ကျောက်မဲမြို့နယ် နောင်ပိန်ရွာအနီး စစ်ကော်မရှင် ဒရုန်းထပ်မံကြဲ၊ အရပ်သားတစ်ဉီးသေ

သျှမ်းပြည် ကျောက်မဲမြို့နယ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ထိန်းချုပ်ထားသည့် နောင်ပိန်ကျေးရွာအနီးတဝိုက်ကို စစ်ကော်မရှင်က ဒရုန်းဖြင့် ထပ်မံ ဗုံးကြဲတိုက်ခိုက်သဖြင့် အရပ်သားတစ်ဦး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဩဂုတ်လ ၁၈ ရက်) နေ့လယ် ၁၂ နာရီခန့်မှ စတင်ပြီး နောင်ချိုစစ်ကောင်စီတပ်သည် ဂုတ်ထိပ်တဖက်ကမ်းရှိ ကျောက်မဲမြို့နယ် SSPP/SSA ထိန်းချုပ်ထားသည့် နောင်ပိန်အနီးတဝိုက်ရှိ လုံကြိမ်၊ ကျောင်းကုန်းနှင့် ပင်တိန်ကျေးရွာတို့ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားတစ်ဦး ထိမှန်သေဆုံးခဲ့ကြောင်း နောင်ပိန်ဒေသခံများက ပြောသည်။

“ရွာဘေးပတ်လည်မှာ ဗုံးသီးတွေ ကျတယ်။ ဒရုန်းဗုံးတွေ ပင်တိန်အရှေ့ဘက် နှစ်လုံး၊ ကျောင်းကုန်းမှာက ရွာထဲ တစ်လုံးကျလို့ တစ်ယောက်သေတယ်။ ၁၂ နာရီလောက်ကနေ ခြားပြီး ပစ်နေတာ။ အဲ့လိုဖြစ်ပြီးသွားရင် ရွာထဲမှာ ရှောင်ပြေးကြပါလေရော”ဟု နောင်ပိန်ဒေသခံ အသက် (၂၀) ကျော်အရွယ် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်အတွင်း SSPP/SSA မှ ထိန်းချုပ်ထားသော်လည်း ဇူလိုင်လ နောက်ဆုံးပတ်မှ စတင်ပြီး ဂုတ်ထိပ်တဖက်ကမ်းရှိ နောင်ချိုစစ်ကောင်စီတပ်မှ နောင်ပိန်ကျေးရွာ လူနေရပ်ကွက်ထဲနှင့် ပြည်ထောင်စုလမ်းမကြီးအနီး ကျေးရွာများသို့ နေ့စဉ်နီးပါး လက်နက်ကြီးနှင့် ဒရုန်းဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်လာကြောင်း ဒေသခံများက ပြောသည်။

ပုံစာ – နောင်ပိန်တိုက်နယ် ဇီးပင်စခန်းရွာကို စစ်ကော်မရှင် လေကြောင်းဗုံးကြဲပြီးနောက် နေအိမ်ပျက်စီးမှု (ဓာတ်ပုံ-ဒေသခံ)

ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်ကလည်း ကျောက်မဲမြို့နယ် ပင်ပေါ၊ ဇီးပင်စခန်းရွာသို့ စစ်ကောင်စီတပ်မှ ပေါင် ၂၅၀ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် နေအိမ်(၁၀) လုံးခန့် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်သည် ဇူလိုင်လအတွင်း နောင်ချိုမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီးနောက် ဂုတ်ထိပ်တဖက်ကမ်းရှိ ကျေးရွာများကို လက်နက်ကြီး၊ ဒရုန်းနှင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လာခြင်းကြောင့် နောင်ပိန်တိုက်နယ်အတွင်း ကိုရင်တစ်ပါး အပါအဝင် ဒေသခံနှင့် စစ်ဘေးရှောင် (၅) ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

သီပေါတွင် အသက်၁၄နှစ် ညီမဝမ်းကွဲအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူကို SSPP သေဒဏ်ပေး

0
သျှမ်းပြည် သီပေါမြို့နယ်တွင် အသက်(၁၄) နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးအား ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တရားရုံးတစ်ခုမှ သေဒဏ်ပေးကာ ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၄) ရက် နေ့လယ်ပိုင်းတွင် သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာရှိ အသက်(၂၄) နှစ်အရွယ်ရှိ...

“နိုင်ငံကူးပတ်စ်ပို့ဂယက် ကြားက သောက”

0
ယခုရက်ပိုင်း မြန်မာနိုင်ငံကူးလက်မှတ် (Passport) ကို ကိုင်ဆောင်ပြီး ပြည်ပမှာ ရွှေ့ပြောင်းနေထိုင် နေကြတဲ့သူတွေ ကြားမှာ စိတ်မအီမသာ ဖြစ်နေကြမယ်လို့ ထင်ပါတယ်။ အဲ့ဒီ စိတ်မအီမသာမှုကို ကျနော်ကိုယ်တိုင်လည်း ခံစားနေရပါတယ်။ မြန်မာနိုင်ငံမှာ “နိုင်ငံကူးလက်မှတ်” ကို ခရီးသွားရည်ရွယ်ချက်နဲ့ သွားရောက်လုပ်ကိုင်မယ့် အခြေအနေပေါ်မူတည်ပြီး အမျိုးအစားခွဲခြားထားပါတယ်။ မြန်မာနိုင်ငံရဲ့ Passport စာအုပ်က ကာဗာအနီရောင်ဖြစ်ပြီး အမျိုးအစားတွေကတော့ -• အလည်အပတ်ဆိုရင် Passport for Visit...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

ရွာငံမြို့နယ် နေရပ်ပြန် စစ်ရှောင်များ နေထိုင်ပြန်သော်လည်း နေထိုင်စရာခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ကျေးရွာမှ နေရပ်ပြန် စစ်ဘေးရှောင်များသည် နေအိမ်များ ပြန်လည်မဆောက်နိုင်သေးပဲ မိုးကာတဲများဖြင့် နေထိုင်နေရကြောင်း သတင်းရရှိသည်။ မင်းပလောင်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်တွင် စစ်ကောင်စီမှ စစ်ကြောင်း ထိုးဝင်ရောက်ပြီး ရွာလုံးကျွတ်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့ မီးရှို့ခံရသောကြောင့် မင်းပလောင် ကျေးရွာမှ စစ်ဘေးရှောင်...