လားရှိုး-မိုင်းရယ်ကြား MNDAA ခွင့်ပြုချက်ဖြင့် ရွှေတူးနေသည့်သူများကို ဒေသခံ မောင်းထုတ်

သျှမ်းပြည် လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြား နမ့်ပေါင်တိုက်နယ်တွင် ကိုးကန့်တပ်ဖွဲ့ ( MNDAA) ခွင့်ပြုချက်ဖြင့် ရွှေတူးဖော်နေခြင်းကို ရပ်တန့်ပြီး (၇) ရက်အတွင်း ပစ္စည်းသိမ်း ထွက်ခွာသွားရန် ဒေသခံများက အချိန်ပေးထားကြောင်း စုံစမ်းသိရသည်။

ဇွန်လ (၁၅) ရက်မှ စတင်ပြီး လားရှိုးမြို့နယ် နမ့်ပေါင်တိုက်နယ် မန်စယ်ကျေးရွာအုပ်စု ကောင်းဝိန်းကျေးရွာရှိ နမ့်အွန်ရေထွက်တောတွင် MNDAA ထောက်ခံချက်ဖြင့် ‘ဝ’ဒေသ မိုင်းမောမြို့ဘက်မှ လာသည့် လုပ်ငန်းရှင် ဦးဆောင်ပြီး ရွှေတူးဖေါ်ရန် လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။

ထို့နောက် ဇွန်လ (၁၆) ရက်တွင် ရွှေတူးဖော်မည့် နေရာသို့ နမ့်ပေါင်ဒေသခံ သံဃာတော်များ သွားရောက်ကန့်ကွက်ခဲ့သော်လည်း ရက်ပိုင်းသာ ရပ်နားခဲ့ပြီး ပြန်လည်တူးဖော်ခဲ့ခြင်းကြောင့် ဒေသခံများမှ ထပ်မံသွားရောက်ကန့်ကွက်ခဲ့ကာ ဇူလိုင်လ ၁ ရက်တွင် လုပ်ငန်းရပ်နားရန် သဘောတူခဲ့ကြောင်း နမ့်ပေါင်ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပုံစာ – လားရှိုးမြို့နယ် မန်စယ်ကျေးရွာအုပ်စုတွင် MNDAA ထောက်ခံချက်ဖြင့် ရွှေတူးဖော်သည့်နေရာ (ဓာတ်ပုံ – ဒေသခံ)

“အဲ့တုန်းက သုံးရက်လောက် နားထားပြီး ရေထွက်တော ဟိုနားဒီနား ဆက်တူးနေတာ။ နောက်တစ်ခါ ၂၈ ရက်တုန်းကလည်း ရေမြောင်းဖော်တယ်ဆိုပြီး ထပ်တစ်ခါ ဘတ်ဖိုးနဲ့ တူးနေလို့ ထပ်လိုက်ရသေးတယ်။ ဒီတခေါက်တော့ ဇူလိုင် ၃ ရက်နေ့မတိုင်ခင် ထွက်သွားပေးဖို့ ပြောတာ၊ သူတို့က ပစ္စည်းသိမ်းတာ မပြီးနိုင်လို့ ၇ ရက်နေ့အထိ အချိန်တောင်းထားတယ်”ဟု နမ့်ပေါင်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

MNDAA ထောက်ခံချက်ဖြင့် ရွှေတူးဖော်ရန် လုပ်ဆောင်သည့် နေရာသည် လယ်ယာစိုက်ပျိုးရေးအတွက် ရေအရင်းအမြစ် ရရှိသည့် ရေထွက်ဦးနေရာနှင့် သာသနာ့နယ်မြေ ဖြစ်ခြင်းကြောင့် ဒေသခံများမှ သဘောတူ ခွင့်ပြုထားခြင်း မရှိကြောင်း သိရသည်။

ပုံစာ – လားရှိုးမြို့နယ် မန်စယ်ကျေးရွာအုပ်စုတွင် MNDAA ထောက်ခံချက်ဖြင့် ရွှေတူးဖော်သည့်နေရာ (ဓာတ်ပုံ – ဒေသခံ)

“ကိုးကန့်ဆီက ရွှေတူးဖို့ ထောက်ခံစာ ရလာလည်း ပြည်သူခွင့်မပြုရင် တူးလို့မရဘူး။ ကိုးကန့်စစ်သားတော့ မဟုတ်ဘူး၊ ‘ဝ’လောပန်းပဲ။ ၁ ရက်နေ့ကနေ ၇ ရက်နေ့အတွင်း ပစ္စည်းသိမ်းပြီး ထွက်ပေးဖို့ ပြောထားတာ သူတို့လည်း ထွက်ပေးမယ်လို့ ကတိပေးတယ်။ ဘာမှ ဆက်မလုပ်သေးဘူး၊ အဲ့မှာ ဘတ်ဖိုး ၂ စီးနဲ့ ရွှေကျင်ဖို့ ပစ္စည်းတွေ ချထားတာ ရှိတယ်”ဟု နမ့်ပေါင်ဒေသခံ ၎င်းအမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

SSPP ထိန်းချုပ်နယ်မြေရှိ လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအုပ်စုနှင့် မိုင်းရယ်မြို့နယ် စလန်းပုန်းထွန်ကျေးရွာအုပ်စုကြား ရွှေတူးဖော်ရန် MNDAA ၏ သိန္နီခရိုင် အုပ်ချုပ်ရေးကော်မတီမှ ဇွန်လ ၇ ရက်တွင် အတည်ပြု ထောက်ခံပြီး တံဆိပ်တုံး ရိုက်နှိပ်ပေးထားသည်ကို သျှမ်းသံတော်ဆင့်မှ ရရှိသည့် ၎င်းထောက်ခံစာထဲတွင် တွေ့ရသည်။

ပုံစာ – လားရှိုးမြို့နယ် မန်စယ်ကျေးရွာအုပ်စုတွင် MNDAA ထောက်ခံချက်ဖြင့် ရွှေတူးဖော်သည့်နေရာ (ဓာတ်ပုံ – ဒေသခံ)

အလားတူ မိုင်းရယ်မြို့နယ် စလန်းပုန်းထွန်ကျေးရွာအုပ်စုတွင်လည်း ရွှေတူးဖော်နေသည့် အဖွဲ့များလည်း ရှိနေပြီး မည်သည့်ခွင့်ပြုချက်ဖြင့် လုပ်ဆောင်နေသည်ကို မသိရဘဲ ရေထွက်နေရာများနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးရကြောင်း ဒေသခံများက ပြောဆိုသည်။

ပုံစာ – လားရှိုးမြို့နယ် မန်စယ်ကျေးရွာအုပ်စုတွင် MNDAA ထောက်ခံချက်ဖြင့် ရွှေတူးဖော်သည့်နေရာ (ဓာတ်ပုံ – ဒေသခံ)

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...