PNO
ကျောက်ဂူထဲရောက်တဲ့ စစ်ရှောင်တွေ စားဝတ်နေရေးခက်ခဲမြင်ကွင်း
မဲမှောင်နေတဲ့ ကျောက်ဂူ၊ ကျောက်ဆောင်တွေအောက်မှာ မိုးကာလေးကို အခင်းလုပ်ပြီး စစ်ရှောင်ကလေး၊ သက်ကြီးရွယ်အိုတွေဟာ ထိုင်သူကထိုင်၊ အိပ်သူကအိပ်နဲ့ တွေ့မြင်နေရပါတယ်။ အချို့သူတွေကလည်း ကျောက်ဂူ၊ ကျောက်ဆောင်နံဘေးမှာ မိုးကာအစိမ်းနဲ့ တဲထိုးပြီးနေနေကြပါတယ်။ ဒါ့အပြင် သခင်နဲ့အတူပါလာတဲ့ အိမ်မွေးတိရစ္ဆာန် ကြောင်လေးတွေကလည်း စားရယုံတမယ် အစာစားပြီးတော့ ထပ်စားရဖို့အရေး မျှော်နေပါတယ်။ အဲ့နေရာကတော့ သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နဲ့ ၄...
ဆီဆိုင်မြို့သို့ နေရပ်ပြန်စစ်ရှောင်အမျိုးသမီး တစ်ဦးကို PNO သေနတ်ဖြင့်ပစ်သတ်
သျှမ်းပြည် ဆီဆိုင်မြို့သို့ နေရပ်ပြန်သွားသည့် စစ်ရှောင်လင်မယား ၂ဦးကို ပအိုဝ်းပြည်သူ့စစ် (PNO) က သေနတ်ဖြင့် လိုက်ပစ်သဖြင့် အမျိုးသမီးက ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ (ဧပြီလ ၁၀)ရက် နံနက် ၆ နာရီအချိန်တွင် စစ်ဘေးရှောင် လင်မယားဖြစ်သည့် ဒေါမူနှင့် ဦးယောင်တို့ နှစ်ဦးသည်...
ပင်လောင်း၊ ညောင်ရွှေမြို့နယ်အတွင်း စစ်ကောင်စီတပ် အင်အားဖြည့်တင်းနေ
သျှမ်းပြည် ပင်လောင်းနှင့် ညောင်ရွှေမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် လက်အောက်ခံ ပြည်သူ့စစ် PNO က အင်အားဖြည့်တင်းနေလျက်ရှိကြောင်း စုံစမ်းသိရသည်။ ပင်လောင်းမြို့ စစ်အခြေခံလေ့ကျင့်ရေးတပ်အတွင်း ဧပြီလ ၁ ရက်နေ့ကတည်းက လူအင်အား ၃၀ ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထပ်မံရောက်ရှိလာပြီး ၎င်းရှေ့ရက်မတိုင်ခင်ကလည်း ပင်လောင်းမြို့ကို စစ်ကောင်စီ၏ စစ်ကား ၅...
ပအိုဝ်းလက်နက်ကိုင်များ ဖမ်းဆီးခံထားရသည့် အရပ်သား ၁၆ ဦး ပြန်မလွှတ်ပေးသေး
သျှမ်းပြည် ဆီဆိုင်မြို့နယ်၊ ဟိုပုံးမြို့နယ်နှင့် လွိုင်လင်မြို့နယ် တိုက်ပွဲကြားအတွင်း နှစ်ဘက် ပအိုဝ်းလက်နက်ကိုင်တပ်ဖွဲ့မှ ဖမ်းဆီးထားသည့် အရပ်သား ၁၆ဦး သည် ယနေ့ထိ ပြန်မလွှတ်မြောက် သေးကြောင်း စုံစမ်းသိရသည်။ အဆိုပါ ဖမ်းဆီးခံရသည့် အရပ်သား ၂၀ ဦးထဲတွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA ဘက်မှ အရပ်သား ၈...
ဆီဆိုင်-ဆိုက်ခေါင်ကြားရှိ ပင်စုံလမ်းခွဲတွင် PNO ဂိတ်ဖွင့်ပြီး ပိုက်ဆံတောင်းနေ
သျှမ်းပြည် ဆီဆိုင်-ဆိုက်ခေါင်ကြားရှိ ပင်စုံလမ်းခွဲတွင် ပအိုဝ်းပြည်သူ့စစ် PNO အဖွဲ့နာမည်ခံပြီး ဦးခွန်သန်းထိုက်အောင် (ခ) သန်းထိုက်အောင်ဆိုသူမှ ပိုက်ဆံတောင်းနေကြောင်း ဒေသခံတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရသည်။ ပအိုဝ်းပြည်သူ့စစ် PNO အဖွဲ့နာမည်ခံဖြင့် ဆိုက်ခေါင်စံပြကျေးရွာ ရပ်ကွက်သူကြီးဆိုသူ ဦးခွန်သန်းထိုက်အောင် (ခ) ဦးထိုက်အောင်က ရပ်ရွာလုံခြုံရေးအတွက်ဟုဆိုကာ မတ် ၁ ရက်မှစ၍...
