KIA
ဝိုင်းမော်မြို့နယ် ရွှေညောင်ပင် တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီတပ် ဂျက်လေယာဉ် KIA ပစ်ချဟု သတင်းထွက်
SHAN -
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာရှိ စစ်ကောင်စီတပ် ခလရ (၃၂၁) ကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ပူးပေါင်းတပ်များ ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲ အတွင်း စစ်ကောင်စီ တိုက်လေယာဉ် တစ်စီးကို ပစ်ချလိုက်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ယမန်နေ့ (မေလ ၁၈ ရက်)တွင်...
KIA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးခေါင်လွမ်းက လက်နက်ကြီးကျည်ထိမှန်၍ သေဆုံးခဲ့ဟု သတင်းအမှားဖြန့်
ကချင်လွတ်လပ်ရေးတပ်မတော် KIA ၏ စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးခေါင်လွမ်းသည် အသည်းရောဂါ ဝေဒသနာဖြင့် သေဆုံးခြင်းမဟုတ်ဘဲ စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးထိမှန်သေဆုံးခြင်းဖြစ်ကြောင်း ဖြန့်ချိနေသည်။ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချယ်နယ်အကောင့်တစ်ခုဖြစ်သည့် မှိင်းဝေအကောင့်မှ “ မိုးမောက်မြို့ကို KIA စစ်ဦးစီးချုပ် ခေါင်လွမ်းဦးစီးပြီး တိုက်ခိုက်စဉ် စစ်ကောင်စီပစ်ခတ်လိုက်သော လက်နက်ကြီးကျည်ကြောင့် အခြားတော်လှန်ရေး ရဲဘော်များထိမည်ကိုစိုးရိမ်၍ အဆိုပါလက်နက်ကြီးကျည်အား...
မဟာမိတ် အချင်းချင်းကြား နယ်မြေစိုးမိုးမှုအကွဲအပြဲ စတင်နေပြီလား
သျှမ်းမြောက်မှာ အွန်လိုင်းလောင်းကစားလိမ်လည်မှု ကျားဖြန့်ပပျောက်ရေး ရည်ရွယ်ချက်နဲ့ “၁၀၂၇ စစ်ဆင်ရေး”ကို ညီနောင်မဟာမိတ် (၃) ဖွဲ့က စတင်ခဲ့ရာ စစ်ကောင်စီတပ်စခန်းပေါင်း ၄၀၀ ကျော်ကို ထိုးစစ်ဆင် တိုက်ခိုက်နိုင်ခဲ့ပြီး မြို့ပေါင်း ၂၀ နီးပါးကို သိမ်းပိုက်ထိန်းချုပ် နိုင်ခဲ့ပါတယ်။ စစ်ဆင်ရေးကို ၃ လနီးပါး ဆင်နွှဲခဲ့ပြီးနောက်မှာတော့ တရုတ်ရဲ့...
မိုးမောက်မြို့စစ်ရှောင် တစ်ထောင်ကျော်သည် ဗန်းမော်သို့ ထပ်မံတိမ်းရှောင်
ကချင်ပြည် မိုးမောက်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့ ဝင်ရောက် နေရာယူသောကြောင့် စစ်ဘေးရှောင်နှင့် ဒေသခံ တစ်ထောင်ကျော်တို့သည် ဗန်းမော်မြို့သို့ ထပ်မံထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီ နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တို့ တိုက်ပွဲများကြောင့် ဧပြီလ ၂၄ ရက်မှစ၍ ဒေသခံ စစ်ဘေးရှောင် ၁၂၀၀ ကျော်သည် ဗန်းမော်မြို့သို့ ထွက်ပြေးတိမ်းရှောင်လာကြကြောင်း...
စစ်ရေးနှင့်လက်နက်ဖြင့် ခြိမ်းခြောက်ဆက်ဆံမှုသည် တိုင်းရင်းသားအချင်းချင်းကြား အဖြေကောင်းမဟုတ်ဟု KIA ပြော
စစ်ရေးနှင့်လက်နက်ဖြင့် ခြိမ်းခြောက်ဆက်ဆံမှုမျိုးသည် တိုင်းရင်းသားအချင်းချင်းကြားအတွက် အဖြေကောင်း မထွက်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ပြောဆိုလိုက်သည်။ ပြီးခဲ့သည့် ဧပြီလ ၁၀ ရက်နှင့် ၁၂ ရက်နေ့တို့တွင် ကွတ်ခိုင်မြို့နယ် TNLA အုပ်ချုပ်ရေးအဖွဲ့မှ KIA ဆက်ဆံရေးရုံး တာဝန်ရှိသူများကို နှစ်ကြိမ်တိုင်တိုင် လာရောက်တွေ့ဆုံပြီး ဧပြီလ ၁၅...
