SSPP
SNLD၊ SNDP၊ SSPP ခေါင်းဆောင်များအပြင် ပြည်သူ့စစ်ခေါင်းဆောင်များကို စစ်ကောင်စီ လူမှုထူးချွန်ဆုပေး
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP မှ ယခင်နှင့် လက်ရှိခေါင်းဆောင်များအပြင် သျှမ်းပြည်တွင်း ပြည်သူ့စစ်ခေါင်းဆောင်များကို စစ်ကောင်စီက လူမှုထူးချွန်ဆု ပေးအပ်လိုက်ကြောင်း သတင်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၄ ရက်)တွင် ကျရောက်သည့် (၇၇)...
ကျေးသီး ဒေသခံများကို ညဘက် အပြင်မထွက်ရန် SSPP သတိပေး
SHAN -
သျှမ်းပြည်တောင်ပိုင်း၊ ကျေးသီးမြို့နယ်ရှိ ကျေးရွာအချို့တွင် သျှမ်းပြည်လွတ်မြောက်ရေးပါတီ SSPP/SSA မှ မူးယစ်ဆေးသုံးစွဲနေသူကိုလိုက်လံ ဖမ်းဆီးနေပြီး၊ ပြည်သူများကို ညဘက် အပြင်မထွက်ရန် သတိပေးထားကြောင်း ဒေသခံများထံ စုံစမ်းသိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ မှစပြီး SSPP/SSA တပ်ဖွဲ့ မှ ည ၉ နာရီကျော်တွင် ဒေသခံများကို အသွားအလာမလုပ်ရန်...
SSPP ထံ စိန်ကျော့နှင့် မိုင်းခေးဌာနေပြည်သူ့စစ် လက်နက်အပြည့်အစုံဖြင့် ပြန်လည်ဝင်ရောက်လာ
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ထံသို့ စိန်ကျော့ပြည်သူ့စစ် ဉက္ကဋ္ဌ စဝ်လွယ်မောဝ် ခေါင်းဆောင်သည့် တပ်အင်အား အများအပြားသည် လက်နက်အပြည့်အစုံဖြင့် ပြန်လည်ပူးပေါင်းခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (စက်တင်ဘာလ ၅ ရက်) နံနက်ပိုင်းတွင် SSPP ဌာနချုပ် ဝမ်ဟိုင်းသို့ စိန်ကျော့ပြည်သူ့စစ်အဖွဲ့မှ ဥက္ကဋ္ဌ စဝ်လွယ်မောဝ် ဦးဆောင်ပြီး...
ပင်လုံ SSPP တပ်စခန်းနေရာကို စစ်ကောင်စီတပ် လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံးကြဲ
သျှမ်းပြည် လွိုင်လင်မြို့နယ် ပင်လုံမြို့အနီး ဆနင်းတောင်ကြောရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA တပ်စခန်းနေရာကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၇ ရက်) ညနေ ၃ နာရီခွဲကျော်တွင် ပင်လုံမြို့အနီး ဆနင်းတောင်ကြောပေါ် နားစင်းရွာ...
မဟာမိတ် အချင်းချင်းကြား နယ်မြေစိုးမိုးမှုအကွဲအပြဲ စတင်နေပြီလား
သျှမ်းမြောက်မှာ အွန်လိုင်းလောင်းကစားလိမ်လည်မှု ကျားဖြန့်ပပျောက်ရေး ရည်ရွယ်ချက်နဲ့ “၁၀၂၇ စစ်ဆင်ရေး”ကို ညီနောင်မဟာမိတ် (၃) ဖွဲ့က စတင်ခဲ့ရာ စစ်ကောင်စီတပ်စခန်းပေါင်း ၄၀၀ ကျော်ကို ထိုးစစ်ဆင် တိုက်ခိုက်နိုင်ခဲ့ပြီး မြို့ပေါင်း ၂၀ နီးပါးကို သိမ်းပိုက်ထိန်းချုပ် နိုင်ခဲ့ပါတယ်။ စစ်ဆင်ရေးကို ၃ လနီးပါး ဆင်နွှဲခဲ့ပြီးနောက်မှာတော့ တရုတ်ရဲ့...
