မိုးကုတ်မြို့ စစ်ကော်မရှင်က ဗုံးထပ်ကြဲ၊ ကလေးအပါအဝင် အရပ်သား ၃ ဦးသေဆုံး

တအာင်း (ပလောင် ) အမျိုးသားများလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသော မိုးကုတ်မြို့အရှေ့ပိုင်း လူနေရပ်ကွက်ကို စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကလေးအပါအဝင် အရပ်သား ၃ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

ယနေ့ (သြဂုတ် ၁၇ ) ရက် နံနက် ၉ နာရီအချိန်တွင် မိုးကုတ်မြို့အရှေ့ပိုင်း စီးပွားရေးဘဏ်နှင့် ပတ္တမြားငမောက် တည်းခိုးခန်းအနီးကို စစ်ကော်မရှင်က ဂျက်ဖိုက်တာဖြင့် ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း မြို့ခံတစ်ဦးက ပြောသည်။

အဆိုပါဗုံးပေါက်ကွဲမှုကြောင့် လမ်းသွားလမ်းလာ ဂေါ်ရခါး ပြည်သူ ၁ ဦး၊ ကလေး ၁ ဦးနှင့် လူငယ် ၁ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

ပြီးခဲ့သည့် သြဂုတ် ၁၄ ရက် ညပိုင်းတွင်လည်း မိုးကုတ်မြို့အရှေ့ပိုင်း ရွေကူရပ်ကွက် လင်းရောင်ခြည် ဘုန်းကြီးကျောင်းကို စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်ခဲ့၍ ပြည်သူ ၂၁ ဦး သေဆုံးပြီး၊ ၇ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။

စစ်ကော်မရှင်သည် ယခုလအတွင်းမှာပင် မိုးကုတ်မြို့ကို လေကြောင်းဖြင့် ၃ ကြိမ် တိုက်ခိုက်ခဲ့ပြီဖြစ်ကြောင်း TNLA က ဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကွတ်ခိုင်တက်မည့် ကုန်တင်ကားများကို သိန္နီတိုးဂိတ်တွင် MNDAA ဖြတ်သန်းခွင့်ပိတ်ထား

0
သျှမ်းပြည် သိန္နီမြို့ရှိ အေးရှားဝေါလ်တိုးဂိတ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ ကွတ်ခိုင်မြို့ဘက် သွားရောက်မည့် ကုန်တင်ကားများကို ဖြတ်သန်းသွားလာခွင့် ပိတ်ထားကြောင်း စုံစမ်းသိရသည်။ သိန္နီနှင့် ကွတ်ခိုင်မြို့နယ်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ကြား တစ်လနီးပါးကြာ ဖြစ်ပွားနေသည့် ပဋိပက္ခများ ပြေလည်မှု...

ကွတ်ခိုင်တွင် TNLA နှင့် MNDAA စစ်ရေးတင်းမာမှု ဆက်ရှိနေ၊ ပစ်ခတ်မှုထပ်မံဖြစ်ပွားခဲ့

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA အကြား စစ်ရေးတင်းမာမှု ဆက်ရှိနေပြီး ပစ်ခတ်မှု ထပ်မံဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ TNLA နှင့် MNDAA ပူးတွဲထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့နယ်တွင် နှစ်ဘက်တပ်ဖွဲ့ကြား မဟာမိတ်အချင်းချင်း စစ်ရေးတင်းမာမှု ဆက်ရှိနေပြီး မတ်လ (၂)...

TNLA နှင့် MNDAA တပ်ပြဿနာကို လူထုအပေါ် ဦးတည်တိုက်ခိုက်မှု မပြုလုပ်ရန် တအာင်းအရပ်ဖက်အဖွဲ့များ တောင်းဆို

0
သျှမ်းပြည် ကွတ်ခိုင်မြို့နှင့် သိန္နီမြို့နယ်တို့တွင် ဖြစ်ပွားနေသည့် TNLA နှင့် MNDAA မဟာမိတ်တပ်ဖွဲ့ချင်း ပြဿနာကို လူထုအပေါ် ဦးတည်တိုက်ခိုက်မှု မပြုလုပ်ရန် တအာင်း(ပလောင်) အရပ်ဖက်အဖွဲ့အစည်းများမှ တောင်းဆိုလိုက်သည်။ ဖေဖော်ဝါရီလ ၁၃ ရက်မှ စတင်ပြီး ကွတ်ခိုင်မြို့နှင့် သိန္နီမြို့နယ်တွင် တစ်ပတ်ကျော်ကြာ ဖြစ်ပွားနေသည့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော်...

TNLA နှင့် MNDAA အပြန်အလှန် ဖမ်းဆီးမှုပြုလုပ်နေ

0
သျှမ်းပြည် သိန္နီမြို့နယ် မိုင်းပါးကျေးရွာအုပ်စုတွင် တပ်စွဲထားသည့် TNLA တပ်သား ၅၀ ခန့်ကို ကိုးကန့်တပ်ဖွဲ့ MNDAA မှ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး လားရှိုးမြို့ဘက် ကားတင်ပို့ဆောင်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၁၇ ရက်) ည ၆ နာရီခန့်တွင် သိန္နီမြို့နယ် မိုင်းပါးကျေးရွာအုပ်စုတွင်...

နမ့်ခမ်းမြို့တွင် လျှပ်စစ်မီတာခ အဆမတန် မြင့်တက်လာခြင်းကြောင့် ဒေသခံအခက်တွေ့

0
သျှမ်းပြည်မြောက်ပိုင်း TNLA ထိန်းချုပ်ထားသော နမ့်ခမ်းမြို့တွင် လျှပ်စစ်မီတာခ ပုံမှန်ထက် သုံးဆနီးပါးခန့် ကုန်ကျနေခြင်းကြောင့် ဒေသခံများ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ပေါ် ရပ်ကွက်များတွင် ယခုနှစ် ဇန်နဝါရီလအတွက် လျှပ်စစ်မီတာခ နှုန်းထားများကို အမှန်တကယ် ကုန်ကျသင့်သည်ထက် သုံးဆနီးပါးခန့်...