မိုးကုတ်တွင် ဂေါ်ရခါးလူမျိုးများကို TNLA တပ်သားသစ်စုဆောင်းနေ

တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့တွင် ဂေါ်ရခါးလူမျိုးများကို တပ်သားသစ် စုဆောင်းနေကြောင်း သတင်းသိရသည်။

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် ဒုစရိုက်မှုများကြောင့် လုံခြုံရေး ခြိမ်းခြောက်ခံနေရသော မိုးကုတ်မြို့တွင် မြို့ကာကွယ်ရန်အတွက် တစ်ရပ်ကွက် ၃ ဦး စစ်မှုထမ်းရန် မတ်လကတည်းက TNLA ဘက်က ဂေါ်ရခါးလူမျိုးများကို အစည်းအဝေးခေါ်ယူပြီး ပြောကြားခဲ့ကြောင်း မြို့ခံများက ပြောသည်။

သို့သော် TNLA ထံ စစ်မှုထမ်းရန် မိုးကုတ်မြို့ခံ ဂေါ်ရခါးလူမျိုးများက ကန့်ကွက်ခဲ့ပြီးနောက် TNLA ဘက်မှ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအတွင်း ဝင်ရောက်ဖမ်းဆီးခြင်း၊ လမ်းသွားလမ်းလာ ဂေါ်ရခါးလူမျိုးများကို ဖမ်းဆီးခေါ်ဆောင်သွားခြင်း ပြုလုပ်နေကြောင်း မိုးကုတ်မြို့ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တစ်အိမ်ကို သား ၃ ယောက်ရှိရင် ၁ ယောက်ပေးရမယ်၊ ရပ်ကွက် တစ်ခုကို ၃ ယောက် ပေးရမယ်လို့ ပြောတယ်။ ဒါပေမယ့် မိုးကုတ်က ဂေါ်ရခါးလူမျိုး အများစုတွေက (ပကဖ)နဲ့ တခြားတော်လှန်ရေးအဖွဲ့တွေထဲမှာလည်း ရှိတယ်။ အခုလည်း အိမ်ထောင်စုစာရင်းတွေ ထပ်ခိုင်းတာ၊ ဂေါ်ရခါးလူမျိုးတွေက မပေးတော့ အခုလိုဖမ်းပြတာ”ဟု မိုးကုတ်မြို့ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

မိုးကုတ်မြို့ကို ကာကွယ်ရန် ဂေါ်ရခါးလူမျိုးများကို TNLA က လူဦးရေ ၁,၀၀၀ ခန့် တောင်းခံခဲ့ကြောင်း သိရပြီး ဂေါ်ရခါးလူမျိုးများက ကန့်ကွက်သောကြောင့် ယခုလို လိုက်လံဖမ်းဆီးပြီး အတင်းအကြပ် တပ်သားစုဆောင်းနေကြောင်း ၎င်းက ပြောသည်။

ပုံစာ – ၂၀၂၄ နိုဝင်ဘာလအတွင်း TNLA စစ်သင်တန်းဆင်းပွဲကို တွေ့ရစဉ် (ဓာတ်ပုံ – PSLF/TNLA)

၂၀၁၉ ခုနှစ် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ထုတ်ပြန်သော ဒေသဆိုင်ရာအချက်အလက်များအရ မိုးကုတ်မြို့နယ်အတွင်း အိန္ဒိယလူမျိုး ၉၉၅ ဦးနှင့် နီပေါလူမျိုး ၁၉၂၈၀ ဦး စုစုပေါင်း ၂၀,၀၀၀ ကျော်ရှိကြောင်း ဖော်ပြထားသည်။

“သူတို့ (TNLA) က ဂေါ်ရခါးတပ် တည်ထောင်ပေးဖို့ လုပ်နေတာ၊ ဂေါ်ရခါးလူမျိုးတွေကို တစ်အိမ် ၁ ယောက် စစ်မှုထမ်းဖို့ လိုက်ကောက်နေတယ်”ဟု မိုးကုတ်မြို့နယ်တွင် လှုပ်ရှားနေသော တော်လှန်ရေးတပ်ဖွဲ့တစ်ဦးကလည်း သျှမ်းသံတော်ဆင့်ကို အတည်ပြု ပြောဆိုသည်။