မူဆယ် SSPP/SSA က ဒုစရိုက်မှုလုပ်ကိုင်နေသူများကို သတိပေး၊ လူမျိုးဘာသာမရွေး တားဆီးနှိမ်နှင်းမည်ဟုဆို
သျှမ်းပြည် မူဆယ်မြို့နယ်တွင် ဒုစရိုက်လုပ်ငန်း လုပ်ကိုင်နေသူများကို ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) က သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဧပြီလ ၂၈ ရက်) တွင် မူဆယ်မြို့နယ်ရှိ SSPP/SSA တပ်ဖွဲ့၏ ရွှေလီဒေသ ကွပ်ကဲရေးတပ်မ (၉၈၉) မှ ပြန်ပေးဆွဲခြင်း၊ လူသတ်လုယက်မှုနှင့်...
ကျေးသီးမြို့နယ် စစ်ကောင်စီအဖွဲ့ ပြည်သူ့စစ်လုပ်ရန် ဆင့်ခေါ်နေ
သျှမ်းပြည် ကျေးသီးမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ မြို့နယ်အုပ်ချုပ်ရေးမှူးက SSPP ဌာနချုပ်အနီးရှိ ကျေးရွာများတွင် နေထိုင်သူများကို ပြည်သူ့စစ်လုပ်ရန် ဆင့်ခေါ်နေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၁၂ ရက်)မှ စတင်ပြီး ကျေးသီးမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထူးထက် သည် ရပ်ကျေးစာရေးများမှတဆင့် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများသို့...
NUG ထံ သဝဏ်လွှာပို့သည့် SSPP နှင့် ဖက်ဒရယ်အခြေခံဥပဒေ ထုတ်ပြန်လာသည့် SNLD ပါတီ
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထံသို့ ပြည်ထောင်စုနေ့ အထိမ်းအမှတ် သဝဏ်လွှာကို ပထမဆုံးအကြိမ် ပေးပို့ခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဖေဖော်ဝါရီ ၁၂ ရက်)တွင် ကျရောက်သည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA)၊ ချင်းအမျိုးသားတပ်ဦး...
စစ်ရေးပြင်းထန်နေသည့်ကြားက ကျင်းပခဲ့သည့် (၇၇)နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့
သျှမ်းပြည်တဝှမ်းတွင် စစ်ရေးပြင်းထန်နေသည့်ကြားက (၇၇)နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့ကို မြို့နယ်အချို့တွင် ကျင်းပခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဖေဖော်ဝါရီ ၇ ရက်)တွင် ကျရောက်သည့် (၇၇)နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် ညီနောင်မဟာမိတ်တပ်များ၏ ဝိုင်းရံပိတ်ဆို့ခြင်း ခံထားရသည့် မူဆယ်မြို့တွင် လူငယ်အဖွဲ့များမှ ဦးဆောင်ပြီး လူငယ်နှင့် ကလေးများအတွက် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း...
ဆီဆိုင်မြို့ကို PNLOနှင့် KNDF၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ စတင်ဝင်တိုက်
သျှမ်းပြည် ဆီဆိုင်မြို့ရှိ လမ်းမပေါ်ရှိ စစ်ကောင်စီဂိတ်များကို ပအိုဝ်းအမျိုးသားများ လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)နှင့် ကရင်နီအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့KNDF၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ စတင်ထိုးစစ်ဆင် တိုက်ခိုက်၍ မြို့တွင်းတိုက်ပွဲဖြစ်ပွားနေကြောင်း ဆီဆိုင်ဒေသခံများပြောပြချက်အရသိရသည်။ ယနေ့ (ဇန်နဝါရီလ ၂၄ ရက်) နံနက်အစောပိုင်းအချိန်မှစ၍ ဆီဆိုင်မြို့၏ တောင်ဘက် (၃) မိုင်ခန့်ဝေးသော...





