Tuesday, January 27, 2026

SSPP

SSPP နှင့် အငြင်းပွားမှုနယ်မြေအတွင်း အုပ်ချုပ်ရေးချမှတ်ခြင်း မပြုလုပ်ရန် MNDAA သဘောတူ

ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့အကြား နယ်မြေအငြင်းပွားမှု ဒေသအတွင်း MNDAA ဘက်မှ တပ်သားသစ်စုဆောင်းခြင်းနှင့် အုပ်ချုပ်ရေးချမှတ်ခြင်း မပြုလုပ်ရန် သဘောတူခဲ့ကြောင်း စုံစမ်းသိရသည်။ ဇွန်လ (၁၇) ရက်တွင် လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအနီး သံလွင်ကျေးရွာတွင် SSPP နှင့် MNDAA...

ကျားဖြန့်လုပ်ငန်းနှင့် လက်နက်ရောင်းဝယ်မှုတို့ကို မပတ်သက်ရန် SSPP အမိန့်စာထပ်ထုတ်

ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ထိန်းချုပ်နယ်မြေအတွင်း ကျားဖြန့်လုပ်ငန်းနှင့် လက်နက်ရောင်းဝယ်မှုတို့ကို မပတ်သက်ရန် အောက်ခြေတပ်သားများကို အမိန့်စာ ထပ်မံထုတ်ပြန်လိုက်သည်။ ယနေ့ (ဇွန်လ ၁၀ ရက်) နေ့စွဲဖြင့် ထုတ်ပြန်လာသည့် အမိန့်စာတွင် SSPP ထိန်းချုပ်နယ်မြေအတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားခြင်းနှင့် သိုလှောင်ခြင်း မပြုလုပ်ရန်၊ လက်နက်ခဲယမ်းများ ခိုးကြောင်ခိုးဝှက်...

လားရှိုး တိုက်ပွဲအတွင်း MNDAA တပ်သား ၈ ဦးကျဆုံးဟု SSPP ပြော၊ တစ်ရက်တည်း တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့

သျှမ်းပြည် လားရှိုးမြို့နယ်တွင် SSPP/SSA နှင့် MNDAA တို့အကြား တစ်ရက်တည်း ထိတွေ့တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး MNDAA တပ်သား ၈ ဦး ကျဆုံးကြောင်း SSPP ဘက်မှ ထုတ်ပြန်ခဲ့သည်။ ယမန်နေ့ (ဇွန်လ ၁ ရက်) နေ့လယ် ၂ နာရီကျော်မှ စတင်ပြီး...

လားရှိုးမြို့နယ်အတွင်း SSPP နှင့် MNDAA အကြား တစ်လကြာပြီးနောက် တိုက်ပွဲပြန်ဖြစ်

သျှမ်းပြည် လားရှိုးမြို့နယ်အတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့အကြား တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇွန်လ ၁ ရက်) နေ့လယ် ၂ နာရီကျော်အချိန်တွင် လားရှိုးမြို့နယ် ဟန်နားကျေးရွာအုပ်စု နမ့်လုတ်ရွာအနီးတွင် သျှမ်းတပ် SSPP/SSA နှင့် ကိုးကန့်တပ်ဖွဲ့...

တန့်ယန်းမြို့နယ် UWSA (၁၇၁) စစ်ဒေသအောက်ရှိ တပ်မဟာ (၇၁၃) တပ်သားသစ်စုဆောင်း

သျှမ်းပြည် တန့်ယန်းမြို့နယ်တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ၏ (၁၇၁) စစ်ဒေသအောက် အသစ်ဖွဲ့စည်းထားသည့် တပ်မဟာ (၇၁၃) အတွက် တပ်သားသစ် စုဆောင်းနေကြောင်း စုံစမ်းသိရသည်။ မေလဆန်းပိုင်းမှ စတင်၍ တန့်ယန်းမြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အားလုံးမှ အုပ်ချုပ်ရေး တာဝန်ရှိသူများကို ‘ဝ’တပ်ဖွဲ့ UWSA ၏...

