လားရှိုး လေကြောင်းတိုက်ခိုက်မှုအတွင်း MNDAA တပ်ဖွဲ့မှ ခေါင်းဆောင် ၃ ဦးနှင့် တပ်သား ၄၀ ကျော်သေဆုံး သတင်းအမှား

စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတဲ့ လားရှိုးမြို့မှာ MNDAA တပ်ဖွဲ့မှ ခေါင်းဆောင် ၃ ဦးနဲ့ လက်အောက်ငယ်သား ၄၀ ကျော်သေဆုံးတယ်ဆိုပြီး သတင်းအမှားဖြန့်ချိနေပါတယ်။

စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ် နေပြည်တော်ချန်နယ်ကနေ စက်တင်ဘာလ ၉ ရက်နေ့မှာ ဖြန့်ချိခဲ့တာဖြစ်ပြီး “လားရှိုးကို ယနေ့လေကြောင်းတိုက်ခိုက်မှု MNDAA တပ်ဖွဲ့မှ ခေါင်းဆောင်သုံးဦးနှင့် ငယ်သား ၄၀ ကျော်သေဆုံးသည်ဟု အသံဖိုင်ပျံ့နှံ့နေ” လို့ (မူရင်းအတိုင်း) ရေးသားဖြန့်ဝေခဲ့ပါတယ်။
မူရင်းလင့်ခ် – https://archive.ph/ZANpa

အဲ့ဒီသတင်းအမှားကို ကြည့်ရှုသူပေါင်း ၇,၄၀၀ ကျော်ရှိပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင် သျှမ်းသံတော်ဆင့် အချက်အလက်စစ်ဆေးသူများအနေနဲ့ အဲ့ဒီအကြောင်းအရာကို စစ်ဆေးကြည့်တဲ့အခါ ချဲ့ကားရေးသားထားတဲ့ ဝါဒဖြန့်သတင်းအမှားဖြစ်တာကို တွေ့ရပါတယ်။

သတင်း စစ်ဆေးတွေ့ရှိချက်

ဒေသတွင်း သတင်းဌာနနဲ့ လွတ်လပ်တဲ့ သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ လားရှိုးမြို့ကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် အရပ်သားထိခိုက်သေဆုံးမှုရှိကြောင်း ဖော်ပြထားကြပါတယ်။

ဘီဘီစီ (မြန်မာပိုင်း) သတင်းဌာနက “MNDAA သိမ်းထားတဲ့ လားရှိုးမြိုကို စစ်ကောင်စီက စက်တင်ဘာလ ၉ ရက် မနက် ၁၀ နာရီဝန်းကျင်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် နိုင်ငံရေးအကျဉ်းသား ၁ ဦးသေဆုံးပြီး ၁၃ ဦးထက်မနည်းဒဏ်ရာခဲ့တယ်” လို့ စက်တင်ဘာလ ၉ ရက်နေ့က ဖော်ပြထားပါတယ်။

သတင်းအပြည့်အစုံကို အောက်ကလင့်ခ်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
လင့်ခ် – https://archive.ph/mxw9c

အလားတူ MNDAA ရဲ့ သတင်းထုတ်ပြန်ချက်မှာလည်း လားရှိုးလေကြောင်းတိုက်ခိုက်မှုအတွင်း အနည်းဆုံး အရပ်သား ၁၂ ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားပါတယ်။
ထုတ်ပြန်ချက် – https://archive.ph/HMriR

သျှမ်းမြောက်ဒေသတွင်း သတင်းဌာနဖြစ်တဲ့ ရွှေဖီမြေသတင်းဌာနက လားရှိုးမြို့ လေကြောင်းတိုက်ခိုက်မှု အရပ်သား ၁၂ ဦး ထိခိုက်ဒဏ်ရာရှိခဲ့သလို MNDAA ရဲ့တပ်ဖွဲ့ဝင်အချို့လည်း ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။
သတင်းလင့်ခ် – https://archive.ph/bHtDn

ဒါပေမဲ့ MNDAA ရဲ့ တပ်ဖွဲ့ဝင် ဘယ်နှစ်ဦးထိခိုက်သေဆုံးတာကိုတော့ အသေးစိတ်ဖော်ပြထားခြင်း မရှိပါဘူး။

သုံးသပ်ချက်

ဒါကြောင့် စစ်ကောင်စီဝါဒဖြန့် တယ်ရီဂရမ်ချန်နယ်တွေက “လားရှိုး လေကြောင်းတိုက်ခိုက်မှုအတွင်း MNDAA တပ်ဖွဲ့မှ ခေါင်းဆောင် ၃ ဦးနှင့် တပ်သား ၄၀ ကျော်သေဆုံး” ဆိုပြီး ချဲ့ကားရေးသားဖြန့်ချိနေခြင်း ဖြစ်ပါတယ်။

စစ်ကောင်စီတပ် လေကြောင်းဖြင့် အရပ်သားပြည်သူကို တိုက်ခိုက်မှုပြီးတိုင်းမှာ တော်လှန်ရေးတပ်ဖွဲတွေ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ခိုအောင်းတဲ့နေရာဆိုပြီး လိမ်လည်ဝါဒဖြန့်ချိမှုများကိုလည်းပြုလုပ်လာခဲ့ပါ တယ်။
လင့်ခ် – https://shorturl.at/9zOl4

စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်မှုအပြီး လိမ်လည်ဖော်ပြထားတဲ့ ဝါဒဖြန့်ချိထားတဲ့ သတင်းအမှား အကြောင်းအရာကို Myammar Fact-checking Network က စိစစ်ထားတာတွေကိုလည်း အောက်ဖော်ပြပါ လင့်ခ်တွေမှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။
လင့်ခ် – https://shorturl.at/Z9Qeq

Myanmar Fact-Checking Network စာဖတ်ပရိတ်သတ်တွေအနေနဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ဖော်ပြနေတဲ့ သတင်းတွေကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီတွေမှာ သွားရောက်ဖတ်ရှု့ကြဖို့ တိုက်တွန်းပါတယ်။

သတင်းတု၊ သတင်းမှားဟု ယူဆရတဲ့ သတင်းတွေကိုလည်း Myanmar Fact-checking Network Facebook Chat Box ကနေဆစ်ဆင့် သတင်းရဲ့ လင့်ခ် (သို့မဟုတ်) Screenshot ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါတယ်။

Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာ ဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

စစ်တပ်ထိန်းချုပ် လားရှိုး ခိုးဆိုးလုယက် များလာ၊ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ် ထိန်းချုပ်လာပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု နေ့စဉ်ဆက်တိုက်ဖြစ်လာပြီး၊ ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် လားရှိုးမြိုတွင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများ အနေဖြင့် တယောက်ထဲ သွားလာရန် စိုးရိမ်နေရပြီး၊ ဒေသခံများကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးမှုပြုလုပ်နေရကြောင်း လားရှိုးမြို့...