TNLA
TNLA ထိန်းချုပ် သီပေါမြို့ စစ်ကော်မရှင် လေကြောင်း ဗုံးကြဲ အရပ်သား ၂ ဦးထက်မနည်းထိခိုက်
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသော သီပေါမြို့ကို စစ်ကော်မရှင်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သား ၂ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယနေ့ (သြဂုတ်လ ၁၈ ရက်) မနက် ၉ နာရီခွဲဝန်းကျင်တွင် TNLA ထိန်းချုပ်ထားသော သီပေါမြို့ပေါ်ရှိ အနောက်ရပ်ကွက်နှင့် တောင်ရပ်ကွက်တို့ကို စစ်ကော်မရှင်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သားနှစ်ဉီးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သီပေါမြို့ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “ ပေါင်း ၅၀၀ ဗုံးနဲ့လာကြဲတာ။ရ ွှေဧည်သည် ဟိုတယ်နား တဝိုက်ပဲ။ ၂ ယောက်ထိတယ် လို့ပဲသိရသေးတာ။ ထိခိုက်တာတွေ ထပ်ရှိနိုင်မယ်။သေချာမသိရသေးဘူး။”ဟု ၎င်းအမျိုးသမီးက ဆိုသည်။ သီပေါမြို့ပေါ် ကို ဂျက်ဖိုက်တာဖြင့် လေကြောင်းဗုံးကြဲခံရခြင်းကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုနှင့် နေအိမ်ပျက်စီးဆုံးရှုံးမှုကို သျှမ်းသံတော်ဆင့်မှဆက်လက်စုံစမ်းနေသည်။ သျှမ်းပြည် သီပေါမြို့ထဲသို့ စစ်ကောင်စီတပ်မှ နှစ်လအတွင်း (၁၀) ကြိမ်မြောက် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အလားတူ ပြီးခဲ့သည့် (သြဂုတ်လ ၉ ရက်) နေ့တွင်လည်း သီပေါမြို့ပေါ်ရှိ မြန်မာရပ် နှင့် ပန်းတိမ်တောင်ရပ်ကွက်ကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
သျှမ်းမြောက် TNLA ထုတ် မှတ်ပုံတင်မပြနိုင်လျှင် အရေးယူမည်ဟုဆို
SHAN -
တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသော နယ်မြေဒေသအတွင်း နေထိုင်သည့် ပြည်သူများကို ၎င်း၏ မှတ်ပုံတင်ကို မဖြစ်မနေ ပြုလုပ်ရမည်ဖြစ်ပြီး ခရီသွားလာရင်း မှတ်ပုံတင် မပြနိုင်လျှင် အရေးယူခံရမည်ဖြစ်ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောကြားသည်။ ယမန်နေ့ (သြဂုတ် ၁၆ )ရက် နမ္မတူမြို့နယ် မန်စံကျေးရွာတွင်...
မိုးကုတ်မြို့ စစ်ကော်မရှင်က ဗုံးထပ်ကြဲ၊ ကလေးအပါအဝင် အရပ်သား ၃ ဦးသေဆုံး
SHAN -
တအာင်း (ပလောင် ) အမျိုးသားများလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသော မိုးကုတ်မြို့အရှေ့ပိုင်း လူနေရပ်ကွက်ကို စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကလေးအပါအဝင် အရပ်သား ၃ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။ ယနေ့ (သြဂုတ် ၁၇ ) ရက် နံနက် ၉ နာရီအချိန်တွင် မိုးကုတ်မြို့အရှေ့ပိုင်း...
နမ့်ခမ်း-မန့်ဝိန်းကြီးကြား စစ်ကောင်စီဗုံးကြဲခြင်းကြောင့် ဒေသခံထိတ်လန့်၊ တရုတ်ဘက်မှ နယ်စပ်အနီး ပစ်ခတ်သတိပေး
မြန်မာ-တရုတ်နယ်စပ်ရှိ နမ့်ခမ်းမြို့နှင့် မန့်ဝိန်းကြီးမြို့ကြားသို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံး (၄) လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် တရုတ်နိုင်ငံဘက်မှ ပစ်ခတ်သတိပေးမှုများ ရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၁၅ ရက်) နံနက်အစောပိုင်း ၁၂ နာရီကျော်အချိန်တွင် မြန်မာ-တရုတ်နယ်စပ်ရှိ တအာင်း (ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ...
