Wednesday, January 28, 2026

PNLA

ဆီဆိုင်မြို့မစျေး စစ်ကောင်စီ လက်နက်ကြီး ကြောင့် မီးလောင်

သျှမ်းပြည် ဆီဆိုင်မြို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် မြို့မဈေးတစ်ခုလုံး မီးလောင်နေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၁၅ ရက်) ညနေပိုင်း ၄ နာရီဝန်းကျင်တွင် ဆီဆိုင်မြို့သို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် မြို့မဈေး၏ အရှေ့တောင်ဘက်မှ ဆိုင်ခန်းများ စတင်မီးလောင် သွားပြီး တစ်ညလုံးမီးငြိမ်းသတ်နိုင်ခြင်းမရှိကာ...

ဆီဆိုင်-ဟိုပုံးမြို့နယ်အစပ် စစ်ကောင်စီက လေယာဉ်ဖြင့်ဗုံးကြဲ ပြည်သူ ၂ ဦးသေဆုံး

သျှမ်းပြည် ဆီဆိုင်- ဟိုပုံးမြို့နယ် အစပ် ဆီဆိုင်မြို့နယ် ပဆျားကြိုးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ပြည်သူ ၂ ဦးသေဆုံးသွားခဲ့ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PNLA၏ ထုတ်ပြန်ချက်အရ သိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၁၄ ရက်) နံနက်ပိုင်း...

ဆီဆိုင်မြို့နယ် ရက်ပေါင်း ၂၀ ကျော်ကြာ တိုက်ပွဲထဲ စစ်ကောင်စီအပေါင်းအပါ ၆၀ ခန့် သေဆုံး

သျှမ်းပြည် ဆီဆိုင်မြို့နယ်အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLA၊ ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီ၊ ပြည်သူ့စစ်အဖွဲ့ PNO တို့အကြား တိုက်ပွဲ ရက်ပေါင်း ၂၀ ကျော်တွင် စစ်ကောင်စီအပေါင်းအပါ ၆၀ ခန့်သေဆုံးသွားကြောင်း သိရသည်။ ဇန်နဝါရီလ ၂၂ ရက်မှစတင်ပြီး ဆီဆိုင်မြို့နယ် နော်ထော်ကျေးရွာရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်...

တောထဲရောက် ဆီဆိုင်စစ်ရှောင်များ ရိက္ခာပြတ်လပ်မှုနှင့် ကြုံတွေ့နေ

သျှမ်းပြည် ဆီဆိုင်မြို့နယ်အတွင်း တိုက်ပွဲကြောင့် တောတောင်ထဲ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များသည် စားနပ်ရိက္ခာပြတ်လပ်မှုနှင့် ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA၊ ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား တိုက်ပွဲများကြောင့် တောင်တောင်ထဲထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များသည် ရက်ရှည်လာ ကြာနှင့်အမျှ စုဆောင်းထားသည့် စားနပ်ရိက္ခာများ နည်းပါးလာကြောင်း စစ်ဘေးရှောင်ကူညီသူထံမှ သိရသည်။ တစ်ဖက်တွင်လည်း တိုက်ပွဲပြင်းထန်လျက်ရှိသောကြောင့် စစ်ဘေးရှောင်များသည်...

ဆီဆိုင်မြို့နယ် အင်အားဖြည့်တင်းနေသည့် စစ်ကောင်စီတပ်နှင့် PNLA စစ်ရေးတင်းမာ

သျှမ်းပြည် ဆီဆိုင်မြို့နယ် ဆိုက်ခေါင်ကျေးရွာအတွင်းသို့ အင်အားဖြည့်တင်းနေသည့် စစ်ကောင်စီတပ် နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA တပ်တို့သည် နှစ်ဖက်စစ်ရေးတင်းမာနေကြောင်း ဆိုက်ခေါင်ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီလက်အောက်ခံတပ်များသည် ဖေဖော်ဝါရီလ ၅ ရက်ကတည်းက ဆိုက်ခေါင်ကျေးရွာ၏ အရှေ့ဘက်သို့ အမြှောက်တပ်များ လာရောက်တပ်စွဲထားသကဲ့သို့ ဇောတိကရာမကျောင်းတိုက်အတွင်း အင်အား ၃၀၀ ခန့်ရှိသည့် စစ်ကောင်စီလက်အောက်ခံတပ်သားများ...

