ကျောက်မဲမြို့နယ်ထဲ စစ်တပ် လေကြောင်းဗုံးထပ်ကြဲ၊ SSPP တပ်စခန်းအနီး ကျရောက်ပေါက်ကွဲ

သျှမ်းပြည် ကျောက်မဲမြို့နယ်ထဲသို့ စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ရာ SSPP တပ်စခန်းအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (အောက်တိုဘာ ၁၁ ရက်) နေ့လယ် ၁ နာရီခွဲကျော်တွင် ကျောက်မဲမြို့နယ်အတွင်းရှိ တော့ဆန်ကျေးရွာသို့ စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ဗုံး(၂)လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်စခန်းအနီး ဗုံးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး အခြားဗုံးတစ်လုံးမှာ ကျေးရွာထဲ ပေါက်ကွဲခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

“တော့ဆန်မှာ လေယာဉ်နဲ့ဗုံးကြဲတာ နှစ်လုံး၊ SSPP စခန်းနား တစ်လုံးကျတယ်။ နောက်ပြီး ရွာထဲတစ်လုံးကျတာ ကလေးတစ်ယောက် ဒဏ်ရာရတယ်လို့ ပြောတယ်။ တခြားထိခိုက်တာတော့ မကြားသေးဘူး”ဟု ကျောက်မဲမြို့နယ်မှ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ လေကြောင်းဗုံးကြဲခံရမှုအတွင်း တော့ဆန်ကျေးရွာထဲမှ ကလေးတစ်ဦး ထိခိုက်ဒဏ်ရရှိခဲ့ကြောင်း သိရသော်လည်း SSPP တပ်စခန်းအနီး ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် တပ်သားထိခိုက်ဒဏ်ရာရမှု ရှိ/မရှိကို မေးမြန်းနိုင်ရန် သျှမ်းသံတော်ဆင့်မှ SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်ထံ ဆက်သွယ်ခဲ့သော်လည်း ဖုန်းစက်ပိတ်ထားသည်။

ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာ လေကြောင်းဗုံးကြဲခံရမှုကြောင့် ပြည်သူနေအိမ် (၂) လုံးနှင့် ဘုန်းကြီးကျောင်းရှိ ဇရပ် ထိခိုက်ပျက်စီးခဲ့ပြီး စစ်ကော်မရှင်တပ် ပစ်ခတ်တိုက်ခိုက်ခဲ့သော ပေါင် (၂၅၀) ဗုံးနှစ်လုံးသည် တော့ဆန်ရွာမ ကျေးရွာအတွင်း တစ်လုံးနှင့် ရွာအနီးရှိ လွယ်ရင်တောင်တွင် တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှ ယနေ့နံနက်ပိုင်းတွင် သတင်းထုတ်ပြန်သည်။

ယခုဗုံးကြဲခံရသည့် တော့ဆန်ကျေးရွာသည် စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် ကျောက်မဲမြို့နှင့် အနောက်ဘက် မိုင် ၄၀ ခန့် ကွာဝေးပြီး TNLA ထိန်းချုပ်ထားသည့် မိုင်းလုံမြို့နှင့် မိုင်းငေါ့မြို့ကြားတွင် တည်ရှိသည်။

ပုံစာ – ကျောက်မဲမြို့နယ် တော့ဆန်ရွာ ဗုံးကြဲခံရပြီး နေအိမ်ပျက်စီးမှု (ဓာတ်ပုံ-TNLA)

ထို့အပြင် လေကြောင်းအန္တရာယ် စိုးရိမ်မှုကြောင့် TNLA ထိန်းချုပ်ထားသည့် မိုင်းငေါ့မြို့ဘက်တွင် လမ်းပန်းဆက်သွယ်ရေး ဖြတ်တောက်ခံထားရပြီး ကုန်သည်များလည်း ကန့်သတ်တားမြစ် ခံရခြင်းကြောင့် စားသောက်ကုန် လူသုံးကုန်ပစ္စည်းများ၊ စားသုံးဆီနှင့် စက်သုံးဆီ ပြတ်လပ်နေပြီး ပြည်သူများလည်း ပိတ်မိနေကြောင်း ဒေသခံများက ပြောသည်။