မိုးကုတ်တွင် ဂေါ်ရခါးလူမျိုးများကို TNLA တပ်သားသစ်စုဆောင်းနေ
တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့တွင် ဂေါ်ရခါးလူမျိုးများကို တပ်သားသစ် စုဆောင်းနေကြောင်း သတင်းသိရသည်။ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် ဒုစရိုက်မှုများကြောင့် လုံခြုံရေး ခြိမ်းခြောက်ခံနေရသော မိုးကုတ်မြို့တွင် မြို့ကာကွယ်ရန်အတွက် တစ်ရပ်ကွက် ၃ ဦး စစ်မှုထမ်းရန် မတ်လကတည်းက TNLA ဘက်က ဂေါ်ရခါးလူမျိုးများကို...
TNLA ထိန်းချုပ် ကျောက်မဲမြို့ အသက် (၆) နှစ်အရွယ် ကလေးတစ်ဉီး သတ်ခံရ၊ တရာခံ လွတ်မြောက်နေဆဲ
သျှမ်းပြည် ကျောက်မဲမြို့ အင်ကြင်းတောင်ရပ်ကွက်တွင် အသက် (၆) နှစ်အရွယ်ရှိယောင်္ကျားလေးတစ်ဉီး သတ်ဖြတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ သြဂုတ် ၉ ရက် ညနေပိုင်းတွင် အသက် (၆) နှစ်အရွယ် ကလေးငယ်တစ်ဦးကို အိမ်နီးနားချင်းမှ အမျိုးသားတစ်ဦးက ခေါ်ဆောင်သွားပြီး ရုတ်တရက် ပျောက်ဆုံးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။ ထိုသို့ ရုတ်တရက်...
TNLA ထိန်းချုပ် သီပေါမြို့ထဲ (၉) ကြိမ်မြောက် စစ်ကောင်စီတပ်ဗုံးထပ်ကြဲ
သျှမ်းပြည် သီပေါမြို့ထဲသို့ စစ်ကောင်စီတပ်မှ နှစ်လအတွင်း (၉) ကြိမ်မြောက် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၉ ရက်) ညနေ ၄ နာရီခွဲခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် သီပေါမြို့ထဲ မြန်မာရပ်နှင့် ပန်းတိမ်တောင်ရပ်ကွက်သို့ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့်...
နောင်ချို နေရပ်ပြန်စစ်ရှောင်အချို့ကို စစ်ကောင်စီတပ်ဖမ်းဆီးမှုရှိ၊ ဒေသခံမဟုတ်လျှင် မြို့ထဲပေးမဝင်ဟုဆို
သျှမ်းပြည် နောင်ချိုမြို့နယ်သို့ နေရပ်ပြန်လာသည့် စစ်ဘေးရှောင်များကို စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးမှုများ ရှိနေပြီး ဒေသခံမဟုတ်လျှင် မြို့ထဲပေးမဝင်ကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လလယ်ပိုင်းတွင် နောင်ချိုမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA လက်ထဲမှ စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် တောင်းခမ်းဘက်ရှိ ကျေးရွာများသို့ နေရပ်ပြန်လာသည့် စစ်ဘေးရှောင်အချို့ကို TNLA ၊ DPLA...
TNLA ထိန်းချုပ် ကျောက်မဲမြို့ထဲ စစ်ကောင်စီတပ် ဗုံးထပ်ကြဲ
သျှမ်းပြည် ကျောက်မဲမြို့ပေါ်ရှိ ဆေးခန်းအနီးသို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၄ ရက်) နံနက် ၁၀ နာရီခွဲခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် ကျောက်မဲမြို့ပေါ်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရပ်ကွက်(၆) ရှိ ဇေယျာဖြိုးဆေးခန်းနှင့်...
မာရှယ်လောကြေညာပြီးနောက် မိုးကုတ်မြို့ပေါ် လေကြောင်းဗုံးကြဲခံရမှု အရပ်သား ၃၀ နီးပါး သေဆုံးဒဏ်ရာရ
သျှမ်း-မန္တလေးနယ်စပ် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ပေါ်သို့ စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သား (၁၂) ဦး သေဆုံးပြီး ၂၀ နီးပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၂ ရက်) နံနက် ၈ နာရီခွဲတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော်...





