မိုင်းကိုင်မြို့နယ်ရှိ ပြည်သူများ နေအိမ်ခြံဝန်းထဲ ကတုတ်ကျင်းတူးထား

သျှမ်းပြည်မြောက်ပိုင်း မိုင်းကိုင်မြို့နယ် အတွင်းရှိ ဟမ်းငိုင်းကျေးရွာ တွင် သျှမ်းတပ်(၂) တပ်တိုက်ပွဲကြောင့် ပြည်သူများ နေအိမ်ခြံဝန်းထဲတွင် ကတုတ်ကျင်းတူးထားရကြောင်း စုံစမ်းသိရှိရသည်။

မိုင်းကိုင်မြို့နယ်ရှိ ပြည်သူများ နေအိမ်ခြံဝန်းထဲ ကတုတ်ကျင်းတူးထား

သျှမ်းတပ်(၂)တပ် တိုက်ပွဲဆက်လက်ဖြစ်ပွားနေသေးသဖြင့် ပြည်သူများ စိုးရိမ်သဖြင့် မိုင်းကိုင်မြို့နယ်အတွင်းရှိ အိမ်တိုင်းနီးပါး ကတုတ်ကျင်းတူးထားရကြောင်း ဟမ်းငိုင်းကျေးရွာ ဒေသခံ အမျိုးသား တစ်ဦး က သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ ဟုတ်တယ်။ တိုက်ပွဲဖြစ်ရင် အရေးပေါ်တခါထဲ ရှောင်ထားလို့ရအောင်လို့ ကတုတ်ကျင်း တအိမ်ကို တူးထားခိုင်းလိုက်တာ။ တချို့အိမ်တော့တူးတယ်။ တချို့က မတူးဘူး” ဟု ဟမ်းငိုင်း ကျေးရွားဒေသခံ အမျိုးသား က ပြောသည်။

မိုင်းကိုင်မြို့နယ်တွင် သျှမ်းတပ် (၂) တပ်ကြောင့် ပြည်သူများထွက်ပြေးတိမ်းရှောင်နေကြရပြီး တချို့ကျေးရွာများတွင် ကျင်းတူးထားကြရကြောင်းသိရသည်။

မိုင်းကိုင်မြို့နယ်ရှိ ပြည်သူများ နေအိမ်ခြံဝန်းထဲ ကတုတ်ကျင်းတူးထား

အဆိုပါ ဟမ်းငိုင်းအုပ်စု နောင်တောင်းကျေးရွာတွင်လည်း နေအိမ်တွင် ကျင်းတူးထားသော်လည်း ြ ပြန်လည်ပိတ်ထားရကြောင်း သိရသည်။

“ နောင်တောင်းဖက်လည်း တူးထားတာတွေ့တယ်။ သူတို့တူးထားတာတော့ သိပ်မကြာသေးဘူး။ ခုတော့ ပြန်ပိတ်ထားလိုက်ပြး။ ဘာကြောင့်လို့ သူတို့ပြန်ပိတ်လိုက်တာလည်းတော့ ကျနော်တို့လည်း အသေးစိတ်မသိရဘူး” ဟုစစ်ရှောင်များကို ကူညီပေးသည့် သူက ပြောသည်။

မိုင်းကိုင်မြို့နယ်တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တို့တိုက်ပွဲကြောင့် စစ်ဘေးရှောင်ပြည်သူ (၃၀၀၀) ဝန်းကျင်လောက်ရှိသွားပြီးဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

MNDAA နှင့် TNLA တို့ကြား စစ်ရေးတင်းမာမှု လူထုအခက်အခဲကြုံတွေ့

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား နှစ်ဖက်စစ်ရေး တင်းမာမှုကြောင့် ပြည်သူလူထု အခက်အခဲ ကြုံတွေ့နေကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ကြား...

ကျောက်မဲတွင် စစ်တပ်နှင့် SSPP တိုက်ပွဲဖြစ်ပြီးနောက် ရွာသားများကို စစ်တပ်ဖမ်းဆီးရိုက်နှက်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP/SSA ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရွာသားများကို စစ်ကော်မရှင်တပ်ဘက်မှ ဖမ်းဆီးရိုက်နှက် စစ်ဆေးနေကြောင်း စုံစမ်းသိရသည်။ မတ်လ (၁၀) ရက် နေ့လယ်ပိုင်းတွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား တစ်နာရီကျော်ကြာ ထိတွေ့တိုက်ပွဲ...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

 RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊...

RCSS ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီးယွက်စစ် ပြန်ရွေးချယ်ခံရ

0
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီး ယွက်စစ်အား ပြန်လည်ရွေးချယ်လိုက်ပြီး နိုင်ငံရေးပြဿနာများကို တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းမှတစ်ဆင့် ဆက်လက်အဖြေရှာသွားမည်ဟု RCSS ယနေ့ (ဖေဖော်ဝါရီလ ၂၀ ရက်) တွင် ထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၁၆ ရက်မှ ၁၈ ရက်အထိ သုံးရက်ကြာ ကျင်းပခဲ့သည့် RCSS ၏...