PNLA ထိန်းချုပ်ထားသည့် ဆီဆိုင်မြို့ကို တင့်ကား သံချပ်ကာကား အလုံးအရင်း ထိုးစစ်ဆင်ရန် စစ်ကောင်စီ ပြင်ဆင်

သျှမ်းပြည်နယ် တောင်ပိုင်း၊ ဆီဆိုင်မြို့ကို စစ်ကောင်စီတပ်က တင့်ကား၊ သံချပ်ကာကားများ အပါအဝင် စစ်အင်အား အလုံးအရင်း အသုံးပြု ထိုးစစ်ဆင်ရန် ပြင်ဆင်နေကြောင်း စစ်ရေးသတင်းရင်းမြစ်က ယနေ့ (ဖေဖော်ဝါရီ ၂၀ ရက်) တွင် ပြောသည်။

စစ်ကောင်စီ

ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) ထိန်းချုပ်ထားသည့် ဆီဆိုင်မြို့ ပြန်ရရေး မိုင်းဆတ်မြို့ အခြေစိုက် စကခ (၁၄) လက်အောက်ခံ ခလရ (၄၉) နှင့် ခလရ (၂၇၇) တပ်များ ရွှေညောင်မြို့ရှိ ထောက်ပို့တပ်တွင် စစ်လက်နက် ပစ္စည်းများ ထုတ်ယူပြီး အသင့်စောင့်ဆိုင်းနေသည်ဟု ၄င်းကဆိုသည်။

ထို့အပြင် ဟိုပုံး၊ ဆီဆိုင် ထိုးစစ် အတွက် သျှမ်းတောင်နှင့် သျှမ်းအရှေ့ရှိ ၀မ်ဆင်း ခလရ (၂၈၇)၊ နောင်ဝိုး ခလရ (၂၉၂)၊ တာဆန်း ခလရ (၂၉၄)၊ တာကော် ခလရ (၂၉၆)၊ ကျိုင်းခမ်း ခမရ (၅၁၀)၊ မိုင်းကိုင် ခလရ (၅၁၄) တပ်များ စုဖွဲ့ ပြင်ဆင်နေသည်ဟု ၄င်းကထပ်မံ ပြောဆိုသည်။

“ကစထမှူး ဦးစီးပြီး ယာယီစစ်ဆင်ရေးဗျူဟာ တစ်ခုထိုင်ပြီး တိုက်စစ်ဆင်မယ်လို့ သိရပါတယ်။ ဘန်းယဉ်ဘက်ကို အင်အားဖြည့်မယ်လို့ သိရပါတယ်။ အခု စုဖွဲ့နေတဲ့ တပ်အများစုက တိုင်းစစ်ဌာနချုပ်လက် အောက်ခံတပ်တွေ” ဟု ၄င်းကရှင်းပြသည်။

ဆီဆိုင်မြို့နယ်

လက်ရှိ ဆီဆိုင်မြို့ကို ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) က ထိန်းချုပ်ထားပြီး နေ့စဥ် စစ်ကောင်စီတပ် လေကြောင်း တိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ် အဆောက်အအုံ များစွာ ပျက်စီးခဲ့သည်။

ယမန်နေ့က ဆီဆိုင်မြို့နယ်၊ ဝါးတောရွာအနီး စစ်ကောင်စီတပ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား ပြည်သူ ၇ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်၊ ည ၉ နာရီကလည်း ထမ်းယံနှင့် ထီတမ် ကျေးရွာတွင် စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် နေအိမ်ပျက်စီးကာ ကလေးငယ် အပါအဝင် အရပ်သား ၂ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့သေးသည်။

မြို့တွင်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ် တပ်သား အများအပြား သေဆုံးပြီး အလောင်းအများအပြား ကျန်ခဲ့၍ ကောင်းမွန်စွာ သင်္ဂြိုဟ်ပေးခဲ့ကြောင်း PNLA က ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

