြို့ စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးအပါအဝင် ဗုံးအလုံး ၈၀ ကျော်ကြဲချဟု DPLA ပြော
သျှမ်းပြည် မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ် နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA) ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီမှ အပြင်းအထန်ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇွန်လ ၂၄ ရက်) မနက်ပိုင်းမှစ၍ နောင်ချိုမြို့နယ် ရွှေသွန်းကျေးရွာအနီးတဝိုက်တွင် စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်မှုကြောင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး...
စစ်အာဏာရှင်တော်လှန်ရေးကြား မူဝါဒကင်းမဲ့နေတဲ့ သယံဇာတ တူးဖော်မှု
“ဂေါက်ကွင်းကို အကုန်လုံး တူးလိုက်ပြီ မရှိတော့ဘူး၊ အကုန်လုံး မွစာကြဲသွားတာ”လို့ မိုးကုတ်ဒေသခံ ကျောက်ကုန်သည် ကိုသားငယ် (အမည်လွှဲ) က ဝမ်းနည်းစွာနဲ့ ပြောလာပါတယ်။ စက်ယန္တယားတွေနဲ့ အင်တိုက်အားတိုက် တူးဖော်မှုကြောင့် မိုးကုတ်ဒေသခံတစ်ယောက်အနေနဲ့ ဂေါက်ကွင်းရှေ့ ဖြတ်သွားတိုင်း စိတ်မကောင်းဖြစ်နေရကြောင်း ရင်ဖွင့်ပြောဆိုလာပါတယ်။ စက်ယန္တယားတွေ နဲ့ အင်တိုက်အားတိုက်တူးနေတဲ့ ဂေါက်ကွင်းကတော့ တအာင်း(ပလောင်)...
TNLA ထိန်းချုပ် ကျောက်မဲ လူစည်ကားနေရာ ဉီးတည်ပြီး စစ်ကောင်စီ ဗုံးကြဲ အရပ်သား ၄ဉီးသေ၊ ၁၄ဉီး ဒဏ်ရာရ
သျှမ်းပြည် ကျောက်မဲမြို့ပေါ် လူစည်းကားသည့် နေရာကို စစ်ကောင်စီက ဉီးတည်ပြီး လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့သဖြင့် အရပ်သား သေဆုံးသူ ၄ ဦး နှင့် ဒဏ်ရာရရှိသူ ၁၄ ဦးအထိ ရှိနေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ( ဇွန်လ ၂၄ ရက်) ညနေ ၅...
မိုးမိတ်မြို့နယ် SSPP နှင့် TNLA တိုက်ပွဲဖြစ်၊ တစ်လတည်း ထိတွေ့တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့
သျှမ်းပြည် မိုးမိတ်မြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန်လ ၂၃ ရက်) နံနက် ၁၀ နာရီကျော်တွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအနီးတွင် SSPP နှင့် TNLA...
နောင်ချိုမြို့နယ် တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီတပ် ကျေးရွာအချို့ ပြန်လည်သိမ်းယူထား
သျှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်အင်အား အလုံးအရင်း ဖြည့်တင်းကာ ထိုးစစ်ဆင်နေပြီး အချို့ကျေးရွာများကိုလည်း ပြန်လည်သိမ်းယူထားကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ စစ်ကောင်စီတပ်သည် ရပ်စောက်မြို့နယ်မှတဆင့် တောင်းခမ်း-ကံကြီးဘက်မှလည်းကောင်း၊ ပြင်ဦးလွင်မြို့မှတဆင့် အုမ္မသီးကျေးရွာဘက်မှလည်းကောင်း စစ်ကြောင်းခွဲကာ နောင်ချိုမြို့ဘက်သို့ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်ပြီး ရွှေသွန်းကျေးရွာ၊ လုံဝယ်ကျေးရွာ နှင့် ညံတောကျေးရွာဘက်အထိ...
TNLA ထိန်းချုပ်နယ်မြေထဲ BPLA စစ်သင်တန်းဆင်းပွဲပြုလုပ်၊ မဟာမိတ်ခေါင်းဆောင်များ တက်ရောက်ခဲ့
SHAN -
သျှမ်းပြည်မြောက်ပိုင်းရှိ TNLA ထိန်းချုပ်ဒေသ တစ်နေရာတွင် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ၏ အခြေခံစစ်သင်တန်းဆင်းပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းသိရသည်။ ဇွန်လ (၇) ရက်တွင် TNLA ထိန်းချုပ်ဒေသ တစ်နေရာတွင် ပြုလုပ်ခဲ့သည့် BPLA ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၉) သင်တန်းဆင်းပွဲသို့ NUG...
နောင်ချိုမြို့နယ် စစ်ဘေးရှောင်တစ်ဦး ထပ်မံပစ်ခတ်ခံရပြီး ပြင်းထန်ဒဏ်ရာရ
သျှမ်းပြည် နောင်ချိုမြို့နယ်ရှိ ချိုခမ်းဘုန်းကြီးကျောင်းအနီး လယ်ထဲတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်များသည် ဘေးလွတ်ရာသို့ ထပ်မံတိမ်းရှောင်ရန် ထွက်ခွာနေစဉ် သေနတ်ပစ်ခတ်ခံရပြီး အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန်လ ၁၇ ရက်) နံနက် ၉ နာရီခန့်တွင် နောင်ချိုမြို့နယ် အုမ္မသီးလမ်းခွဲကျေးရွာ လယ်ထဲရှိ တဲများတွင် ခိုလှုံနေသည့်...
ကျောက်မဲမြို့နယ် SSPP နှင့် TNLA တိုက်ပွဲဖြစ်၊ ထိခိုက်ကျဆုံးမှုရှိ
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ထိခိုက်ကျဆုံးမှုရှိကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန်လ ၁၅ ရက်) ညနေ ၅ နာရီခွဲမှ ၇ နာရီခန့်အထိ ကျောက်မဲမြို့နယ် ဟူးဆွန်ကျေးရွာ...





