မိုင်းကိုင်မြို့နယ် စစ်ရှောင်မှ မွေးကင်းစမိခင်များ နေရာထိုင်ခင်း၊ အဟာရမှုန့်လိုအပ်

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာအုပ်စု မှ စစ်ရှောင်စခန်းတွင် မွေးကင်းစမိခင်များ အတွက် နေရာအထိုင်အခင်း နှင့် အာဟာရမှုန့်များ လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။

ဟမ်းငိုင်းကျေးရွာအုပ်စုရှိ ကုန်းစုံဘုန်းကြီးကျောင်းမှာ စစ်ရှောင် (၇၅၃) ဦးရှိပြီး ၎င်းတို့ အထဲမှာ မွေးကင်းစမိခင် (၂၀) ကျော်၊(၃) နှစ်အောက် ကလေးငယ် (၄၀) ကျော် နှင့် (၆) နှစ်အောက် ကလေး (၈၅) ဦး ရှိကြောင်း စစ်ရှောင်များ ကူညီပေးသည့် ကော်မတီဝင် တစ်ဦး ကသျှမ်းသံတော်ဆင့် ကိုပြောသည်။

“မွေးကင်းစ မိခင်တွေကတော့ နေရာအထိုင်အခင်းတွေ အခက်ခဲဖြစ်တယ်။ သူတို့က တစ်ချို့ အစားအသောက်တွေက စားလို့မရဘူး တစ်ချို့ဟာပဲ စားလို့ရတယ်။ ကလေးတွေအတွက်တော့ အာဟာရနို့မှုန့်တွေ လိုအပ်တာတယ်” ဟု ဟမ်းငိုင်းစစ်ရှောင်များ ကူညီပေးသည့် ကော်မတီဝင် တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

သျှမ်းတပ် (၂) တပ်တိုက်ပွဲကြောင့် စစ်ရှောင်များ ကုန်းစုံဘုန်းကြီးကျောင်းသို့ ထွက်ပြေးလာရပြီး စစ်ရှောင်စခန်းမှာ ကလေးမီးဖွားသန့်စင်သည့် ကိုယ်ဝန်သည် (၂) ဦး ရှိပြီး မိုင်းကိုင်ပြည်သူ့ဆေးရုံသို့ (၁) ဦး ပို့ဆောင် မီးဖွားခဲ့ရကြောင်း သိရှိရသည်။

“ကိုယ်ဝန်ရင့်မားကြီးတဲ့ စစ်ဘေးရှောင်လာရတယ်။ ၂ ရက် ၃ ရက်လောက်မှ မွေးထားတဲ့ သူတွေလည်းရှိတယ်။ စခန်းမှာ လာရောက်မီးဖွားတဲ့သူ (၃) ဦးရှိသွားပြီ”ဟု အမျိုးသား တစ်ဦး ကပြောသည်။

စက်တင်ဘာ (၃၀) ရက်က ဟိုခဲကျေးရွာအုပ်စုအတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း စစ်ရှောင်များထံ စုံစမ်းသိရှိရသည်။

“မနေ့တော့ ဟိုခဲကျေးရွာအုပ်စုဘက် တိုက်ပွဲဖြစ်သေးတယ်။ စစ်ရှောင်တွေက နေ့တိုင်းပဲ နည်းနည်းစီ လာနေတယ်။ ခုလက်ရှိက ဟင်းတွေ လိုအပ်တယ်” ဟု စစ်ရှောင် ကော်မတီ တစ်ဦး ကပြောသည်။

လက်ရှိ စစ်ရှောင်စခန်းသည် လူများလာသည့်အတွက် နေရာထိုင်ခင်းများ ခက်ခဲသဖြင့် စစ်ရှောင်များ တဲဆောက်ပြီး နေထိုင်ရသည့်အတွက် မိုးကာများ လိုအပ်နေကြောင်း သိရှိရသည်။

မိုင်းကိုင်မြို့နယ် ဟိုခဲကျေးရွာအုပ်စုအတွင်း စက်တင်ဘာ (၁၄) ရက် ကစတင်ပြီး သျှမ်းတပ် (၂) တပ် တိုက်ပွဲဖြစ်ပွားသောကြောင့် စစ်ရှောင်များ (၃၀၀၀) နီးပါး နေရပ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...