သိန္နီမြို့တွင် အထူးဒေသ(၁) ဒေသခံစိစစ်ရေးကဒ်ပြားနှင့် အိမ်ထောင်စုစာရင်းကို MNDAA ပြုလုပ်ခိုင်းနေ

သျှမ်းပြည် သိန္နီမြို့ပေါ်ရပ်ကွက်နေ ပြည်သူများကို ကိုးကန့်တပ်ဖွဲ့ MNDAA မှ အထူးဒေသ(၁) ဒေသခံစိစစ်ရေးကဒ်ပြား ပြုလုပ်ခိုင်းနေကြောင်း စုံစမ်းသိရသည်။

ဇူလိုင်လ ဒုတိယပတ်မှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့တွင် မြို့ပေါ်ရပ်ကွက်နေ ပြည်သူများကို MNDAA ထုတ်ပေးသည့် အထူးဒေသ(၁) ဒေသခံစိစစ်ရေးကဒ်ပြားနှင့် အိမ်ထောင်စုစာရင်း ပြုလုပ်ရန် အစည်းအဝေး ခေါ်ယူကာ စာရင်းပေးသွင်းခိုင်းပြီး တုံကင်နံပါတ် ထုတ်ပေးနေကြောင်း သိန္နီဒေသခံများက ပြောသည်။

“ပြီးခဲ့တဲ့ လပြည့်နေ့က ရပ်ကွက်(၃) တော့ အစည်းအဝေး ခေါ်ပြီ။ သူတို့ (MNDAA) ကိုးကန့်မှတ်ပုံတင် လုပ်ပေးမှာတဲ့၊ တချို့က အိမ်ထောင်စု လုပ်ပေးမယ်ပြောတယ်။ အိမ်မှာရှိတဲ့ လူတွေတော့ စာရင်းသွားပေးကြတယ်၊ ဘယ်နေ့လုပ်ပေးမယ်တော့ မပြောသေးဘူး။ တုံကင်တော့ ပေးလာတယ်၊ မပျောက်စေနဲ့တဲ့”ဟု သိန္နီဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သိန္နီမြို့ပေါ်ရပ်ကွက်များတွင် အထူးဒေသ(၁) ဒေသခံစိစစ်ရေးကဒ်ပြားနှင့် အိမ်ထောင်စုစာရင်း ပြုလုပ်ပေးရန် MNDAA မှ ဇူလိုင်လ ဒုတိယပတ်အတွင်း (၃) ကြိမ်ထက်မနည်း အစည်းအဝေး ခေါ်ယူခဲ့ပြီး အိမ်ထောင်စုစာရင်းနှင့်တကွ ရပ်ကွက်ရုံးများသို့ သွားရောက်စာရင်းသွင်းရကြောင်း ဒေသခံများထံမှ သိရသည်။

“၁၁ ရက်နေ့က ရပ်ကွက်(၁) အဖွဲ့တွေ အိမ်ထောင်စုယူပြီး ရပ်ကွက်ရုံး သွားရတယ်။ အခုပဲ လုပ်ပေးမှာ နောက်ပိုင်း မလုပ်ပေးတော့ဘူးလို့ ပြောတာ။ တချို့က အိမ်ထောင်စုစာရင်းယူပြီး စစ်သားကောက်မှာ ကြောက်နေတယ်။ မြို့ခံကျတော့ ကိုးကန့်မှတ်ပုံတင် လုပ်ခိုင်းတယ်၊ တခြားနယ်က လူဆိုရင်တော့ နေထိုင်ခွင့်လက်မှတ် လုပ်ရမယ် ပြောတယ်”ဟု သိန္နီမြို့မှ ၎င်းဒေသခံ အမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ထို့အပြင် ဇူလိုင်လ (၁၂) ရက်ကလည်း သိန္နီမြို့နယ် နမ့်စလပ်ကျေးရွာရှိ ဈေးဆိုင်နှင့် ပွဲရုံဂိုထောင်များတွင် အခြားဒေသမှ အလုပ်လာလုပ်သူများကို MNDAA မှ ရှောင်တခင် စစ်ဆေးခဲ့ပြီး နေထိုင်ခွင့်လက်မှတ် မရှိသူများကို ဒဏ်ကြေးဆောင်ခိုင်းကာ အသစ်ပြုလုပ်ခိုင်းကြောင်း ဒေသခံများထံမှ သိရသည်။

အလားတူ MNDAA ထုတ်ပေးသည့် အထူးဒေသ(၁) ဒေသခံစိစစ်ရေးကဒ်ပြားနှင့် အိမ်ထောင်စုစာရင်းဖြင့် မြန်မာ-တရုတ်နယ်စပ်ရှိ မုံးကိုးနှင့် ချင်းရွှေဟော် နယ်စပ်ဂိတ်များတွင် MNDAA ၏ နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ်များ ထပ်မံပြုလုပ်နိုင်ပြီး တရုတ်အစိုးရ ခွင့်ပြုချက်ဖြင့် တရုတ်နိုင်ငံ မံစီမြို့နယ်အထိ ဝင်ထွက်သွားလာနိုင်ကြောင်း နယ်စပ်ကုန်သည်များက ပြောသည်။

လာမည့် စက်တင်ဘာလအတွင်း သိန္နီမြို့မှ ကိုးကန့်တပ်ဖွဲ့များ ထပ်မံတပ်ဆုတ်ရမည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပြီးနောက် ပြီးခဲ့သည့် ဇူလိုင်လ ၈ ရက်တွင် စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားနိုင်သည့် လားရှိုးမြို့ပေါ်ရှိ ဆင်နှစ်ကောင်ဟိုတယ်တွင် တရုတ်ကိုယ်စားလှယ် ကြားဝင်မှုဖြင့် စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ကိုယ်စားလှယ်များ ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

သိန္နီမြို့ကို တစ်နှစ်ခွဲကျော် ထိန်းချုပ်ထားသည့် ကိုးကန့်တပ်ဖွဲ့ MNDAA သည် မြို့ပေါ်ရပ်ကွက်များကို မူလ (၄) ရပ်ကွက်မှ (၆) ရပ်ကွက်အဖြစ် ပြောင်းလဲသတ်မှတ်ပြီး အုပ်ချုပ်ရေးယန္တရား လည်ပတ်လျက်ရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...

MNDAA မှတ်ပုံတင် ၆သောင်းကျော်ထုတ်ပေးပြီး တပ်သားစုဆောင်းနေ

0
သျှမ်းပြည်မြောက်ပိုင်းရှိ ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့၏ အုပ်ချုပ်ရေးနယ်မြေအတွင်း ကျေးရွာများအထိ ကွင်းဆင်း၍ မှတ်ပုံတင်ပြုလုပ်ပေးသည့် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း MNDAA သတင်းများကို ဖော်ပြနေသော The Kokang က ထုတ်ပြန်သည်။ ကိုးကန့်ခရိုင် အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် လများအတွင်း ဒေသခံပြည်သူ...

လားရှိုးမြို့ ရှော့တိုက်ဒုံး ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဇူလိုင် ၉ ရက်) ယနေ့ ညနေ ၅ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် (၆) နှင့် ရပ်ကွက် (၁၀) အတွင်းသို့...