MNDAA

MNDAA ထိန်းချုပ်ဒေသ တရုတ်ဘာသာစကား အဓိကအသုံးပြုနေ

သျှမ်းပြည်မြောက်ပိုင်း ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားနိုင်သည့် ဒေသများတွင် တရုတ်စာများကို အဓိက အသုံးပြုလာသည့်အတွက်ကြောင့် ဒေသခံများအတွက် အခက်အခဲ ရှိနေကြောင်း စုံစမ်းသိရှိရသည်။ “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်းတွင်လည်း ကိုးကန့်တပ်ဖွဲ့၏ ထုတ်ပြန်ချက်များထဲတွင် တရုတ်ဘာသာဖြင့်သာ ထုတ်ပြန်လေ့ရှိသည်။ လက်ရှိ ၎င်းတို့ ထိန်းချုပ်ထားနိုင်သည့်ဒေသများတွင် တရုတ်ဘာသာကိုသာ ရုံးသုံးဘာသာအဖြစ် အသုံးပြု နေသည့်အတွက်ကြောင့်...

သီပေါမြို့နယ်အတွင်း မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် စဉ့်အင်တံတားနှင့် ဆွတ်လန်းတံတားကို ပြန်လည်တည်ဆောက်နေ

သျှမ်းပြည် သီပေါမြို့နယ်အတွင်း မိုင်းခွဲဖျက်ဆီးခံထားရသည့် စဉ့်အင်တံတားနှင့် ဆွတ်လန်းတံတားတို့ကို ညီနောင်မဟာမိတ်တပ်များက ပြန်လည်ပြင်ဆင် တည်ဆောက်နေကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ တတိယပတ်မှ စတင်ပြီး သီပေါမြို့နယ်အတွင်း မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ဆွတ်လန်းကျေးရွာအနီး ပန်စောက်တံတားနှင့် စဉ့်အင်တံတားတို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့က...

MNDAA ကလူသစ်စုဆောင်းဖို့အတွက် လားရှိုးမှာတစ်အိမ်တက်တစ်အိမ်ဆင်း အဓမ္မဖမ်းဆီးနေဆိုတဲ့ သတင်းအမှား

သျှမ်းပြည် လားရှိုးမြို့မှာတိုက်ပွဲဖြစ်ပြီးနောက်ပိုင်း ကိုးကန့်တပ်ဖွဲ့ MNDAA တပ်ဖွဲ့က လူသစ်စုဆောင်းဖို့အတွက် တစ်အိမ်တက် တစ်အိမ်ဆင်းကာ အမျိုးသမီး၊ အမျိုးသား အပါအဝင် လူကြီးနှင့် လူငယ်အမရွေး အဓမ္မဖမ်းဆီးနေတယ်ဆိုပြီး သတင်းတစ်ပုဒ်ဖြန့်ချိနေပါတယ်။ စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ် Ka Ka Han ချန်နယ်ကဖြန့်ချိခဲ့တာ ဖြစ်ပြီး “အခုလည်း MNDAA ဟာ လားရှိုးမှာ...

သျှမ်းမြောက်တွင် လျှပ်စစ်မီးနှင့် အင်တာနက် ပြန်ရမည်ဆိုသော သတင်းကြောင့် စစ်ရှောင်အများစု နေရပ်ပြန်

သျှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲနှင့် လားရှိုးတွင် အင်တာနက်နှင့် လျှပ်စစ်မီးပြန်ရမည် ဆိုသော သတင်းကြောင့် စစ်ရှောင်အများစု နေရပ်ပြန်ကြကြောင်း စုံစမ်းသိရသည်။ “၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း” သည် ဇွန်လ ၂၅ ရက်တွင် စတင်ခဲ့ရာ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ညီနောင်မဟာမိတ် ကိုးကန့်တပ်မတော် (MNDAA)...

သီပေါမြို့နယ် စစ်ကောင်စီတပ် ခမရ(၁၄၇)ကို MNDAA တိုက်ခိုက်သိမ်းပိုက်

သျှမ်းပြည် သီပေါမြို့နယ် နောင်ကော်ကြီးရွာအခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ-၁၄၇ ကို ကိုးကန့်တပ်ဖွဲ့ MNDAA က တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၁၃ ရက်) ညနေ ၄ နာရီဝန်းကျင်တွင် သီပေါမြို့နယ် နောင်ကော်ကြီးကျေးရွာ အခြေစိုက် အရှေ့မြောက်ပိုင်း တိုင်စစ်ဌာနချုပ် လက်အောက်ခံ...

