Thursday, May 9, 2024

SSPP

လောင်းကစားဖွင့်လှစ်ပါက ပိုင်ဆိုင်မှု သိမ်းမည်ဟု SSPP က ထုတ်ပြန်ထားသော်လည်း ဆက်ရှိနေဆဲ

ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် (SSPP/SSA) မှ လောင်းကစားဝိုင်များ ဖွင့်လှစ်ခြင်းသူများကို ပိုင်ဆိုင်မှု သိမ်းဆည်းမည်ဟု ထုတ်ပြန်ထားသော်လည်း လောင်းကစားဝိုင်းများသည် ယနေ့ထိ ဆက်လက်ရှိနေဆဲဟု စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ (၂၂) ရက်တွင် SSPP/ SSA တပ်ဖွဲ့၏ စိစစ်ရေးကော်မတီမှ လောင်းကစားဝိုင်းများ ဖွင့်လှစ်ပါက...

စေတနာ့ဝန်ထမ်း (သျှမ်း) ကျောင်းဆရာတဉီးအား သတင်းပေးဟုဆိုပြီး SSPP ဖမ်းဆီးထား

သျှမ်းပြည် သီပေါမြို့နယ် စိန်ကျော့ကျေးရွာအုပ်စုနေ သျှမ်းစာပေ သင်ကြားပေးနေသည့် စေတနာ့ဝန်ထမ်း ကျောင်းဆရာတစ်ဦးအား သတင်းပေးဟုဆိုကာ SSPP/SSA မှ ဖမ်းဆီးချုပ်နှောင်ထားကြောင်း စုံစမ်းသိရှိ ရသည်။ မတ်လ ၈ ရက်နေ့မှ ယနေ့အထိ ဖမ်းဆီးခြင်းခံထားရသည့် စိန်ကျော့ကျေးရွာအုပ်စု၊ ကုန်းညောင်ကျေးရွာနေ သျှမ်းဘာသာစာပေ စေတနာ့ဝန်ထမ်း ကျောင်းဆရာ စိုင်းဟန်ခေးအား လာရောက်တွေ့ဆုံရန်...

SSPP နှင့် မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့များ ပန်ဆန်းတွင် တွေ့ဆုံ ဆွေးနွေးနေ

ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA တပ်ဖွဲ့ နှင့် မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ဝင် တချို့တို့သည် “ဝ” တပ်ဖွဲ့ UWSA ထိန်းချုပ်ရာ ပန်ဆန်းမြို့တွင် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်နေကြောင်း သတင်းသိရသည်။ ယခု ရက်သတ္တပတ်အတွင်းတွင် သျှမ်းပြည် ပန်ဆန်းမြို့၌ ရှမ်းပြည်တိုးတက်ရေးတပ်မတော် SSPP နှင့် မြောက်ပိုင်း မဟာမိတ်...

မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို အကြောင်းပြပြီး တပ်ဆုတ်ခိုင်းခြင်း လက်မခံဟု SSPP ပြောဆို

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့ရှိ ဆနင်း နှင့် ဖောင်းဆိုင်ဒေသအတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ဆောင်မည်ကို အကြောင်းပြပြီး အဆိုပါ ဒေသအတွင်း လှုပ်ရှားနေသည့် တပ်များကို ဆုတ်ခွာပေးရန် စစ်ကောင်စီ၏ တောင်းဆိုမှုကို လက်မခံကြောင်း SSPP/SSA က တုံ့ပြန်ပြောဆိုသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၉ ရက်တွင် စစ်ကောင်စီ၏...

ဆနင်း – ဖောင်းဆိုင်ဒေသ SSPP တပ် ဆုတ်ခွာရန် စစ်ကောင်စီ ထပ်မံ အမိန့်ပေး

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့ အနောက်ဘက် ဆနင်း - ဖောင်းဆိုင် ဒေသရှိ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA တပ်ဖွဲ့များ တပ် ဆုတ်ခွာရန်အတွက် စစ်ကောင်စီဘက် မှ ထပ်မံ အမိန့်ပေး ထုတ်ပြန်လာကြောင်း သတင်းသိရသည်။ ဒီဇင်ဘာ ၁၉ ရက် မှ ၂၀၂၃ ခုနှစ်...

