တပ်ပေါင်းစုကို ထမင်းပို့သည့် အရပ်သားတစ်ဦး သေနတ်ပစ်ခံရ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် နောင်ဆင်ကျေးရွာ အနီးတွင် စခန်းချနေသည့် မြောက်ပိုင်း တပ်ပေါင်းစု TNLA, SSPP ကို ထမင်းသွားပို့ရန် အသွားလမ်းတွင် သေနတ်ပစ်ခံရကြောင်း စုံစမ်းသိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၁၈ ရက် ညနေ ၄ နာရီဝန်းကျင်တွင် နောင်ဆင်ကျေးရွာအနီး စခန်းချနေသည့် မြောက်ပိုင်းတပ်ပေါင်းစု ဖြစ်သည့် သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော်(SSPP/SSA)နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)တို့ ဒေသခံများက ထမင်းသွားပို့စဉ် လွိုင်စနေတွင် သေနတ်ပစ်ခံရပြီး အမျိုးသားတစ်ဦး၏ ရင်ဘတ်တွင် ကျည်းထိမှန်းခဲ့ကြောင်း သိရသည်။

“ သူတို့ (၃) ယောက်သွားတာ။ ဘယ်အဖွဲ့ကနေပစ်လည်းတော့ သေချာမသိဘူး။ (၂) ချက်လောက်ပစ်တာ။ ပထမတစ်ချက်ပစ်တာမထိလို့ နောက်တစ်ချက်ပစ်တာ။ လိုက်ပို့ပေးတဲ့ တယောက် ရင်ဘတ်နားထိသွားတာ။” ဟု နောင်ဆင်ကျေးရွာခံတဦးက ပြောသည်။

ထိုတပ်ပေါင်းစု အတွက် ဒေသခံများက တရက်ကို နေ့စားဖြင့် ထမင်းဟင်းချက်ပေးပြီး ၎င်းတို့ ရှိရာနေရာတွင် သွားရောက် ပို့ဆောင်ပေးရကြောင်းသိရသည်။

“ ကျနော်တို့ ထမင်း၊ဟင်း ချက်ပြီးပို့ပေးရတယ်။ တရက်ကို ၅ထောင်ရတယ်။ ရွာမှာလည်း အလုပ်မရှိဘူး။ သူတို့နေတဲ့နေရာမှာ ရေကော မီးကောမရှိဘူး။အဲကြောင့်ချက်ပေးရတာ” ဟု နောင်ဆင်ဒေသခံ တဦး ကပြောသည်။

ထို ပစ်ခတ်မှုတွင် ဒေသခံများပြောပြချက်အရ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ RCSS/SSA က ပစ်ခတ်ခဲ့ကြောင်းသိရသည်။

“ ကျနော်တို့ မြေပြင်က သတင်းအရ ကျနော်တို့ သေချာမသိရသေးဘူး။ အသေးစိတ်ကျနော်တို့ မကြည့်ရဘူး” ဟု သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ပြောခွင့်ရ ဗိုလ်မှူးစိုင်းခမ်းစံက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို ပစ်ခံရသည့် သူကို တပ်ပေါင်းစုမှ ဆေးကုသပေးသော်လည်း လက်ရှိတွင်၎င်း၏ ကျန်းမာရေးအခြေနေကို မသိရှိရသေးကြောင်း ဒေသခံများက ပြောသည်။

“ သူကို ပန်ကွမ်ဆေးရုံမှာခေါ်သွားကုပေးလိုက်ပြီး။ ခုတော့ သူကျန်းမာရေးခြေနေတော့ မသိရသေးဘူး။ ပြန်ရောက်လာပြီးလိုတော့ပြောတယ်။ ကျမတို့တော့ မသွားကြည့်ရသေးဘူး။ ရင်ဘတ်နားထိသွားတာဆိုတော့ ဆိုးမယ်ထင်တယ်။” ဟု နောင်ဆင်ကျေးရွာခံ အမျိုးသမီး တဦးက ပြောသည်။

ကျောက်မဲဒေသတွင် တိုင်းရင်းသားလက်နက်ကိုင်များ ဖြစ်သည့် RCSS နှင့် တပ်ပေါင်းစု (TNLA, SSPP) သွားလာလှုပ်ရှာနေသည့် ဒေသဖြစ်ပြီး၊ မကြာခဏ တိုက်ပွဲဖြစ်ပွားသည့်နေရာဖြစ်သည်။

လက်ရှိမှာ တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းဖြစ်ပွားသည့် တိုက်ပွဲကြောင့် ပြည်သူ ၂၅၀၀ ဝန်းကျင် စစ်ဘေးရှောင်နေကြရကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...