လားရှိုး စစ်ရှောင်နေအိမ်များ ဖောက်ထွင်းခိုးယူပြီး ပြန်လည်ရောင်းချမှုဖြစ်ပွား

သျှမ်းပြည် လားရှိုးမြို့တွင်း တိုက်ပွဲများ ငြိမ်သက်နေပြီး စစ်ရှောင်ပြည်သူများ နေအိမ်သို့ ပြန်မရောက်ခင် နေအိမ်များ ဖောက်ထွင်းခံရပြီး အိမ်တွင်ကျန်ခဲ့သော တန်ဖိုးရှိပစ္စည်းများ၊ ကားများ ခိုးယူခံရကာ အခြားမြို့သို့ ပြန်လည်ရောင်းချနေကြောင်း စုံစမ်းသိရသည်။ “၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းအတွင်း လားရှိုးမြို့သိမ်း တိုက်ပွဲသည် ဇူလိုင်လ ၂ရက်နေ့တွင် စတင်ခဲ့ရာ သြဂုတ်...

လားရှိုးမြို့ အရပ်သားနေအိမ် ပြန်လာနေထိုင်ရန် MNDAA ပြော၊ လေကြောင်းစိုးရိမ်မှုနေရသေး

သျှမ်းပြည် လားရှိုးမြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA က စစ်ဘေးတိမ်းရှောင်နေသည့် ပြည်သူများကို မိမိနေအိမ်သို့ ပြန်လာနေထိုင်ရန် ပြောဆိုနေသော်လည်း လေကြောင်းအန္တရာယ် စိုးရိမ်မှုကြောင့် ဒေသခံများ နေရပ်မပြန်နိုင်သေးကြောင်း စုံစမ်းသိရသည်။ လားရှိုးအခြေစိုက် အရှေ့မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် ရမခကို ဩဂုတ်လ ၃ ရက်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဘေးလွတ်ရာသို့ စစ်ဘေးတိမ်းရှောင်နေသည့် ပြည်သူများကို...

လားရှိုး တိုက်ပွဲ ဒဏ်ရာရ စစ်သုံ့ပန်း ၄၅ ဦး အပါအဝင် စစ်တပ်မိသားစုများ ကိုးကန့်တပ် ထပ်လွှတ်ပေး

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ တိုက်ပွဲများ အတွင်း ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်းများ အနက် ဒဏ်ရာရထားသည့် စစ်သား ၄၅ ဦးနှင့် စစ်တပ် မိသားစုဝင် ၂၈၆ ဦး၊ စုစုပေါင်း ၃၃၁ ဦးကို ယမန်နေ့ ကိုးကန့်တပ်-MNDAA က ထပ်မံ လွှတ်ပေးခဲ့ကြောင်း သတင်းရင်းမြစ်က...

လားရှိုးမြို့ ပြည်သူများ နေအိမ်ဖောက်ထွင်းမှု၊ သူခိုးရန် စိုးရိမ် နေရပ်ပြန်နေကြ

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့ရှိ ပြည်သူများ အချို့သည် နေအိမ်ဖောက်ထွင်းခံရခြင်း၊ သူခိုးရန် ကို စိုးရိမ်သဖြင့် နေရပ်ပြန်ကြကြောင်း သတင်းရရှိသည်။ လွန်ခဲ့သည့် သြဂုတ်လ ၃ရက် တွင် လားရှိုးမြို့ရှိ စစ်ကောင်စီ၏ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ရမခကို ကိုးကန့်တပ်ဖွဲ့ MNDAA က အလုံးစုံ သိမ်းပိုက်နိုင်ခဲ့သည်။ ထို့နောက်...

ကျောက်မဲမှာ MNDAA၊ TNLA နဲ့ NUG တို့အစည်းအဝေးလုပ်နေချိန် ပေါင် (၁၀၀၀) ဗုံးကြဲချသဖြင့် ထိခိုက်သေဆုံးမှုများတယ်ဆိုတဲ့ သတင်းအတု

သျှမ်းပြည် ကျောက်မဲမြို့မှာ ကိုးကန့်တပ်ဖွဲ့ MNDAA ရဲ့ ခေါင်းဆောင်၊ တအာင်းတပ်ဖွဲ့ TNLAA ရဲ့ စစ်ဦးစီးချုပ်နဲ့ NUG ကိုယ်စားလှယ်တို့ အထူးအစည်းအဝေးပြုလုပ်နေချိန် စစ်ကောင်စီတပ်က ပေါင် (၁၀၀၀) ဗုံးနဲ့ တည့်တည့်ကြဲချလိုက်တာကြောင့် ထိခိုက်သေဆုံးမှုများတယ်ဆိုပြီး သတင်းတစ်ပုဒ်ဖြန့်ချိနေပါတယ်။ စစ်ကောင်စီတပ်ရဲ့ ဝါဒဖြန့်တယ်လီဂရမ်ချယ်နယ် Kyaw Swar ချယ်နယ်ကနေ...

Latest news