ဆီဆိုင်မြို့နယ်အတွင်း စစ်ကောင်စီ နှင့် PNLA တိုက်ပွဲထပ်မံဖြစ်ပွား

သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ်တွင် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLA) တို့အကြား ထိတွေ့တိုက်ပွဲ ထပ်မံ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ( ဖေဖော်ဝါရီလ ၈) ရက်တွင် ဆီဆိုင်မြို့နယ်၊ ဘန်းယဥ်တိုက်နယ်၊ ထီဗီကျေးရွာအနီး၌ အာဏာသိမ်း စစ်ကောင်စီ...

ဆီဆိုင်မြို့နယ် ဆိုက်ခေါင်ကျေးရွာအနီးအထိ တိုက်ပွဲဆက်ဖြစ်

သျှမ်းပြည် ဆီဆိုင်မြို့ရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA၊ ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲသည် ဆိုက်ခေါက်ကျေးရွာအနီးအရှေ့ဘက် လွယ်ပွတ်ကျေးရွာအထိ ဆက်ဖြစ်လာနေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၆ ရက်) တွင် ဆီဆိုင်မြို့နယ် ဆိုက်ခေါင်ကျေးရွာ၏ အရှေ့ဘက်နေရာ၌ လုံခြုံရေးဆောင်ရွက်နေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA တပ်ဖွဲ့ကို စစ်ကောင်စီတပ်ဖွဲ့များက...

စစ်အာဏာရှင်အမြစ်ပြတ် ဆက်လက်ချီတက်မည်ဟု PNLAပြော

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLA အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ပေါင်းစုံနှင့် ပူးပေါင်းပြီး စစ်အာဏာရှင်အမြစ်ပြတ်ရေး ဆက်လက်ချီ တက်သွားမည်ဟု PNLA ကပြောဆိုလိုက်သည်။ ဆီဆိုင်မြို့ကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLA မှ ထိန်းချုပ်ပြီးနောက် စစ်ကောင်စီသည် ၎င်းတို့လက်လွတ်ဆုံးရှုံးရသည့် မြို့များ၊ ရွာများကို အလုံးစုံဖျက်ဆီးပစ်ရေး သဘောထားဖြင့် တိုက်ခိုက်ဖျက်ဆီးနေကြောင်း...

နှစ်ပတ်အတွင်း ဆီဆိုင် စစ်ရှောင် ၄သောင်းကျော်ထိရှိ

သျှမ်းပြည် ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူစစ် (PNO/PNA) နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက် ရေးတပ်မတော် (PNLO/PNLA) တို့တိုက်ပွဲများကြောင့် နှစ်ပတ်အတွင် စစ်ဘေးရှောင် လူဦးရေ ၄ သောင်းကျော်ထိရှိနေကြောင်း Pa-o Youth Organization က ပြောဆိုလိုက်သည်။ ထိုတိုက်ပွဲများကြောင့် ကယား (ကရင်နီ)ပြည်နယ်မှ...

ဆီဆိုင်မြို့တိုက်ပွဲ စစ်ကောင်စီ အလောင်း ၅၀ တွေ့၊ လက်နက် ၅၀ သိမ်းပိုက်ရရှိ

သျှမ်းပြည် ဆီဆိုင်မြို့အနီးတွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီ အလောင်း ၅၀ တွေ့ပြီး လက်နက် ၅၀ ခန့်သိမ်းပိုက်ခဲ့ရရှိခဲ့ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA ပြောဆိုလိုက်သည်။ ယမန်နေ့ (ဇန်နဝါရီလ ၃၀ ရက်)တွင် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLAမှ ဆီဆိုင်မြို့နယ်အတွင်း လုံခြုံရေးဆိုင်ရာ ကိစ္စကို...

Latest news