တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသော မိုးကုတ်မြို့ကို စစ်ကော်မရှင်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူရှိကြောင်း သိရသည်။
ယနေ့ (သြဂုတ်လ ၁၈ ရက်) ယနေ့ နေ့လည် ၃ နာရီကျော်အချိန်တွင် TNLA ထိန်းချုပ်ထား သော မိုးကုတ်မြို့ အနောက်ပိုင်း ကျပ်ပြင်ရပ် နာရီစင်အနီးကို စစ်ကော်မရှင်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း မိုးကုတ်မြို့ ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။
“သူတို့က လေယာဉ်နဲ့ နေ့တိုင်း ပတ်ကြဲနေတာ။ ပြီးရင် ပြည်သူတွေ ကလေးတွေပဲထိတယ်။အခုလည်း နှစ်လုံးလာကြဲသွားတယ်။ ပေါင်း ၂၅၀ ထင်တယ် ကျပ်ပြင်ဈေး နဲ့ နာရီစင်အနီးတဝိုက်ပဲ။ ထိခိုက်တာတော့ ၁ ယောက်ရှိတယ်ပြောတယ် သေချာမသိရသေးဘူး။”ဟု မိုးကုတ်မြို့ ဒေသခံ အမျိုးသမီးတစ်ဦးကပြောသည်။
ထိုမိုးကုတ်မြို့ကို ဂျက်ဖိုက်တာဖြင့် လေးကြောင်းဗုံးကြဲခံရခြင်းကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုကို သျှမ်းသံတော်ဆင့်မှ ဆက်လက်စုံစမ်းနေသည်။
အလားတူ ယမန်နေ့ ( သြဂုတ်လ ၁၇ ရက်)တွင်လည်း မိုးကုတ်မြို့အရှေ့ပိုင်း လူနေရပ်ကွက်ကို စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကလေးအပါအဝင် အရပ်သား ၃ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။
စစ်ကော်မရှင်သည် ယခုလအတွင်း မိုးကုတ်မြို့ကို လေကြောင်းဖြင့် ၄ ကြိမ် တိုက်ခိုက်ခဲ့ပြီဖြစ်ကြောင်း သိရသည်။












Leave a Comments