PNO/ PNA အဖွဲ့ ပုံးအင်းဒေသ၌ ဆက်ကြေးတိုးကောက်နေ
သျှမ်းတောင် ဆီဆိုင်မြို့နယ်နှင့် ဟိုပုံးမြို့နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း စစ်ကောင်စီနှင့်အတူ ပူးပေါင်းပါဝင်တိုက်ခိုက်နေသည့် ပအိုဝ်းပြည်သူ့စစ် PNO/PNA အဖွဲ့က ပုံးအင်းဒေသရှိ ဒေသခံများထံ ဆက်ကြေး တိုးကောက်လာနေကြောင်း စုံစမ်းသိရသည်။ ဆီဆိုင်မြို့နယ် ဆိုင်လဲကျေးရွာအုပ်စုအတွင်း နေထိုင်သည့် (ရွာပေါင်း ၃၅ ရွာ) ဒေသခံများအနေဖြင့် မဖြစ်မနေ ပအိုဝ်းပြည်သူ့စစ် PNO အဖွဲ့ထံသို့ အခွန်ဆောင်ရန် မတ်လ ၉ ရက်နေ့၌...
ဟိုပုံး-မိုင်းပွန်ကြား စစ်ကောင်စီ နှင့် PNO တို့ လမ်းပိတ်၊ ကားများပိတ်မိနေ
သျှမ်းပြည် ဟိုပုံး နှင့် မိုင်းပွန်တွင် စစ်ကောင်စီ နှင့် PNO ပြည်သူ့ စစ်တို့ လမ်းပိတ်ထားသဖြင့် ကားများပိတ်မိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် ဟိုပုံးမြို့နှင့် မိုင်းပွန်မြို့ကြားရှိ ထမ်စမ်းဂူအနီးတွင် ယနေ့ (ဖေဖော်ဝါရီလ ၂၁) ရက် နံနက် ၁၀ နာရီခွဲ ဝန်းကျင်တွင် စစ်ကောင်စီ...
ဆီဆိုင်မြို့နယ် ဒေသခံ ၁၅ ဦးထက်မနည်း လက်နက်ကြီးထိမှန်
သျှမ်းပြည် ဆီဆိုင်မြို့နယ်အတွင်း စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် PNO အဖွဲ့တို့ ပစ်ခတ်သည့် လက်နက်ကြီး၊ လက်နက်ငယ်များကြောင့် ဒေသခံ ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ယနေ့ (ဖေဖော်ဝါရီ ၁၉ ရက်) နံနက် ၆ နာရီခွဲဝန်းကျင်တွင် စစ်ရှောင်များ ဆီဆိုင်မြို့သို့ နေရပ်ပြန်ပြီး...
PNO အမိန့်အရ ဆိုက်ခေါင်ဒေသခံများ စစ်ဝတ်စုံနှင့် သေနတ်ကိုင်ဆောင်ကင်းလှည့်ပေးနေရ
သျှမ်းပြည်ဆီဆိုင်မြို့နယ် ဆိုက်ခေါင်ကျေးရွာတွင် ပအိုဝ်းပြည်သူ့စစ် PNOအဖွဲ့၏ အမိန့်အာဏာအရ ဒေသခံများသည် စစ်ဝတ်စုံနှင့်သေနတ်ကိုင်ဆောင်ပြီး လုံခြုံရေးကင်းလှည့်ပေးနေရကြောင်း စုံစမ်းသိရသည်။ ပအိုဝ်းပြည်သူ့စစ် PNO အဖွဲ့ဝင် ဦးခွန်သန်းထိုက်အောင် (ခ) ဦးထိုက်အောင်နှင့် ဦးကောပိတမှ ဦးဆောင်ပြီး တစ်အိမ်လျှင် ၁ ဦး မဖြစ်မနေ ကင်းလှည့်စောင့်ပေးရန် (ဇန်နဝါရီလ ၁၅ ရက်)...
ဆီဆိုင်မြို့နယ် စစ်ကောင်စီ လက်နက်ကြီးပစ် အရပ်သား ၂ဦးသေ၊ ၇ဦးဒဏ်ရာရ
သျှမ်းပြည် ဆီဆိုင်မြို့နယ် ဘန်းယဉ်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းမှ ပစ်ခတ်လိုက်သော လက်နက်ကြီးများကြောင့် အရပ်သား ၂ ဦးသေဆုံးပြီး၊ ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ဘန်းယဉ်ကျေးရွာ စစ်ကောင်စီ၏ အခြေစိုက် ခြေမြန်တပ်ရင်း ခမရ ၄၂၅ နှင့် ၄၂၆ တပ်ရင်းမှနေ၍ စစ်ကောင်စီနှင့် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့သည် ဘန်းယဉ်ကျေးရွာအရှေ့ဘက်ရှိ...





