သိန္နီမြို့ ပြန်ပေးရေး ကိစ္စ MNDAA နှင့် စစ်ကော်မရှင် ဆွေးနွေး၊ အဖြေမထွက်

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ရှိ ဆင်နှစ်ကောင်ဟိုတယ်တွင် ကိုးကန့်တပ် MNDAA နှင့် စစ်ကော်မရှင်၏ ကိုယ်စားလှယ်တို့သည် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း အဖြေမထွက်ဘဲ ပြီးဆုံးသွားခဲ့ကြောင်း သတင်းသိရှိရသည်။

ယမန်နေ့ (သြဂုတ် ၁၄ ရက်)က ပြုလုပ်သည့် ဆွေးနွေးပွဲတွင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) တိုင်းမှူး ဗိုလ်မှူးချုပ် အေးမင်းဦး ဦးဆောင်ပြီး ကိုးကန့်တပ် MNDAA အခိုင်အမာ ပြင်ဆင်တည်ဆောက်ထားသည့် သိန္နီမြို့ကို ပြန်ပေးရေးအပါအဝင် ဆွေးနွေးခဲ့ကြောင်း သိရသည်။

စစ်ကော်မရှင်၏ တောင်းဆိုမှုများကို MNDAA ဘက်က လက်မခံသဖြင့် အဖြေမထွက်ဘဲ ပြီးဆုံးသွားခဲ့သည်။

“မြို့ထဲမှာ နေတဲ့အဖွဲ့တွေက တုတ်တုတ်ကို မလှုပ်သေးတာ။ ကျနော်အသိ ကိုးကန့်တပ်ထဲက စစ်သားတွေနဲ့လည်း စကားပြောဖြစ်တယ်။ သူတို့လည်း လုံးဝပြန်မဆုတ်ပေးနိုင်ဘူးတဲ့၊ ဟိုဘက်ကလည်း ဒီလကုန်ရင် ဌာနဆိုင်ရာတွေ သိန္နီမြို့ကို ပြန်ဝင်လာမယ်လို့ သတင်းဖြန့်နေတာ။ ဒါကတော့ ဟုတ်၊ မဟုတ် ထပ်စောင့်ကြည့်ရမှာပေါ့” ဟု လားရှိုးမြို့ဒေသခံတစ်ဦးက ပြောသည်။

သိန္နီမြို့ကို တစ်နှစ်ခွဲကျော် ထိန်းချုပ်ထားသည့် ကိုးကန့်တပ်ဖွဲ့ MNDAA သည် လာမည့် သြဂုတ်လကုန်ပိုင်းတွင် ထပ်မံတပ်ဆုတ်ရမည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသော်လည်း သိန္နီမြို့ပေါ်တွင် ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ်ရေးကဲ့သို့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အရှိန်မပျက် ဆက်လက်နေကြောင်း ဒေသခံများ ပြောသည်။

“သိန္နီမြို့အတွင်းမှာတေ့ ပုံမှန်အတိုင်းပါပဲ၊ သူတို့လုပ်စရာရှိ ဆက်လုပ်နေတယ်။ လွန်ခဲ့တဲ့ နှစ်ရက်တုန်းက သူတို့ရုံးကြီး (ထွေအုပ်ရုံးဟောင်း) ထဲမှာ အခင်းတွေပြန်ပြင်နေတာ တွေ့ရတယ်။ ဈေးဟောင်းနေရာမှာလည်း ဆေးရုံဆောက်မယ်ဆိုတဲ့ ဟာတွေလည်း သူတို့အခုဆက်လုပ်နေတုန်း၊ အခုတောင် အုတ်မြစ်တောင် ချနေပြီ။ အခုတစ်လော လမ်းမီးတွေလည်း မြို့ထဲကနေ လမ်းခွဲအထိ လင်းအောင်ဆိုလာနဲ့ လုပ်ပြီးပြီ” ဟု သိန္နီမြို့ ဒေသခံတစ်ဦးက ပြောသည်။

၂၀၂၄ ခုနှစ် သြဂုတ်လတွင် လားရှိုးမြို့ကို ကိုးကန့်တပ် MNDAA ပါဝင်သော မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့က သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး အုပ်ချုပ်ရေးယန္တရား လည်ပတ်နေချိန် တရုတ်နိုင်ငံ၏ ကြားဝင်ပေးမှုဖြင့် ယခုနှစ် ၂၀၂၅ ဧပြီ ၂၁ ရက်တွင် စစ်ကော်မရှင်ထံသို့ ပြန်လည် လွှဲပြောင်းပေးခဲ့ရခြင်း ဖြစ်သည်။

EORE 2

စစ်ကော်မရှင်သည် လားရှိုးမြို့အား တရုတ်ကြားဝင်ပေးမှုဖြင့် တောင်းယူခဲ့ပြီးနောက် သိန္နီမြို့ကိုပါ ပြန်လည်တောင်းယူရန် ဆွေးနွေးနေခြင်း ဖြစ်ပြီး ဆွေးနွေးပွဲများ အဖြေမထွက်ဘဲ ပြီးဆုံးသွားသဖြင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာမည်ကို မြို့ခံများက စိုးရိမ်နေကြောင်း သိရသည်။

လက်ရှိတွင် လားရှိုးမြို့ထဲကို MNDAA က တပ်အင်အားများ ဖြည့်တင်းကာ မြို့တွင်းရပ်ကွက်များအတွင်း တပ်စွဲထားသလို စစ်ကော်မရှင်တပ် ဘက်ကလည်း တပ်အင်အား ဖြည့်တင်းခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

“နိုင်ငံကူးပတ်စ်ပို့ဂယက် ကြားက သောက”

0
ယခုရက်ပိုင်း မြန်မာနိုင်ငံကူးလက်မှတ် (Passport) ကို ကိုင်ဆောင်ပြီး ပြည်ပမှာ ရွှေ့ပြောင်းနေထိုင် နေကြတဲ့သူတွေ ကြားမှာ စိတ်မအီမသာ ဖြစ်နေကြမယ်လို့ ထင်ပါတယ်။ အဲ့ဒီ စိတ်မအီမသာမှုကို ကျနော်ကိုယ်တိုင်လည်း ခံစားနေရပါတယ်။ မြန်မာနိုင်ငံမှာ “နိုင်ငံကူးလက်မှတ်” ကို ခရီးသွားရည်ရွယ်ချက်နဲ့ သွားရောက်လုပ်ကိုင်မယ့် အခြေအနေပေါ်မူတည်ပြီး အမျိုးအစားခွဲခြားထားပါတယ်။ မြန်မာနိုင်ငံရဲ့ Passport စာအုပ်က ကာဗာအနီရောင်ဖြစ်ပြီး အမျိုးအစားတွေကတော့ -• အလည်အပတ်ဆိုရင် Passport for Visit...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

ရွာငံမြို့နယ် နေရပ်ပြန် စစ်ရှောင်များ နေထိုင်ပြန်သော်လည်း နေထိုင်စရာခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ကျေးရွာမှ နေရပ်ပြန် စစ်ဘေးရှောင်များသည် နေအိမ်များ ပြန်လည်မဆောက်နိုင်သေးပဲ မိုးကာတဲများဖြင့် နေထိုင်နေရကြောင်း သတင်းရရှိသည်။ မင်းပလောင်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်တွင် စစ်ကောင်စီမှ စစ်ကြောင်း ထိုးဝင်ရောက်ပြီး ရွာလုံးကျွတ်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့ မီးရှို့ခံရသောကြောင့် မင်းပလောင် ကျေးရွာမှ စစ်ဘေးရှောင်...