SSPP/SSA
မိုင်းကိုင် တိုက်ပွဲကြား ကျည်ထိမှန် အမျိုးသား သေဆုံး
SHAN -
သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ ရွာသား (၄) ဦး လက်နက်ကြီး ထိမှန်သည့် အမျိုးသား (၁) ဦး ယနေ့ အောက်တိုဘာ (၅) ရက် မနက်ပိုင်းမှာ သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ အောက်တိုဘာ (၄) ရက် ညနေပိုင်းက မိုင်းကိုင်မြို့နယ်...
မိုင်းကိုင်မြို့နယ် စစ်ရှောင်မှ မွေးကင်းစမိခင်များ နေရာထိုင်ခင်း၊ အဟာရမှုန့်လိုအပ်
SHAN -
သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာအုပ်စု မှ စစ်ရှောင်စခန်းတွင် မွေးကင်းစမိခင်များ အတွက် နေရာအထိုင်အခင်း နှင့် အာဟာရမှုန့်များ လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။ ဟမ်းငိုင်းကျေးရွာအုပ်စုရှိ ကုန်းစုံဘုန်းကြီးကျောင်းမှာ စစ်ရှောင် (၇၅၃) ဦးရှိပြီး ၎င်းတို့ အထဲမှာ မွေးကင်းစမိခင် (၂၀) ကျော်၊(၃) နှစ်အောက် ကလေးငယ် (၄၀)...
တောင်ကြီးဆေးရုံရောက် စစ်ရှောင်အဘွား ခြေထောက်အရိုးကြွေမွဒဏ် ခွဲစိတ်ရန်လိုအပ်
SHAN -
သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်တွင် သျှမ်းတပ် (၂) တပ်တိုက်ပွဲကြောင့် စစ်ရှောင်လာစဉ် ထော်လဂျီတိမ်းမှောက်ကာ တောင်ကြီးဆေးရုံတွင် ဆေးကုသနေသည့် အသက် (၈၆)နှစ်အဘွားသည် ခြေထောက်အရိုးကြွေမွဒဏ်ရသဖြင့် ခွဲစိတ်ကုသရန် လိုအပ်နေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံတွင် ဆေးကုသမှုခံယူနေရသည့် စက်တင်ဘာ (၂၀)ရက်တွင် တိုက်ပွဲကြောင့် စစ်ရှောင်လာစဉ် ထော်လဂျီတိမ်းမှောက်ရာတွင် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည့်...
မိုင်းကိုင်မြို့နယ်ရှိ ပြည်သူများ နေအိမ်ခြံဝန်းထဲ ကတုတ်ကျင်းတူးထား
SHAN -
သျှမ်းပြည်မြောက်ပိုင်း မိုင်းကိုင်မြို့နယ် အတွင်းရှိ ဟမ်းငိုင်းကျေးရွာ တွင် သျှမ်းတပ်(၂) တပ်တိုက်ပွဲကြောင့် ပြည်သူများ နေအိမ်ခြံဝန်းထဲတွင် ကတုတ်ကျင်းတူးထားရကြောင်း စုံစမ်းသိရှိရသည်။ သျှမ်းတပ်(၂)တပ် တိုက်ပွဲဆက်လက်ဖြစ်ပွားနေသေးသဖြင့် ပြည်သူများ စိုးရိမ်သဖြင့် မိုင်းကိုင်မြို့နယ်အတွင်းရှိ အိမ်တိုင်းနီးပါး ကတုတ်ကျင်းတူးထားရကြောင်း ဟမ်းငိုင်းကျေးရွာ ဒေသခံ အမျိုးသား တစ်ဦး က သျှမ်းသံတော်ဆင့်ကိုပြောသည်။ “ ဟုတ်တယ်။...
တပ်ပေါင်းစုကို ထမင်းပို့သည့် အရပ်သားတစ်ဦး သေနတ်ပစ်ခံရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် နောင်ဆင်ကျေးရွာ အနီးတွင် စခန်းချနေသည့် မြောက်ပိုင်း တပ်ပေါင်းစု TNLA, SSPP ကို ထမင်းသွားပို့ရန် အသွားလမ်းတွင် သေနတ်ပစ်ခံရကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ စက်တင်ဘာ ၁၈ ရက် ညနေ ၄ နာရီဝန်းကျင်တွင် နောင်ဆင်ကျေးရွာအနီး စခန်းချနေသည့် မြောက်ပိုင်းတပ်ပေါင်းစု ဖြစ်သည့်...