လက်ရှိတွင် မိုးကုတ်မြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာများရှိ ဂေါ်ရခါးလူငယ်များ သာမက လူကြီးများပါ ဖမ်းဆီးခံနေရကြောင်း အသက် (၂၀) ကျော် မိုးကုတ်မြို့ဒေသခံတစ်ဦးကလည်း ပြောသည်။

“မြို့ဝင်မြို့ထွက်တွေမှာ ဂေါ်ရခါးလူမျိုးတွေဆိုရင် ဖမ်းတယ်။ ယောက်ျားလေးဆိုရင်လည်း ဖမ်းတယ်၊ မိန်းကလေးဆိုလည်း ဖမ်းတယ်။ အခုက ဆက်တိုက်ဖမ်းနေတာ၊ ညပိုင်းဖမ်းတယ်။ အခုရွာတွေဘက်မှာလည်း ညသန်းခေါင် TNLA ဝင်လာပြီး ဂေါ်ရခါးလူမျိုးအိမ်တွေဝင်ပြီး သက်ကြီးရွယ်အိုတွေလည်း ဖမ်းသွားတယ်။ အရင်က ညှိလို့ရတယ်၊ အခုကတော့ ညှိလို့မရတော့ဘူး။ အကုန်လုံးကို စစ်သင်တန်းကျောင်းပို့မယ် ကြားတယ်” ဟု မိုးကုတ်ဒေသခံ ၎င်းလူငယ်က ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၀ ရက်တွင်လည်း မိုးကုတ်မြို့ ကျောက်ဖားဂိတ်တွင် ဂေါ်ရခါးလူမျိုး လူငယ်လူလတ် ၁၅ ဦးကို TNLA က ဖမ်းဆီးခဲ့သလို၊ ဇူလိုင် ၃၀ ရက်တွင်လည်း မိုးကုတ်မြို့ ရေပူရပ်ကွက်တွင် ဂေါ်ရခါးလူမျိုး လူငယ် ၇ ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

အလားတူ ဇူလိုင် ၃၁ ရက်နေ့တွင် မိုးကုတ်မြို့ တောင်ကချင်ရပ်ကွက်တွင် အသက် ၅၀ အရွယ် လူကြီးပိုင်း ၃ ဦးကိုလည်း TNLA က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“အခုချိန်ထိ ဖမ်းခံရတဲ့သူတွေက ရာနဲ့ချီရှိတယ်လို့ ခန့်မှန်းလို့ရတယ်။ ဒီနေ့ဆိုရင်လည်း မိုးကုတ်-မန္တလေး လမ်းမကြီးပေါ်က ခရီးသည်တချို့လည်း ဖမ်းထားတယ်ကြားတယ်။ အဓိကတော့ သူတို့ ဆွေးနွေးလို့ မရဘူးဆိုရင် ရပ်ကွက်တွေ၊ သွားသွားလာလာ လုပ်တဲ့နေရာတွေမှာ ဖမ်းတာ။ အဲ့တာကြောင့် ဂေါ်ရခါးလူငယ်တွေက ဘယ်မှမသွားရဲဘူး” ဟု အသက် (၂၀) ကျော် မိုးကုတ်မြို့ဒေသခံတစ်ဦးက ထပ်လောင်းပြောသည်။

မိုးကုတ်မြို့ခံ ဂေါ်ရခါး လူမျိုးများကို အတင်းအကြပ် တပ်သားစုဆောင်းခြင်းနှင့် ပတ်သက်၍ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ၏ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ခဲ့သော်လည်း လက်ရှိအချိန်ထိ ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

သို့သော် TNLA အနေဖြင့် မိုးကုတ်မြို့ရှိ ဂေါ်ရခါးလူမျိုးများကို အတင်းအကြပ် တပ်သားစုဆောင်းခြင်း မရှိသကဲ့သို့ ဒေသခံများအနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်မည်ဆိုပါက ကြိုဆိုကြောင်း ပြီးခဲ့သော သြဂုတ် ၅ ရက်နေ့က ကျင်းပခဲ့သည့် TNLA သတင်းစာရှင်းလင်းပွဲတွင် လွေးယေဦးက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်လလယ်တွင် နောင်ချိုမြို့ကို လက်လွတ်ဆုံးရှုံးခဲ့ရသည့် TNLA အနေဖြင့် လက်ရှိတွင် လူအင်အားနည်းလာသောကြောင့် ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေဒေသများကို ကာကွယ်ရန်အတွက် ဒေသခံများကို အတင်းအကြပ် တပ်သားစုဆောင်းနေခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...