ပစ်ခတ်ခံရမှုကြောင့် ကျပ်သိန်း ၅၀ လျော်ကြေးတောင်းဆိုမှု SSPP ငြင်းဆို

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် နောင်လောင်းကျေးရွာအုပ်စုအတွင်း မူးယစ်ဆေးသုံးစွဲသူများ ရှင်းလင်းစဉ် ပစ်ခတ်မှုမှာ နစ်နာသူဘက်မှ လျော်ကြေး ကျပ်သိန်း ၅၀ တောင်းဆိုမှုအား SSPP ဘက်မှ ငြင်းပယ်ထား ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သော မေလ(၁၀) ရက် မူဆယ်မြို့နယ် နမ့်စန့်ရွာတွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) မှ နယ်မြေလိုက်လံစစ်ဆေးချိန်...

သီပေါမြို့နယ်ထဲ MNDAA အင်အားထပ်ဖြည့်နေဟု SSPP ပြော၊ စစ်ရေးတင်းမာမှုကို နှစ်ဘက်ဗဟိုအဆင့် တွေ့ဆုံဖြေရှင်းမည်ဟုဆို

ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့အကြား ဖြစ်ပွားနေသည့် စစ်ရေးထိတွေ့မှု၊ စစ်ရေးတင်းမာမှုနှင့် ပတ်သက်၍ နှစ်ပါတီ ဗဟိုအဆင့် တွေ့ဆုံဖြေရှင်းသွားမည်ဖြစ်ကြောင်း SSPP ဘက်မှ ထုတ်ပြန်လိုက်သည်။ ဧပြီလ ၂၈-၂၉ ရက်အတွင်း SSPP/SSA နှင့် MNDJP/MNDAA တို့ စစ်ရေးထိတွေ့မှု...

Sky Villa ကွန်ဒိုပြိုကျမှုအတွင်း ကွယ်လွန်ခဲ့သည့် သီပေါစစ်ဘေးရှောင် မိသားစုအတွက် SSPP ဌာနချုပ်တွင် ရေစက်ချအမျှဝေ

မတ်လ ၂၈ ရက်တွင် စစ်ကိုင်းပြတ်ရွေ့ ငလျင်ကြောင့် မန္တလေးမြို့ရှိ Sky Villa ကွန်ဒိုပြိုကျမှုအတွင်း သီပေါမြို့မှ စစ်ဘေးတိမ်းရှောင်သွားသော SSPP မှ စဝ်လွယ်မောဝ်၏ ဆွေမျိုးများဖြစ်သည့် သားသမီး၊ မြေးမြစ်များ အမျိုးသမီး (၄) ဦးနှင့် ကလေး (၅) ဦး အပါအဝင်...

စစ်ကျန်လက်နက် ရှာကောက်ပြီး ဝမ်းရေးဖြေရှင်းနေရသည့် “၁၀၂၇ စစ်ဆင်ရေး”နယ်မြေက ပြည်သူများ

သျှမ်းပြည်မြောက်ပိုင်းရှိ “၁၀၂၇ စစ်ဆင်ရေး” ဖြစ်ပွားခဲ့သော သီပေါနှင့် သိန္နီမြို့နယ်ရှိ ပြည်သူများသည် စစ်လက်နက် အကြွင်းအကျန်များကို ရှာဖွေကောက်ယူပြီး ပြန်လည်ရောင်းချကာ မိသားစု ဝမ်းရေးအတွက် ဖြေရှင်းနေရကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသော သီပေါမြို့နယ်ရှိ ပြည်သူများသည် လက်ရှိအချိန်တွင် စားဝတ်နေရေးအတွက် အခက်အခဲများ ဖြစ်ပွားနေသဖြင့်...

မိုင်းကိုင်မြို့နယ် ဆားတောဒေသခံ ရှော့တိုက်မိုင်းအန္တရာယ်ကြောင့် ကျေးရွာအတွင်း မနေရဲ

သျှမ်းပြည် မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စု ဆားတောကျေးရွာမှ ဒေသခံများသည် သျှမ်းတပ်နှစ်တပ်အကြား ရှော့တိုက်မိုင်းအန္တရာယ်ကြောင့် ကျေးရွာအတွင်း မနေရဲကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီ လဆန်းပိုင်းမှ စတင်ပြီး မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စုရှိ ဆားတောကျေးရွာမှ ဒေသခံများသည် သျှမ်းတပ်နှစ်တပ်အကြား ထောင်ထားသည့် မိုင်းပေါက်ကွဲပါက သူကြီးနှင့် ရွာသားများ ခေါ်ယူစစ်ဆေးခံရခြင်းကြောင့် ရှော့တိုက်မိုင်းအန္တရာယ် စိုးရိမ်ကာ...

Latest news