မိုင်းကိုင် စစ်ရှောင်ထော်လဂျီတိမ်းမှောက် အမျိုးသမီး ၃ဦး ထိခိုက်ဒဏ်ရာရ
SHAN -
သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်း ယနေ့ (စက်တင်ဘာ ၂၀)ရက်တွင် စစ်ရှောင်များ စီးလာသည့် ထော်လာဂျီ တိမ်းမှောက်သဖြင့် စစ်ရှောင်အမျိုးသမီး (၃) ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။ သျှမ်းလက်နက်ကိုင် တပ်ဖွဲ့ (၂)ဖွဲ့ကြီးမားသည့် တိုက်ပွဲဖြစ်ပွားနေသဖြင့် စစ်ရှောင်စခန်းအနီး လက်နက်ကြီးသံများ ကြားရကာ စစ်ရှောင်များထွက်ပြေးလာစဉ်ဟိုခဲလမ်းခွဲ နှင့် ဆားတောတံတားကြား...
စစ်ရှောင်စခန်းအနီး လက်နက်ကြီးသံကြား၊ စစ်ရှောင်များ ထပ်ကွမ်းထွက်ပြေးနေရ
SHAN -
သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်ရှိ ဟိုခဲကျေးရွာအုပ်စု နောင်လျှော်ကျေးရွာရှိ စစ်ရှောင်စခန်းအနီး သျှမ်းတပ်(၂)တပ် လက်နက်ကြီးသံကြောင့် စစ်ရှောင်များထပ်မံ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။ ယနေ့ စက်တင်ဘာ (၁၉) ရက် နေ့လည် (၁၂) နာရီခွဲချိန်မှစတင်ပြီး သျှမ်းတပ် (၂) တပ် တိုက်ပွဲပြင်းထန်သဖြင့် နောင်လျှော်ရွာ တွင် တိမ်းရှောင်နေသည့် စစ်ရှောင်များ...
မိုင်းကိုင် စစ်ရှောင် (၂၃၀၀)ခန့် ရောက်ရှိလာ
SHAN -
သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဟိုခဲကျေးရွာအုပ်စု နောင်လျှော်ရွာတွင် စစ်ရှောင် (၂၃၀၀) ခန့် မိုးကာ အရေးပေါ် လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ စက်တင်ဘာ (၁၄) ရက် သျှမ်းတပ် (၂) တပ် ဟိုခဲကျေးရွာအုပ်စု နမ့်အွန်ရွာအနီး တိုက်ပွဲဖြစ်ပွားပြီး စစ်ရေးတင်းမာမှုကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း စုံစမ်း...
နမ့်လန်ဒေသ တိုက်ပွဲကြား ရွာသား(၃)ဦးဖမ်းဆီးခံရ (၁)ဦးသေဆုံးဟု သတင်းထွက်
SHAN -
သျှမ်းမြောက် သီပေါမြို့နယ် နမ့်လန်ဒေသ ဝမ်စိမ်းကျေးရွာအုပ်စုတွင် ဖြစ်ပွားခဲ့သည့် သျှမ်းတပ်(၂)တပ် တိုက်ပွဲအတွင်း ရွာသား (၃)ဦး ဖမ်းဆီးခံရပြီး (၁)ဦးသေဆုံးဟု သတင်းထွက်နေကြောင်း စုံစမ်းသိရသည်။ သြဂုတ်လ (၂၃)ရက်နေ့က သီပေါမြို့နယ် နမ့်လန်ဒေသ ဝမ်စိမ်းကျေးရွာအုပ်စုအတွင်း သျှမ်းတပ် (၂)တပ် တိုက်ပွဲဖြစ်ပွားမှုတွင် ဒေသခံများဖြစ်သည့် လုံးပန်မွန်း၊ လုံးခမ်းနှင့် စိုင်းကျောက်တို့ကို...
မိုင်းရယ်မြို့နယ် ရွာသားတစ်ဦး ပစ်သတ်ခံရ
SHAN -
သျှမ်းပြည် မြောက်ပိုင်း မိုင်းရယ်မြို့နယ် အတွင်းရှိ နားငူးကျေးရွာမှ ရွာသားတစ်ဦး ကို SSPP/SSA မှ မှားယွင်းပစ်သတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ သြဂုတ်လ ၂၇ ရက်နေ့ ည ၉ နာရီ ဝန်းကျင်ခန့်တွင် ကင်းစောင့်ရန်အတွက် သွားသည့် နားငူးရွာသား စိုင်းစံအွန် ဆိုသူသည် သျှမ်းပြည်တိုးတက်ရေးပါတီ...





