စစ်ရှောင်စခန်းအနီး လက်နက်ကြီးသံကြား၊ စစ်ရှောင်များ ထပ်ကွမ်းထွက်ပြေးနေရ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်ရှိ ဟိုခဲကျေးရွာအုပ်စု နောင်လျှော်ကျေးရွာရှိ စစ်ရှောင်စခန်းအနီး သျှမ်းတပ်(၂)တပ် လက်နက်ကြီးသံကြောင့် စစ်ရှောင်များထပ်မံ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။

ယနေ့ စက်တင်ဘာ (၁၉) ရက် နေ့လည် (၁၂) နာရီခွဲချိန်မှစတင်ပြီး သျှမ်းတပ် (၂) တပ် တိုက်ပွဲပြင်းထန်သဖြင့် နောင်လျှော်ရွာ တွင် တိမ်းရှောင်နေသည့် စစ်ရှောင်များ နှင့် ဒေသခံများ ထွက်ပြေးနေရကြောင်း ထပ်မံထွက်ပြေးနေရသည်။

“လက်နက်ကြီးသံတွေက ကျနော်တို့ နေတဲ့နေရာနဲ့ အရမ်းနီးတော့ ကြားနေရတယ်။ ကျနော် တို့ ထွက်ပြေးနေတာ ဘယ်မှာ သွားမလဲတော့ မသိသေးဘူး။ ခုလမ်းပေါ်မှာပဲ ရှိနေတုန်းပဲ” ဟု နောင်လျှော် စစ်ရှောင်စခန်းမှာ ထွက်ပြေးနေသည့် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

လက်ရှိမှာတော့ နေထိုင်သည့် နေရာ အခက်ခဲဖြစ်သဖြင့် လမ်းပေါ်မှာပဲ ရှိနေသဖြင့် လက်နက်ကြီးသံ ငြိမ်သွားလျှင် နောင်လျှော်ဘုန်းကြီးကျောင်းသို့ ပြန်သွားမည်ဟု စုံစမ်းသိရှိရသည်။

“ဘယ်မှာ သွားရမလဲ မသိသေးဘူး။ ခု လမ်းပေါ်မှာ ရှိနေတုန်းပဲ။လက်နက်ကြီးသံ ငြိမ်သွားရင် နောင်လျှော်ဘုန်းကြီးကျောင်းပဲ ပြန်သွားမယ်ထင်တယ်။ သွားစရာ နေရာ မရှိတော့” ဟု စစ်ရှောင်သူ တစ်ဦး ကပြောသည်။

သျှမ်းတပ် (၂) တပ် တိုက်ပွဲကြောင့် နောင်လျှော်ကျေးရွာရှိ စစ်ရှောင် ပြည်သူများ နှင့် နောင်လျှော်ဒေသခံများလည်း စိုးရိမ်ထိတ်လန့်ပြီး ထွက်ပြေးနေကြသဖြင့် ထွက်ပြေးသည့်သူ စာရင်း အတိအကျကို စုံစမ်းနေဆဲဖြစ်သည်။

“ဒီနေ့ ကျနော်တို့ (RCSS) နဲ့ SSPP ဟိုခဲကျေးရွာ အနီးတဝှိက် တိုက်ပွဲဖြစ်တာ ဟုတ်ပါတယ်။ တိုက်ပွဲ (၄)ရက်လောက်ရှိပြီဖြစ်တာ” ဟု RCSS မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံ ကသျှမ်းသံတော်ဆင့် ကိုပြောသည်။

အဆိုပါတိုက်ပွဲကိစ္စနှင့် ပတ်သက်ပြီး SSPP/SSAကို သျှမ်းသံတော်ဆင့် မှ အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့သော်လည်း မရရှိခဲ့ပေ။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA) တို့သည် ဇွန်လဆန်းပိုင်းကတည်းက တိုက်ပွဲဖြစ်ပွားသဖြင့် ဒေသခံ ပြည်သူများ မကြာခဏ စစ်ဘေးရှောင်နေရကြောင်းသိရသည်။

ထိုတိုက်ပွဲကြောင့် သျှမ်းပြည်သူလူထုများ၊ သံဃာတော်များ၊ တိုက်ပွဲ ရပ်ပေးရန် တောင်းဆိုပေမယ့် သျှမ်းတပ် (၂) တပ်က ထိုးစစ်ဆင်မှု ရပ်တန့်ခြင်း မရှိခဲ့ပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...