စစ်ကော်မရှင်နှင့် TNLA ကျောက်မဲ နောင်ပိန်ရွာအနီး စစ်ရေးပြင်းထန်၊ ကျောက်မဲထိ စစ်မီးကူးနိုင်

သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာအနီးသို့ စစ်ကော်မရှင်တပ်မှ လေယာဉ်နှစ်စီးဖြင့် စစ်ကော်မရှင်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ပြင်း TNLA ပူးပေါင်းတပ်နှင့်လည်း ကူမင်းဆွေးနွေးပွဲမတိုင်မီ မြေပြင်ထိတွေ့တိုက်ပွဲ ပြင်းထန်နေကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဩဂုတ်လ ၁၉ ရက်) ည ၇ နာရီခန့်တွင် ကျောက်မဲမြို့နယ် နောင်ပိန်လမ်းခွဲအနီးသို့ စစ်ကော်မရှင်တပ်မှ လေယာဉ်နှစ်စီးဖြင့် ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး နောင်ချိုဘက်မှ ဂုတ်တွင်းချောင်းဖြတ်ကူး၍ မြေပြင်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများနှင့် TNLA ပူးပေါင်းတပ်တို့ ထန်းတပင်ကျေးရွာဘက်တွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။

“ပင်တိန်လမ်းခွဲနားကို လေယာဉ်နဲ့ဗုံးတစ်လုံး ကြဲချသွားပြီး မြောက်ဘက် ဆက်တက်သွားတယ်။ ခနလေးပဲ လေယာဉ်နောက်တစ်စီး ထပ်လာပြီး သိမ်ကန်နား ဗုံးထပ်တစ်လုံး ကြဲတယ်။ ရပ်ကွက်(၁) ထဲတော့ နေ့လယ်က လက်နက်ကြီးမှန်တဲ့အိမ် (၅) လုံးကျော် ရှိပြီ။ လက်ဖက်ရည်ဆိုင်က အန်တီတစ်ယောက် ဗိုက်ထိတယ်၊ သူ့တူလေးက ပေါင်ကျိုးသွားတယ်”ဟု နောင်ပိန်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကော်မရှင်တပ်မှ ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာအနီးသို့ လေယာဉ်နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ထိခိုက်ပျက်စီးမှုကို သျှမ်းသံတော်ဆင့်မှ ဆက်လက်စုံစမ်းနေသည်။
စစ်ကောင်မရှင်တပ်သည် ယမန်နေ့ (ဩဂုတ်လ ၁၈ ရက်) ညပိုင်းမှ စတင်ပြီး နောင်ပိန်ရွာနှင့် ၂ မိုင်ခန့်သာ ကွာဝေးသည့် ထန်းတပင်ကျေးရွာဘက်သို့ စစ်အင်အား (၇၀၀) ကျော် မြေပြင်စစ်ကြောင်းထိုးလာပြီးနောက် ယနေ့နံနက်ပိုင်းမှ စတင်ကာ TNLA ပူးပေါင်းတပ်များနှင့် ထိတွေ့တိုက်ပွဲ ပြင်းထန်နေကြောင်း ဒေသခံများထံမှ သိရသည်။

“နောင်ပိန်နဲ့ ထန်းတပင်ကြားမှာ စစ်တပ်နဲ့ ပလောင် ဒီညပိုင်း ပစ်နေကြတယ်။ နက်ဖန် တရုတ်မှာ ဆွေးနွေးပွဲလုပ်မယ်ပြောပြီး အခု မြေပြင်မှာက ထိုးစစ်ဆင်လာတယ်။ စစ်တပ်က ဂုတ်တွင်းတဖက်ကမ်း ကူးလာပြီဆိုတော့ ရက်ပိုင်းနဲ့ ကျောက်မဲမြို့ပေါ်ထိ တက်သွားနိုင်မယ်”ဟု နောင်ပိန်ဒေသခံ ၎င်းအမျိုးသားက ဆက်ပြောသည်။

