တောင်ကြီးဆေးရုံရောက် စစ်ရှောင်အဘွား ခြေထောက်အရိုးကြွေမွဒဏ် ခွဲစိတ်ရန်လိုအပ်

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်တွင် သျှမ်းတပ် (၂) တပ်တိုက်ပွဲကြောင့် စစ်ရှောင်လာစဉ် ထော်လဂျီတိမ်းမှောက်ကာ တောင်ကြီးဆေးရုံတွင် ဆေးကုသနေသည့် အသက် (၈၆)နှစ်အဘွားသည် ခြေထောက်အရိုးကြွေမွဒဏ်ရသဖြင့် ခွဲစိတ်ကုသရန် လိုအပ်နေကြောင်း စုံစမ်းသိရသည်။

တောင်ကြီးဆေးရုံရောက် စစ်ရှောင်အဘွား ခြေထောက်အရိုးကြွေမွဒဏ် ခွဲစိတ်ရန်လိုအပ်

တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံတွင် ဆေးကုသမှုခံယူနေရသည့် စက်တင်ဘာ (၂၀)ရက်တွင် တိုက်ပွဲကြောင့် စစ်ရှောင်လာစဉ် ထော်လဂျီတိမ်းမှောက်ရာတွင် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည့် အသက် (၈၆)နှစ်အရွယ်ရှိ အဘွားသည် ခြေထောက်တွင် အရိုးကြေမွသွားသောကြောင့် ခွဲစိတ်ကုသရန် လိုအပ်နေကြောင်း လူနာစောင့်ပေးနေသည့် အမျိုးသမီး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ဟိုနေ့ကတော့ ခွဲခန်းထဲတခါဝင်ပြီးပြီ။ သူအနာကို ချုပ်ပေးထားလိုက်တယ်။ ပြီးတော့ ကျောက်ပတ်တီးစည်းထားတယ်။ စကားတွေလည်းပြောနိုင်ပြီ။ ဒူးကအရိုးကြေမွသွားလို့ ခွဲစိတ်ဖိုလိုသေးတယ်။အဖွားက အားမရှိသေးတော့ ခွဲစိတ်လို့မရသေးဘူး” ဟု ထို အဖွားကို စောင့်ပေးနေသည့် အမျိုးသမီး က ပြောသည်။

ထို အဖွားသည် တိုက်ပွဲကြောင့် စက်တင်ဘာ ၂၀ ရက်နေ့က ထွက်ပြေးတိမ်းရှောင်လာချိန်တွင် ထော်လာဂျီမှောက်ကာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့သောကြောင့် စက်တင်ဘာ (၂၂) ရက်တွင် တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံသို့ ဆေးကုသရန် ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ယခုလက်ရှိတွင် အဖွားသည် အသက်ကြီးလွန်သောကြောင့် ခွဲစိတ်ကုသရန်အတွက် ကိုယ့်ခံကောင်းရန်လိုအပ်ပြီး၊ အချိန်စောင့်ဆိုင်းရမည်ဖြစ်ကြောင်း အဘွားကို စောင့်ပေးနေသည့် သူက ပြောသည်။

“ အဖွားက အားမရှိသေးဘူးတဲ့။ ခွဲစိတ်ဖို့ကတော့ အချိန်ယူရအုံးမယ်လို့ ဆရာဝန်က ပြောတယ်။ ဒူးခေါင်းပြဲသွားတာလေ။ အဖွားက လည်း အသက်ကြီးပြီးဆိုတော့ ကိုယ့်ခံအားသိပ်မရှိတော့ဘူးလေ” ဟု ၎င်းအမျိုးသမီးက ဆိုသည်။

မိုင်းကိုင်မြို့နယ်တွင် တိုက်ပွဲကြောင့် ပြည်သူများထွက်ပြေးတိမ်းရှောင်လာရချိန်တွင် ထော်လာဂျီမှောက်ကာ အမျိုးသမီး (၃) ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

လက်ရှိမှာ မိုင်းကိုင်မြို့နယ်အတွင်း သျှမ်းတပ်(၂)တပ် တိုက်ပွဲကြောင့် စစ်ရှောင် (၃၀၀၀)ကျော်ထိရှိလာကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်းတယ ရောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်? စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး...

MNDAA နှင့် TNLA တို့ကြား စစ်ရေးတင်းမာမှု လူထုအခက်အခဲကြုံတွေ့

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား နှစ်ဖက်စစ်ရေး တင်းမာမှုကြောင့် ပြည်သူလူထု အခက်အခဲ ကြုံတွေ့နေကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ကြား...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

ကဒူးကြီးဒေသ စစ်ရေးတင်းမာနေဆဲ၊ စစ်ရှောင်များ ကျန်းမာရေး အတွက်ခက်ခဲနေ

0
သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသမှာ စစ်ရေးတင်းမာနေပြီး စစ်ရှောင်များအတွက် ကျန်းမာရေးနှင့် စားနပ်ရိက္ခာအခက်ခဲများ ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ပထမပတ်တွင် ဖြစ်ပွားခဲ့သော စစ်ပွဲကြောင့် ဒေသခံ တစ်ထောင်ကျော် စစ်ဘေးရှောင်နေရပြီး ဆေးပေးခန်းများနှင့် စားသောက်ကုန်ထောက်ပံ့မှုများလည်းမရှိကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “သူတို့စစ်ရှောင်တဲ့ နေရာဆို အရမ်းခေါင်တာ၊...

 RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊...