MNDAA

သိန္နီမြို့ MNDAA မှ တပ်သားသစ်စုဆောင်းရာတွင် အမျိုးသမီးများပါ စာရင်းကောက်နေ

သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ် MNDAA မှ တပ်သားသစ် စုဆောင်းရာတွင် အမျိုးသမီးများကိုပါခေါ်ယူရန် စာရင်းကောက်ယူနေကြောင်း သတင်းရရှိသည်။ သိန္နီမြို့နယ်မှ ကိုးကန့်တပ် MNDAA တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေသည့်ကြားက ယမန်နေ့ (ဇွန်လ ၁၅ )ရက်တွင် MNDAA မှ ဒေသခံများကိုအစည်းအဝေးခေါ်ယူပြီး မြို့တွင်းလုံခြုံရေးအတွက် တပ်သားသစ်အဖြစ် စစ်မှုထမ်းစုဆောင်းပေးရန်...

သိန္နီမြို့မှ MNDAA ထပ်မံတပ်ဆုတ်မည်ဟု သတင်းထွက်နေသော်လည်း ပြန်လည်ထူထောင်ရေး ဆက်လုပ်နေ

သျှမ်းပြည် သိန္နီမြို့နယ်မှ ကိုးကန့်တပ်ဖွဲ့ MNDAA တပ်ဆုတ်ခွာနိုင်ကြောင်း သတင်းထွက်ပေါ်နေသော်လည်း ပြန်လည်ထူထောင်ရေးကို အရှိန်မပျက် ဆက်လက်လုပ်ဆောင်နေကြောင်း စုံစမ်းသိရသည်။ သိန္နီမြို့ကို တစ်နှစ်ခွဲကျော် ထိန်းချုပ်ထားသည့် ကိုးကန့်တပ်ဖွဲ့ MNDAA သည် လာမည့် စက်တင်ဘာလအတွင်း ထပ်မံတပ်ဆုတ်ရမည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသော်လည်း သိန္နီမြို့ပေါ်တွင် ပညာရေး၊ ကျန်းမာရေးနှင့်...

အခြားသူတွေ …

နင့် အဘွား မွေးရပ်မြေလည်း မဟုတ်ဘူး … ငါ့ မွေးရပ်မြေလည်း မဟုတ်ဘူး … နင့် မွေးရပ်မြေလည်း မဟုတ်ဘူး … ။ ဒါပေမယ့် ငါ့အမေ ခေါင်းချသွားတဲ့ မြို့ … ငါနဲ့ နင့်အဖေ စတင်တွေ့ခဲ့တဲ့မြို့ … နင့်ဘဝရဲ့ ပထမဆုံးခရီးစဉ်။ ရွာအသေးလေးတွေ...

လားရှိုးမြို့အဝင် MNDAA စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီယာဉ်တန်း အချိန်အတော်ကြာ စစ်ဆေးခံရ

သျှမ်းပြည် လားရှိုးမြို့အဝင် မယ်ဟန်ကျေးရွာရှိ ကိုးကန့်တပ်ဖွဲ့ MNDAA စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီယာဉ်တန်းကို ကားပေါ်အထိ တက်ရောက်ကာ အချိန်အတော်ကြာ စစ်ဆေးခဲ့ကြောင်း စုံစမ်းသိရသည်။ ဇွန်လ (၅) ရက် နံနက်ပိုင်းတွင် မိုင်းရယ်ဘက်မှ လာသည့် စစ်ကား (၆) စီးပါ စစ်ကောင်စီယာဉ်တန်းသည် လားရှိုးမြို့အဝင် မယ်ဟန်ကျေးရွာရှိ MNDAA...

လားရှိုး MNDAA မှ အိမ်ထောင်စုစာရင်းတောင်းခံရန် ကျေးရွာဥက္ကဋ္ဌများ ဖမ်းဆီးသွားပြီး အာမခံဖြင့် ပြန်လွှတ်

သျှမ်းပြည် လားရှိုးမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ မှ ဟန်နားကျေးရွာအုပ်စုအတွင်း အိမ်ထောင်စုစာရင်း တောင်းခံရန် ကျေးရွာဥက္ကဋ္ဌကို ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အာမခံဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။ ဇွန်လ (၅) ရက် ညနေ ၆ နာရီအချိန်တွင် လားရှိုးမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA မှ လောင်ခိုင် ဆိုသူ ဦးဆောင်သည့်အဖွဲ့သည်...