အလားတူ TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့ပေါ်သို့ စစ်ကောင်စီတပ်က ယနေ့ နံနက် ၁၀ နာရီကျော်တွင် အသေခံဒရုန်း တစ်စင်းဖြင့် စတင်တိုက်ခိုက်ခဲ့ပြီး ၎င်းဒရုန်းမှာ မြို့တွင်း၌ ပျက်ကျခဲ့ခြင်းကြောင့် လူထိခိုက်မှု မရှိကြောင်း ကျောက်မဲဒေသခံများထံမှ သိရသည်။

လက်ရှိတွင် ကျောက်မဲမြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးဘေးရှိ ကျေးရွာများနှင့် နောင်ပိန်တိုက်နယ် ဒေသခံများ၊ စစ်ဘေးရှောင်များမှာ ပုံဝိုး၊ ဟဲကွီဘက်သို့ ထပ်မံထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရပြီး အရေးပေါ် ကူညီထောက်ပံ့မှုများ လိုအပ်နေကြောင်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

“နိုင်ငံကူးပတ်စ်ပို့ဂယက် ကြားက သောက”

0
ယခုရက်ပိုင်း မြန်မာနိုင်ငံကူးလက်မှတ် (Passport) ကို ကိုင်ဆောင်ပြီး ပြည်ပမှာ ရွှေ့ပြောင်းနေထိုင် နေကြတဲ့သူတွေ ကြားမှာ စိတ်မအီမသာ ဖြစ်နေကြမယ်လို့ ထင်ပါတယ်။ အဲ့ဒီ စိတ်မအီမသာမှုကို ကျနော်ကိုယ်တိုင်လည်း ခံစားနေရပါတယ်။ မြန်မာနိုင်ငံမှာ “နိုင်ငံကူးလက်မှတ်” ကို ခရီးသွားရည်ရွယ်ချက်နဲ့ သွားရောက်လုပ်ကိုင်မယ့် အခြေအနေပေါ်မူတည်ပြီး အမျိုးအစားခွဲခြားထားပါတယ်။ မြန်မာနိုင်ငံရဲ့ Passport စာအုပ်က ကာဗာအနီရောင်ဖြစ်ပြီး အမျိုးအစားတွေကတော့ -• အလည်အပတ်ဆိုရင် Passport for Visit...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

ရွာငံမြို့နယ် နေရပ်ပြန် စစ်ရှောင်များ နေထိုင်ပြန်သော်လည်း နေထိုင်စရာခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ကျေးရွာမှ နေရပ်ပြန် စစ်ဘေးရှောင်များသည် နေအိမ်များ ပြန်လည်မဆောက်နိုင်သေးပဲ မိုးကာတဲများဖြင့် နေထိုင်နေရကြောင်း သတင်းရရှိသည်။ မင်းပလောင်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်တွင် စစ်ကောင်စီမှ စစ်ကြောင်း ထိုးဝင်ရောက်ပြီး ရွာလုံးကျွတ်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့ မီးရှို့ခံရသောကြောင့် မင်းပလောင် ကျေးရွာမှ စစ်ဘေးရှောင်...

မြန်မာပြည်မှာ မီးမလာလည်း အာကာသမှာ မီးလင်းစေရမယ်

0
မြန်မာပြည်သူတွေ လျှပ်စစ်မီးမှန်မှန်မရလို့ ဖယောင်းတိုင် တွန်းနေရတဲ့ဒုက္ခကို အသုံးသတ်ဖို့အတွက် အစိုးရက အဖြေရှာလိုက်ပါပြီ။ အဲ့ဒါကတော့ မြေကြီးပေါ်မှာ မီးမပေးနိုင်ရင် အာကာသထဲကို သွားကြည့်ဖို့ပါပဲ။ လာမယ့် ၂၀၂၈ ခုနှစ်မှာ မြန်မာအာကာသယာဉ်မှူးတစ်ယောက်ကို အာကာသထဲ လွှတ်တင်တော့မယ်လို့ သမ္မတရုံး ပြောခွင့်ရ ဒေါက်တာခိုင်ခိုင်စိုးက သတင်းကောင်း ပါးလိုက်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်ကနေ...