မိုးမောက်မြို့နယ် စစ်ဘေးရှောင်များ ဆေးဝါးနှင့် ရိက္ခာလိုအပ်နေ
ကချင်ပြည် မိုးမောက်မြို့နယ် အတွင်း စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင်များ ဆေးဝါးနှင့် စားနပ်ရိက္ခာ လိုအပ်နေကြောင်း စုံစမ်းသိရသည်။ မိုးမောက်မြို့နယ်နှင့် အနီးအနားရှိ ကျေးရွာများတွင် မတ်လ ပထမပတ်မှစ၍ စစ်ကောက်စီမှ လေကြောင်း လက်နက်ကြီးတို့ဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံများ နီးစပ်ရာ ကျေးရွာနှင့်...
မြောက်ပိုင်းညီနောင် ၃ ဖွဲ့နှင့် KIA ‘အင်မတန်မိုက်မဲ’ ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဝေဖန်
SHAN -
မြောက်ပိုင်းညီနောင် မဟာမိတ် ၃ ဖွဲ့နှင့် KIA တို့ အနေဖြင့် ‘အင်မတန် မိုက်မဲသည့် လုပ်ရပ်” များ ပြုလုပ်နေသည်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင် က ယမန်နေ့ (မတ်လ ၂၇ ရက်) တွင် နေပြည်တော်၌ ကျင်းပသည့် စစ်တပ်၏ တပ်မတော်နေ့...
ဝိုင်းမော် တိုက်ပွဲအတွင်း ပိတ်မိသူ ၂ ထောင်ကျော် ကယ်ထုတ်နိုင်၊ ရိက္ခာနှင့် နေရာထိုင်ခင်းခက်ခဲနေ
ကချင်ပြည် ဝိုင်းမော်မြို့နယ် တိုက်ပွဲအတွင်း ပိတ်မိနေသည့် ပြည်သူ နှစ်ထောင်ကျော်ကို ကယ်ထုတ် နိုင်ခဲ့ပြီး စားနပ်ရိက္ခာနှင့် နေရာထိုင်ခင်း အခက်အခဲများကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ဝိုင်းမော်မြို့နယ်တွင် စစ်ကောင်စီနှင့် KIA တို့ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ရွှေညောင်ပင်၊ အောင်မြေ(၁)နှင့် အောင်မြေ(၂)ကျေးရွာအတွင်း ပိတ်မိနေသော ဒေသခံများက ယမန်နေ့ (မတ်လ ၁၃)...
မူဆယ်ဒေသခံများ လက်နက်ကိုင်တပ်ဖွဲ့ပေါင်းစုံထံ ဆက်ကြေးပေးဆောင်ရ၊ လုံခြုံမှုမရှိ
သျှမ်းပြည် မူဆယ်မြို့နယ်တွင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ပေါင်းစုံထံသို့ ဆက်ကြေးငွေ ပေးဆောင်နေရသော်လည်း လုံခြုံမှုမရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၄ နှစ်ဆန်းပိုင်းမှ စတင်ပြီး မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သည့် မူဆယ်မြို့တွင် လက်နက်ကိုင် အဖွဲ့အစည်းများထံသို့ ဆက်ကြေးငွေ ပေးဆောင်ရသော်လည်း ၎င်းတို့မှ လုံခြုံရေး တာဝန်ယူမှုမရှိဘဲ အမည်မသိ လူစုများမှ လက်နက်ကိုင်တပ်ဖွဲ့...
မိုးမိတ်မြို့နယ် စစ်ရှောင်များနေအိမ် ဖောက်ထွင်း ခိုးယူခံရ
သျှမ်းပြည် မိုးမိတ်မြို့နယ်အတွင်း စစ်ဘေးတိမ်းရှောင်ထွက်ပြေးနေရသည့် ဒေသခံများ၏ နေအိမ်များသည် ဖောက်ထွင်းခံရပြီး ပစ္စည်းများ ခိုးယူခံရမှု ရှိနေကြောင်း စုံစမ်းသိရသည်။ ဒေသအတွင်း စစ်ရေးတင်းမာမှု ရှိနေသေးသည့် အခြေအနေများကြောင့် နေရပ်မပြန် ရဲကြသေးသည့် မိုးမိတ် ဒေသခံ စစ်ဘေးရှောင်များ၏ နေအိမ်သည် ဖောက်ထွင်းခံရပြီး ပစ္စည်းများခိုးယူခံရခြင်း ဖြစ်ကြောင်း ဖြစ်စဥ်ကို သိရှိသည့်...





