MNDAA က နယ်စပ်လုံခြုံရေးအတွက် သေနတ်(၂၀၀) လက်ကို တရုတ်လက်အပ်၊ (၅၀၀)နီးပါး မီးရှို့ဖျက်ဆီး

မြန်မာ-တရုတ်နယ်စပ် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို မြှင့်တင်ရန် ကိုးကန့်တပ်ဖွဲ့ MNDAA က သေနတ် (၆၇၆) လက်ကို သိမ်းဆည်းခဲ့ပြီး ထိုထဲမှ သေနတ် (၂၀၀) လက်ကို တရုတ်နိုင်ငံဘက် လွှဲပြောင်းပေးခဲ့ကာ ကျန်ရှိသည့် (၄၇၆) လက်ကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း သတင်းသိရသည်။

ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် အထူးဒေသ(၁) သည် မြန်မာ-တရုတ်နယ်စပ်တွင် တည်ရှိပြီး တရားမဝင် လက်နက်နှင့် ပေါက်ကွဲမှုဆိုင်ရာ ပစ္စည်းများ ပျံ့နှံမှုသည် နှစ်ဘက်နယ်စပ်ဒေသ၏ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို တိုက်ရိုက်သက်ဆိုက်ကြောင်း ကိုးကန့်သတင်းကွန်ရက်မှ ယနေ့ (ဩဂုတ်လ ၂၅ ရက်) တွင် သတင်းထုတ်ပြန်သည်။

MNDAA လက်အောက်ခံ အထူးဒေသ(၁) ရဲတပ်ဖွဲ့သည် သေနတ် (၆၇၆) လက်ကို သိမ်းဆည်းရမိခဲ့ပြီး ၎င်းတို့အနက် သေနတ်အလက်ရေ (၂၀၀) ကို တရုတ်နိုင်ငံဘက်သို့ လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသော လေသေနတ်၊ သံချွန်ထိုးသေနတ်များ အပါအဝင် တရားမဝင်သေနတ် (၄၇၆) လက်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။

ဓာတ်ပုံ-သေနတ်များကို MNDAA မီးရှို့ဖျက်ဆီးနေစဉ် (ဓာတ်ပုံ-The Kokang)

ယခုကဲ့သို့ သေနတ်ဖျက်ဆီးသည့် လုပ်ငန်းစဉ်သည် နိုင်ငံရေးအရ အရေးပါပြီး နယ်စပ်ဒေသ တည်ငြိမ်ရေးကို ထိန်းသိမ်းရန် ခိုင်မာသော ဆန္ဒရှိခြင်းကို ထင်ဟပ်စေကြောင်း MNDAA ဘက်က ပြောဆိုထားသည်။

ဓာတ်ပုံ-သေနတ်များကို MNDAA မီးရှို့ဖျက်ဆီးနေစဉ် (ဓာတ်ပုံ-The Kokang)

အခြားတစ်ဘက်တွင် ‘ဝ’တပ်ဖွဲ့ UWSA သည် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များ ဖြစ်ကြသည့် တအာင်း(ပလောင်)တပ်ဖွဲ့ PSLF/TNLA ၊ ကိုးကန့်တပ်ဖွဲ့ MNTJP/MNDAA နှင့် သျှမ်းတပ် SSPP/SSA တို့မှ ထိပ်ပိုင်းခေါင်းဆောင်များကို ‘ဝ’ထိန်းချုပ် ပန်ဆန်းမြို့သို့ ခေါ်ယူပြီး စစ်လက်နက်နှင့် ငွေကြေးများကို မည်သည့်အကြောင်းပြချက်မဆို ကူညီထောက်ပံ့ပေးတော့မည် မဟုတ်ကြောင်း UWSA ၏ တရားဝင် စစ်ရေးဆုံးဖြတ်ချက်ကို WSTV မှ ဩဂုတ်လ ၂၀ ရက်တွင် သတင်းထုတ်ပြန်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မာရီဂိုးလ်ပန်းစက်ရုံထွက်အနံ့ကြောင့် ဒေသခံများ ခေါင်းမူး၊ အော့အန်မှုဖြစ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့နယ် ပွေးလှကျေးရွာ နှင့် တောင်ကြီးမြို့နယ် ရေပူကျေးရွာ၊ တောင်နီကျေးရွာတွင် ရှိသည့် မာရီဂိုးလ် ပန်းစက်ရုံထွက် အညစ်အကြေးနှင့် အနံ့ဆိုးကြောင့် ‌ ခေါင်းမူး၊ အော့အန်မှုများဖြစ်၍ ချောင်းအတွင်း ငါးများလည်း သေဆုံးမှုရှိနေကြောင်း သတင်းရရှိသည်။ သျှမ်းတောင်တွင် မာရီဂိုးလ်ပန်းများကို တရုတ်ကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆို၍ စိုက်ပျိုးသူများလာပြီး တရုတ်ကုမ္ပဏီဘက်မှ...

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

တရုတ်နှင့် စာချုပ်ထားသည့် မာရီဂိုးလ်စိုက်သူများ အရှုံးပေါ်လျှင် တရုတ်ကို လျော်ကြေးပေးရမည်ဟုဆို

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်၊ ပင်းတယမြို့နယ်နှင့် ကလောမြို့နယ်ဘက်တွင် တောင်သူအများစုသည် တရုတ်နှင့် စာချုပ်ချုုပ်၍ မာရီဂိုးလ်ပန်းများ စိုက်ပျိုးလာကြပြီး အရှုံးပေါ်လျှင် ပြန်လည်လျှော် ပေးရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ သျှမ်းတောင်သည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သော ဒေသဖြစ်ပြီး ပြောင်း၊ မုန့်ညင်း၊ ဂေါ်ဖီနှင့် တခြားသော ေရတိုသီးနှံများကို အများဆုံးစိုက်ပျိုးကြသည်။ ထိုသို့ ရေတိုသီးနှံများအပြင် တရုတ်ပွဲစားများက...

တရုတ်ဖိအားကြောင့် မူဆယ် ခိုတိန်ကျားဖြန့်ဝန်းကို SSPP စီးနင်း၊ ဟန်ပြလုပ်ဆောင်မှုဟု ဒေသခံများ ဝေဖန်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း အခြေစိုက်သည့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) ဝန်းတစ်ခုကို သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့တွင် မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စုရှိ ခိုတိန်ရွာ ကျားဖြန့်ဝန်းကို SSPP က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါစီးနင်းမှုအတွင်း သျှမ်း၊...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...