SSPP နှင့် MNDAA တို့ နယ်မြေပြဿနာ တိုက်ပွဲဆက်တိုက်ဖြစ်

သျှမ်းပြည် လားရှိုးမြို့နယ်နှင့် သီပေါမြို့နယ်များတွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့သည် နယ်မြေပြဿနာ အငြင်းပွားမှုကြောင့် တိုက်ပွဲဆက်တိုက် ဖြစ်ပွားလာကြောင်း သတင်းရရှိသည်။ ယခုနှစ်ဦးပိုင်း ၂၀၂၅ ဇန်နဝါရီလမှ စတင်ပြီး စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့အကြား တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့်...

လားရှိုး တိုက်ပွဲအတွင်း MNDAA တပ်သား ၈ ဦးကျဆုံးဟု SSPP ပြော၊ တစ်ရက်တည်း တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့

သျှမ်းပြည် လားရှိုးမြို့နယ်တွင် SSPP/SSA နှင့် MNDAA တို့အကြား တစ်ရက်တည်း ထိတွေ့တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး MNDAA တပ်သား ၈ ဦး ကျဆုံးကြောင်း SSPP ဘက်မှ ထုတ်ပြန်ခဲ့သည်။ ယမန်နေ့ (ဇွန်လ ၁ ရက်) နေ့လယ် ၂ နာရီကျော်မှ စတင်ပြီး...

လားရှိုးမြို့နယ်အတွင်း SSPP နှင့် MNDAA အကြား တစ်လကြာပြီးနောက် တိုက်ပွဲပြန်ဖြစ်

သျှမ်းပြည် လားရှိုးမြို့နယ်အတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့အကြား တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇွန်လ ၁ ရက်) နေ့လယ် ၂ နာရီကျော်အချိန်တွင် လားရှိုးမြို့နယ် ဟန်နားကျေးရွာအုပ်စု နမ့်လုတ်ရွာအနီးတွင် သျှမ်းတပ် SSPP/SSA နှင့် ကိုးကန့်တပ်ဖွဲ့...

လားရှိုးမြို့မှ ဆုတ်ခွါရသည့် ကိုးကန့် MNDAA တပ်က စကစ စစ်သုံ့ပန်းများအား ပြန်လွှတ်ပေး

လားရှိုးမြို့ကို တိုက်ခိုက်သိမ်းပိုက်စဉ်က ဖမ်းဆီးရမိသည့် စစ်ကောင်စီ အရာရှိကြီးငယ် သုံ့ပန်းများအား ကိုးကန့် MNDAA က ပြန်လည် လွှတ်ပေးနေကြောင်း စုံစမ်းသိရသည်။ တရုတ်ဖိအားကြောင့် လားရှိုးမြို့ပေါ်မှ တပ်ဆုတ်ပြီး တစ်လမပြည့်မီ သုံ့ပန်းအဖြစ် ဖမ်းဆီးခံထားရသည့် စစ်ကောင်စီသုံ့ပန်း များကို အသုတ်လိုက်ခွဲပြီး ပြန်လွှတ်ပေးနေကြောင်း သံချပ်ကာ တပ်ရင်း၊ ခလရ...

MNDAA ထိန်းချုပ်ဒေသ အမြဲတမ်းနေထိုင်ခွင့်အတွက် ရင်းနှီးမြှုပ်နှံမှုများဖြင့် ဆွဲဆောင်နေ

သျှမ်းပြည် လောက်ကိုင်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ အထူးဒေသ-၁ အတွင်း အမြဲတမ်းနေထိုင်ခွင့် ပေးအပ်ခြင်းဖြင့် ရင်းနှီးမြှုပ်နှံသူများကို စည်းရုံးဆွဲဆောင်နေကြောင်း စုံစမ်းသိရသည်။ ကိုးကန့်တပ်ဖွဲ့ MNDAA သည် စစ်ကောင်စီနှင့် တရားဝင် အပစ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ထိုးပြီးနောက် ၎င်းထိန်းချုပ်ထားသည့် လောက်ကိုင်မြို့တွင် ဇန်နဝါရီလ နှောင်းပိုင်းမှ စတင်ပြီး...

Latest news