Wednesday, January 28, 2026

တောင်ကြီးဆေးရုံရောက် စစ်ရှောင်အဘွား ခြေထောက်အရိုးကြွေမွဒဏ် ခွဲစိတ်ရန်လိုအပ်

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်တွင် သျှမ်းတပ် (၂) တပ်တိုက်ပွဲကြောင့် စစ်ရှောင်လာစဉ် ထော်လဂျီတိမ်းမှောက်ကာ တောင်ကြီးဆေးရုံတွင် ဆေးကုသနေသည့် အသက် (၈၆)နှစ်အဘွားသည် ခြေထောက်အရိုးကြွေမွဒဏ်ရသဖြင့် ခွဲစိတ်ကုသရန် လိုအပ်နေကြောင်း စုံစမ်းသိရသည်။

တောင်ကြီးဆေးရုံရောက် စစ်ရှောင်အဘွား ခြေထောက်အရိုးကြွေမွဒဏ် ခွဲစိတ်ရန်လိုအပ်

တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံတွင် ဆေးကုသမှုခံယူနေရသည့် စက်တင်ဘာ (၂၀)ရက်တွင် တိုက်ပွဲကြောင့် စစ်ရှောင်လာစဉ် ထော်လဂျီတိမ်းမှောက်ရာတွင် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည့် အသက် (၈၆)နှစ်အရွယ်ရှိ အဘွားသည် ခြေထောက်တွင် အရိုးကြေမွသွားသောကြောင့် ခွဲစိတ်ကုသရန် လိုအပ်နေကြောင်း လူနာစောင့်ပေးနေသည့် အမျိုးသမီး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ဟိုနေ့ကတော့ ခွဲခန်းထဲတခါဝင်ပြီးပြီ။ သူအနာကို ချုပ်ပေးထားလိုက်တယ်။ ပြီးတော့ ကျောက်ပတ်တီးစည်းထားတယ်။ စကားတွေလည်းပြောနိုင်ပြီ။ ဒူးကအရိုးကြေမွသွားလို့ ခွဲစိတ်ဖိုလိုသေးတယ်။အဖွားက အားမရှိသေးတော့ ခွဲစိတ်လို့မရသေးဘူး” ဟု ထို အဖွားကို စောင့်ပေးနေသည့် အမျိုးသမီး က ပြောသည်။

ထို အဖွားသည် တိုက်ပွဲကြောင့် စက်တင်ဘာ ၂၀ ရက်နေ့က ထွက်ပြေးတိမ်းရှောင်လာချိန်တွင် ထော်လာဂျီမှောက်ကာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့သောကြောင့် စက်တင်ဘာ (၂၂) ရက်တွင် တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံသို့ ဆေးကုသရန် ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ယခုလက်ရှိတွင် အဖွားသည် အသက်ကြီးလွန်သောကြောင့် ခွဲစိတ်ကုသရန်အတွက် ကိုယ့်ခံကောင်းရန်လိုအပ်ပြီး၊ အချိန်စောင့်ဆိုင်းရမည်ဖြစ်ကြောင်း အဘွားကို စောင့်ပေးနေသည့် သူက ပြောသည်။

“ အဖွားက အားမရှိသေးဘူးတဲ့။ ခွဲစိတ်ဖို့ကတော့ အချိန်ယူရအုံးမယ်လို့ ဆရာဝန်က ပြောတယ်။ ဒူးခေါင်းပြဲသွားတာလေ။ အဖွားက လည်း အသက်ကြီးပြီးဆိုတော့ ကိုယ့်ခံအားသိပ်မရှိတော့ဘူးလေ” ဟု ၎င်းအမျိုးသမီးက ဆိုသည်။

မိုင်းကိုင်မြို့နယ်တွင် တိုက်ပွဲကြောင့် ပြည်သူများထွက်ပြေးတိမ်းရှောင်လာရချိန်တွင် ထော်လာဂျီမှောက်ကာ အမျိုးသမီး (၃) ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

လက်ရှိမှာ မိုင်းကိုင်မြို့နယ်အတွင်း သျှမ်းတပ်(၂)တပ် တိုက်ပွဲကြောင့် စစ်ရှောင် (၃၀၀၀)ကျော်ထိရှိလာကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

သီပေါ-မိုင်းရယ်ကြား လေကြောင်းဗုံးကြဲမှုကြောင့် ထွက်ပြေးခဲ့ရသည့် စစ်ရှောင် ၃၀၀ နီးပါး နေရပ်ပြန်

0
သျှမ်းပြည် မိုင်းရယ်နှင့် သီပေါမြို့နယ်ကြားတွင် စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ဘေးရှောင် ၃၀၀ နီးပါး နေရပ်ပြန်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၉) ရက် နံနက်ပိုင်းတွင် မိုင်းရယ်နှင့် သီပေါမြို့နယ် အစပ်ရှိ ရှန်တော်ကျေးရွာအနီး ကျားဖြန့်ရုံဟောင်းဟု ယူဆရသည့် နေရာကို ရွေးကောက်ပွဲ ဒုတိယပိုင်း ကျင်းပရန်...
TangYan_Polling Station

တန့်ယန်း၊ မိုင်းရယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်စိစစ်မည်ဟု ခြိမ်းခြောက်

0
သျှမ်းပြည် တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်လည်စိစစ်မည်ဟု စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးများ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်းမှ တန့်ယန်းမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့ ပါဝင်သည်။ ထိုသို့ ပြည်သူများ...

ပင်လောင်းစစ်‌ရှောင်များ နေရပ်ပြန်လာသော်လည်း ပြန်လည်ထူထောင်ရေး မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နန်းနိမ့်ကျေးရွာသို့ နေရပ်ပြန်လာကြသော စစ်ဘေးရှောင်များသည် တိုက်ပွဲကြောင့် နေအိမ်ပျက်စီးမှုများကို ပြန်လည်ပြုပြင်မှု မလုပ်နိုင်သေးကြောင်း သတင်းရရှိသည်။ လွန်ခဲ့သည့် ၂၀၂၃ ခုနှစ်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) တပ်နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင်း ပင်လောင်းမြို့နယ် တောင်မဲသင်းကျေးရွာ၊ နန်းနိမ့်ကျေးရွာ နှင့် ပင်ပုံကျေးရွာ မှ...

နေရပ်ပြန် ပြောင်းချိုးသည့် အင်းလေးဒေသက စစ်ရှောင်အမျိုးသားပျောက်ဆုံးနေ

0
သျှမ်းပြည်တောင်ပိုင်း အင်းလေးဒေသသို့ စစ်ဘေးရှောင်လာသည့် အမျိုးသားတစ်ဉီးသည် ၎င်း၏ နေရပ်ဖြစ်သည့် ဖယ်ခုံမြို့နယ်အတွင်းသို့ ပြောင်းချိုးရန် သွားစဉ် ပျောက်ဆုံးသွားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၁ရက်တွင် အသက် ၂၄နှစ်အရွယ်ရှိ ကိုအောင်ကိုကို(ခ)ဖိုးနီသည် ဖယ်ခုံမြို့နယ် နောင်လိုင်ကျေးရွာသို့ ပြောင်းဖူးချိုးရန် နေရပ်ပြန်သွားခဲ့သည်။ ဒီဇင်ဘာ ၁၈ရက်တွင် အင်းလေးဒေသ စံကားကျေးရွာအုပ်စု...