သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်း ယနေ့ (စက်တင်ဘာ ၂၀)ရက်တွင် စစ်ရှောင်များ စီးလာသည့် ထော်လာဂျီ တိမ်းမှောက်သဖြင့် စစ်ရှောင်အမျိုးသမီး (၃) ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။

သျှမ်းလက်နက်ကိုင် တပ်ဖွဲ့ (၂)ဖွဲ့ကြီးမားသည့် တိုက်ပွဲဖြစ်ပွားနေသဖြင့် စစ်ရှောင်စခန်းအနီး လက်နက်ကြီးသံများ ကြားရကာ စစ်ရှောင်များထွက်ပြေးလာစဉ်
ဟိုခဲလမ်းခွဲ နှင့် ဆားတောတံတားကြား ထော်လဂျီ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကာ အမျိုးသမီး (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
ထိုထိခိုက်ဒဏ်ရာရရှိသည့် အမျိုးသမီး တစ်ဦးသည် ဒဏ်ရာပြင်းထန်သဖြင့် လွိုင်လင် ဆေးရုံသို့ ဆေးကုသမှု ခံယူနေရပြီး၊ ကျန် (၂)ဦးမှာ ဒဏ်ရာမပြင်းထန်သဖြင့် မိုင်းကိုင်ဆေးရုံတွင် ဆေးကုသခံနေကြောင်းသိရသည်။
“ စစ်ရှောင်တွေ ထပ်စစ်ရှောင်ကြတယ်။ မိုးတွေကလည်း ရွာတော့ ထော်လဂျီတိမ်းမှောက်တာပေါ့။ စစ်ရှောင် (၃)ဦး ထိခိုက်တယ်။ တယောက်ကတော့ ဒဏ်ရာပြင်းတယ်။ ၂ယောက်ကတော့ သိပ်မပြင်းဘူး” ဟု မိုင်းကိုင် ဒေသခံ တစ်ဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။
သျှမ်းတပ် (၂) တပ် တိုက်ပွဲကြောင့် ဟိုခဲကျေးရွာအုပ်စု နောင်လျှောကျောင်းမှာ ရောက်ရှိနေသည့် စစ်ရှောင်များ ထပ်ကွမ်း ထွက်ပြေးခဲ့ရကြောင်းသိရသည်။
လက်ရှိ မိုင်းကိုင်မြို့နယ်အတွင်း သျှမ်းတပ်(၂)တပ် တိုက်ပွဲအရှိန်ပြင်းထန်မှုကြောင်း စစ်ရှောင် (၃၀၀၀) ကျော်ထွက်ပြေးနေရကြောင်းသိရသည်။












Leave a Comments