တိုပ်ပွဲများကြောင့် ဆီဆိုင်နှင့် ဟိုပုန်း ဒေသခံ စုစုပေါင်း တစ်သိန်းနီးပါး စစ်ဘေးရှောင်နေရပြီး အကူအညီများစွာ လိုအပ်နေသည်ဟု စစ်ဘေးရှောင်များအား ကူညီပေးနေသည့် တောင်ကြီးနှင့် ရွှေညောင် ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင်မြို့နယ်ရှိ ကျေးရွာများတွင် ဘောင်းဘီဝတ်လျှင် ဒဏ်ငွေပေးဆောင်ရမည်ဟုဆို

0
သျှမ်းပြည်တောင်ပိုင်း၊ဆီဆိုင်မြို့နယ် ထမ်ဆိုင်းကျေးရွာနှင့် အနီးနားကျေးရွာများတွင် ဘောင်းဘီဝတ်ခွင့် ပိတ်ပင်ထားပြီး၊ ဘောင်းဘီဝတ်လျှင် ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလဆန်းပိုင်းမှစကာ ထမ်ဆိုင်းကျေးရွာနှင့် ၎င်းပတ်ဝန်းကျင် အနီးနားရှိကျေးရွာမှ ဒေသခံများ ရိုးရာ ဝတ်စားဆင်ယင်မှု လျော့နည်းလာခြင်း၊ ကျေးရွာ ဂုဏ်သိက္ခာထိခိုက်စေလာမှုကြောင့် ဘောင်းဘီဝတ်ဆင်မှုကို ကျေးရွာသူကြီးများက ကန့်သတ်လိုက်ကြောင်း ၎င်းဒေသခံများက ပြောသည်။ အဆိုပါ ကန့်သတ်ချက်ကို...

ဆီဆိုင်တွင် မိုင်းရှင်းရန် PNO ကို ငွေပေးနေရ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စိုက်ခင်းများအတွင်း ကျန်ရှိနေသည့် စစ်လက်နက်အကြွင်းအကျန် မြေမြုပ်မိုင်းများကို စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO ထံငွေပေးပြီး ရှင်းခိုင်းနေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ဇန်နဝါရီမှစပြီး ဆီဆိုင်မြို့နယ်အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)၊ကရင်နီတော်လှန်ရေးတပ်ပေါင်းစု ပူးပေါင်းအဖွဲ့များနှင့် စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းတပ်တို့အကြား...

ဆီဆိုင်မြို့နယ် PNO စစ်ဆေးရေးဂိတ်တွင် ကန့်သတ်ကုန်များကို စစ်ဆေးတင်းကြပ်နေ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) စစ်ဆေးရေးဂိတ်များတွင် ကန့်သတ်ကုန်ပစ္စည်းများကို စစ်ဆေးတင်းကြပ်နေကြောင်း စုံစမ်းသိရသည်။ ဆီဆိုင်မြို့နယ်အတွင်း အခြေခံစားသောက်ကုန်များ ၊ ဆေးဝါးများ နှင့် စက်သုံးဆီများကိုသယ်ယူပို့်ဆောင်ရာာတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO များက သယ်ယူပို့ဆောင်ရန် ကန့်သတ်မှုများ ပြုလုပ်...

ဆီဆိုင်မြို့နယ်တွင် မိုးကြိုးစက်ကွင်းကြောင့် နွားအကောင်ရေ ၅၀ ခန့်သေဆုံး

0
သျှမ်းပြည် ဆီဆိုင်မြို့နယ်တွင် မိုးကြိုးစက်ကွင်း ထိမှန်ခြင်းကြောင့် နွားအကောင်ရေ ၅၀ ခန့် သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မေလ ၂၁ ရက်) နေ့လယ် ၂ နာရီခန့်တွင် ဆီဆိုင်မြို့နယ် ကောင်ဝါးတောင်ရွာရှိ တောင်ယာအနီးတွင် နွားအုပ်လိုက် ကျက်စားနေချိန် မိုးကြိုးစက်ကွင်း ထိမှန်ခဲ့ခြင်းကြောင့် နွား အကောင်ရေ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...