Wednesday, January 28, 2026

မိုင်းကိုင်မြို့နယ် စစ်ရှောင်မှ မွေးကင်းစမိခင်များ နေရာထိုင်ခင်း၊ အဟာရမှုန့်လိုအပ်

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာအုပ်စု မှ စစ်ရှောင်စခန်းတွင် မွေးကင်းစမိခင်များ အတွက် နေရာအထိုင်အခင်း နှင့် အာဟာရမှုန့်များ လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။

ဟမ်းငိုင်းကျေးရွာအုပ်စုရှိ ကုန်းစုံဘုန်းကြီးကျောင်းမှာ စစ်ရှောင် (၇၅၃) ဦးရှိပြီး ၎င်းတို့ အထဲမှာ မွေးကင်းစမိခင် (၂၀) ကျော်၊(၃) နှစ်အောက် ကလေးငယ် (၄၀) ကျော် နှင့် (၆) နှစ်အောက် ကလေး (၈၅) ဦး ရှိကြောင်း စစ်ရှောင်များ ကူညီပေးသည့် ကော်မတီဝင် တစ်ဦး ကသျှမ်းသံတော်ဆင့် ကိုပြောသည်။

“မွေးကင်းစ မိခင်တွေကတော့ နေရာအထိုင်အခင်းတွေ အခက်ခဲဖြစ်တယ်။ သူတို့က တစ်ချို့ အစားအသောက်တွေက စားလို့မရဘူး တစ်ချို့ဟာပဲ စားလို့ရတယ်။ ကလေးတွေအတွက်တော့ အာဟာရနို့မှုန့်တွေ လိုအပ်တာတယ်” ဟု ဟမ်းငိုင်းစစ်ရှောင်များ ကူညီပေးသည့် ကော်မတီဝင် တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

သျှမ်းတပ် (၂) တပ်တိုက်ပွဲကြောင့် စစ်ရှောင်များ ကုန်းစုံဘုန်းကြီးကျောင်းသို့ ထွက်ပြေးလာရပြီး စစ်ရှောင်စခန်းမှာ ကလေးမီးဖွားသန့်စင်သည့် ကိုယ်ဝန်သည် (၂) ဦး ရှိပြီး မိုင်းကိုင်ပြည်သူ့ဆေးရုံသို့ (၁) ဦး ပို့ဆောင် မီးဖွားခဲ့ရကြောင်း သိရှိရသည်။

“ကိုယ်ဝန်ရင့်မားကြီးတဲ့ စစ်ဘေးရှောင်လာရတယ်။ ၂ ရက် ၃ ရက်လောက်မှ မွေးထားတဲ့ သူတွေလည်းရှိတယ်။ စခန်းမှာ လာရောက်မီးဖွားတဲ့သူ (၃) ဦးရှိသွားပြီ”ဟု အမျိုးသား တစ်ဦး ကပြောသည်။

စက်တင်ဘာ (၃၀) ရက်က ဟိုခဲကျေးရွာအုပ်စုအတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း စစ်ရှောင်များထံ စုံစမ်းသိရှိရသည်။

“မနေ့တော့ ဟိုခဲကျေးရွာအုပ်စုဘက် တိုက်ပွဲဖြစ်သေးတယ်။ စစ်ရှောင်တွေက နေ့တိုင်းပဲ နည်းနည်းစီ လာနေတယ်။ ခုလက်ရှိက ဟင်းတွေ လိုအပ်တယ်” ဟု စစ်ရှောင် ကော်မတီ တစ်ဦး ကပြောသည်။

လက်ရှိ စစ်ရှောင်စခန်းသည် လူများလာသည့်အတွက် နေရာထိုင်ခင်းများ ခက်ခဲသဖြင့် စစ်ရှောင်များ တဲဆောက်ပြီး နေထိုင်ရသည့်အတွက် မိုးကာများ လိုအပ်နေကြောင်း သိရှိရသည်။

မိုင်းကိုင်မြို့နယ် ဟိုခဲကျေးရွာအုပ်စုအတွင်း စက်တင်ဘာ (၁၄) ရက် ကစတင်ပြီး သျှမ်းတပ် (၂) တပ် တိုက်ပွဲဖြစ်ပွားသောကြောင့် စစ်ရှောင်များ (၃၀၀၀) နီးပါး နေရပ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

သီပေါ-မိုင်းရယ်ကြား လေကြောင်းဗုံးကြဲမှုကြောင့် ထွက်ပြေးခဲ့ရသည့် စစ်ရှောင် ၃၀၀ နီးပါး နေရပ်ပြန်

0
သျှမ်းပြည် မိုင်းရယ်နှင့် သီပေါမြို့နယ်ကြားတွင် စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ဘေးရှောင် ၃၀၀ နီးပါး နေရပ်ပြန်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၉) ရက် နံနက်ပိုင်းတွင် မိုင်းရယ်နှင့် သီပေါမြို့နယ် အစပ်ရှိ ရှန်တော်ကျေးရွာအနီး ကျားဖြန့်ရုံဟောင်းဟု ယူဆရသည့် နေရာကို ရွေးကောက်ပွဲ ဒုတိယပိုင်း ကျင်းပရန်...
TangYan_Polling Station

တန့်ယန်း၊ မိုင်းရယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်စိစစ်မည်ဟု ခြိမ်းခြောက်

0
သျှမ်းပြည် တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်လည်စိစစ်မည်ဟု စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးများ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်းမှ တန့်ယန်းမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့ ပါဝင်သည်။ ထိုသို့ ပြည်သူများ...

PNLA ထိန်းချုပ်သည့် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် PNO ပူးပေါင်းပြီး ထိုးစစ်ဆင်နေ

0
ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ဌာနချုပ်တည်ရှိရာ သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့ ပူးပေါင်းပြီး ထိုးစစ်ဆင်နေကြောင်း သတင်းရရှိသည်။ ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့သည် မောက်မယ်မြို့နယ် ဟိုနမ့်ကျေးရွာအုပ်စုမှ PNLA လှုပ်ရှားရာ တောထဲသို့...

ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြော လေးလကျော်ကြာ တိုက်ပွဲဖြစ်ပွား

0
သျှမ်းပြည် ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြောတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ ၄ လကျော်ကြာ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။ ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြောရှိ တောင်စလုံးနှင့် မြောက်စလုံးကျေးရွာကြားတွင် စစ်ကော်မရှင်တပ်ဘက်မှ ပြီးခဲ့သည့် ၂၀၂၅ အောက်တိုဘာလတွင် နေရာယူ တပ်စွဲထားပြီး ကျေးရွာအနီးအနားသို့ နေ့စဉ်နီးပါး...