“TNLA က မိုင်းငေါ့လမ်းက တာဟွမ်းတံတားကို ဆူးချွန်တွေနဲ့ အသေပ်ိတ်လိုက်တယ်၊ အဝင်အထွက် လုံးဝ မရတော့ဘူး။ လက်ရှိ မိုင်းငေါ့မှာ စားသုံးဆီ၊ စက်သုံးဆီနဲ့ ကိုယ့်ဒေသက မထွက်တဲ့ ခရမ်းချဉ်သီးတွေကအစ ပြတ်နေတယ်၊ စပါးရိတ်ချိန်လဲရောက်တော့ ပိုခက်တယ်။ ယာစပါးတွေက ဝါလို့ ရိတ်ချိန်တန်ပြီ၊ မရိတ်ရလို့ ဒုက္ခရောက်နေကြတယ်” ဟု မိုင်းငေါ့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် စစ်ကော်မရှင်တပ်သည် ကျောက်မဲမြို့နယ်အတွင်း TNLA ထိန်းချုပ်ထားသည့် မိုင်းလုံမြို့နှင့် မိုင်းငေါ့မြို့တို့ကို လေကြောင်းဖြင့် ဖိအားပေး တိုက်ခိုက်နေပြီး မြေပြင်စစ်ကြောင်းထိုးအရပ်သား ထိခိုက်သေဆုံးမှု မြင့်တက်လာသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဖယ်ခုံမြို့နယ် ဒေသခံများနှင့် စစ်ဘေးရှောင်များ ရာသီတုတ်ကွေးဖြစ်၊ ဆေးဝါးအကူအညီလိုအပ်နေ

0
သျှမ်းပြည်တောင်ပိုင်း စစ်ရေးပဋိပက္ခ ဖြစ်ပွားနေသည့် ဖယ်ခုံမြို့နယ် မယ်စုံတောင်ကျေးရွာ ဒေသခံများနှင့် စစ်ဘေးလာရောက်ရှောင်သူများသည် ရာသီတုတ်ကွေးဖြစ်ပွားနေကြပြီး ဆေးဝါးအကူအညီလိုအပ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် သြဂုတ်လဆန်းပိုင်းမှ စတင်ကာ ဖယ်ခုံမြို့နယ် မယ်စုံတောင်ကျေးရွာ ဒေသခံများ နှင့် ၎င်းကျေးရွာသို့ လာရောက်စစ်ဘေးရှောင်ကြသူ (၁၆၀)ကျော်သည် ရာသီတုတ်ကွေးဖြစ်ပွားကာ ဖျားနာနေကြပြီး ဆေးဝါးကုသ ပေးမည့်သူ နှင့်...

စက်သုံးဆီပြဿနာကြောင့် တာချီလိတ်-မိုင်းရှူး လိုင်းကားများ ရပ်နားထားရ

0
တာချီလတ်-မိုင်းရှူးပြေးဆွဲနေသည့် လိုင်းကားများသည် ယခုနှစ်အတွင်း စက်သုံးဆီ စျေးနှုန်းမြင့်တက်မှု၊ ဝယ်ယူရန်ခက်ခဲမှုနှင့် စစ်ကော်မရှင်၏ စစ်ဆေးရေးဂိတ်များ တင်းကြပ်မှုတို့ကြောင့် ရပ်နားလိုက်ရကြောင်း သတင်းရရှိသည်။ လက်ရှိ တာချီလိတ်မြို့တွင် ဓာတ်ဆီ ၉၁ တစ်လီတာလျှင် ၆၅ ဘတ်ခန့် ရှိသော်လည်း တရားမဝင်ဈေးကွက်တွင် ၈၀ ဘတ်မှ ၁၀၀ ဘတ်ဝန်းကျင်အထိ ပေးဝယ်ရသည့်အခြေအနေရှိပြီး...

နေပြည်တော်တွင် SSPP နှင့် NSPNC တွေ့ဆုံစဉ် မိုးမိတ်ရှိ SSPP ဆက်နွှယ်သူဟု စွပ်စွဲခံရပြီး နေအိမ်ဖျက်ဆီးခံရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ်(၂) လုံးကို SSPP နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲကာ စစ်တပ်ဘက်က လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၇ ရက် နံနက်ပိုင်း ၉ နာရီခန့်တွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူများ၏ နေအိမ်ကို SSPP နှင့် ပတ်သက်ဆက်နွယ်သည်ဟု...

နှစ်စဉ် ရေကြီး တောင်ပြိုသည့် ဟိုပုံးဒေသ သစ်ပင်စိုက်ရန် စစ်အစိုးရ တပင် ကျပ်လေးရာဖြင့်ရောင်းချနေ

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသတွင် နှစ်စဉ်ကြုံတွေ့နေရသည့် ရေကြီး၊ တောင်ပြိုမှုကို ကာကွယ်ရန်အတွက် စစ်အစိုးရ၏ လက်အောက်ခံ သစ်တောဉီးစီးဌာနက သစ်ပင် ပြန်စိုက်ရန် တစ်ပင်လျှင် ကျပ်ငွေလေးရာ(၄၀၀))ဖြင့် ရောင်းချနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ (၂၈) ရက်နေ့တွင် သစ်တောဦးစီးဌာနက ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသအတွက် ကော်ဖီပင် ပိုမိုစိုက်ပျိုးနိုင်ရန်နှင့်...