စစ်ကောင်စီ နဲ့ TNLA တို့ တိုက်ပွဲ ပြင်းထန်နေဆဲ

သျှမ်းပြည်မြောက်ပိုင်း စစ်ကောင်စီ နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့သည် ယနေ့ထိ တိုက်ပွဲပြင်းထန်လျက်ရှိပြီး စစ်ကောင်စီဘက်မှ စစ်အင်အား ဆက်လက်ဖြည့်တင်းနေကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ (၇) ရက်မှ ယနေ့ ဒီဇင်ဘာ (၁၂) ရက်ထိ နမ့်ဆန်မြို့နယ် ကုန်းသာကျေးရွာအနီး စစ်ကောင်စီ...

ရွှေလီမြစ်ဝှမ်း ဆက်ကြေး (အခွန်) ကောက်မှု လျှော့ချရန် လက်နက်ကိုင်တပ်ဖွဲ့များ တိုင်ပင်ဆွေးနွေးနေ

သျှမ်းပြည်မြောက်ပိုင်း ရွှေလီမြစ်ကမ်းတစ်လျှောက် ထုန့်မောဝ်ဒေသကို ဆက်ကြေး (အခွန်) ကောက်မှု လျှော့ပေါ့ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တို့မှ တိုင်ပင်ဆွေးနွေးနေကြောင်း သတင်းသိရသည်။ ထုန့်မောဝ်ဒေသ မူဆယ်မြို့၊ နမ့်ခမ်းမြို့ အပါအဝင် လားရှိုး - ကွတ်ခိုင် - မူဆယ် လမ်းပိုင်းမှ အခွန်ကောက်ယူ နေသည့် လက်နက်ကိုင်တပ်ဖွဲ့များသည်...

ပင်လုံတွင် ပိုက်ဆံချမ်းသာသည့် သူကိုပစ်မှတ်ထားပြီး ဖုန်းမှတဆင့် ခြိမ်းခြောက်ငွေတောင်း

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့တွင် ပိုက်ဆံချမ်းသာသည့် သူများကို ပစ်မှတ်ထားပြီး ဖုန်းမှတဆင့် ခြိမ်းခြောက်ငွေတောင်းယူမှုများ ဆက်တိုက် ပြုလုပ်လာနေကြောင်း သတင်းရရှိသည်။ ဖုန်းမှ တဆင့် ခြိမ်းခြောက်ခံရသည့် သူများမှာ စီးပွားရေးလုပ်ငန်းရှင်များ၊ အိမ်ဆောက်ပစ္စည်းဆိုင်ခန်း ဖွင့်လှစ်သူများနှင့် ပိုက်ဆံချမ်းသာသည့်သူများ ဖြစ်သည်။ ထိုသူများကို အမည်မသိ အဖွဲ့အစည်းတစ်ဖွဲ့က ဖုန်းမှတဆင့် “ ပိုက်ဆံမပေးရင် ဒေါ်ညိုလို...

မန္တလေး – မူဆယ် ကားလမ်းမကြား လက်နက်ကိုင်တပ်ဖွဲ့များ အဆမတန် အခွန်ကောက်

မန္တလေး - မူဆယ် ပြည်ထောင်စု ကားလမ်းမကြား လက်နက်ကိုင်တပ်ဖွဲ့များ အဆမတန်အခွန် ကောက်ခံနေခြင်းကြောင့် ကုန်တင်ကားကြီး မောင်းနှင်သူများ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ မန္တလေး မှ နမ့်ခမ်းသို့ ကုန်တင်သွားလာသည့် ကုန်တင်ကားကြီးများမှာ ၁၀၅ မိုင်တွင် စစ်ကောင်စီ၏ လက်အောက်ခံ ရဲတပ်ဖွဲ့၊ သစ်တော ဦးစီးဌာန...

နမ်ႉခမ်းမြို့နေ ပြည်သူများ အခွန်ပေးဆောင်မှုပျက်ကွက်ပါက အရေးယူမည်ဟု KIA ထုတ်ပြန်

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ရှိ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ရောက်ရှိ လှုပ်ရှားနယ်မြေအတွင်းနေ ဒေသခံ ပြည်သူများအနေဖြင့် အခွန်ဆက်ကြေး ပေးဆောင်မှု ပျက်ကွက်ပါက အရေးယူသွားမည်ဟု KIA ထုတ်ပြန် ထားသည်။ အဆိုပါ အခွန်ဆက်ကြေး ပေးဆောင်ရမည်မှာ KIA အမှတ် (၄) ၊ အမှတ် (၆)...

Latest news