မိုးမောက် စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲမှုကြောင့် ဈေးနှင့်နေအိမ်တစ်ရာကျော် မီးလောင်၊ ခလရ-၄၃၇ ကို KIA တိုက်နေဆဲ

ကချင်ပြည်နယ် မိုးမောက်မြို့တွင် စစ်ကောင်စီတပ်၏ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် ဈေးနှင့် ပြည်သူနေအိမ် တစ်ရာကျော် မီးလောင်ပျက်စီးခဲ့ကြောင်း စုံစမ်းသိရသည်။

မေလ (၇) ရက်မှ စတင်ပြီး ယနေ့ (၂၀) ရက်နေ့အထိ မိုးမောက်မြို့ပေါ်ရှိ စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ် KIA တို့၏ နှစ်ဘက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုများကြောင့် မိုးမောက်ဈေးနှင့် ပြည်သူနေအိမ် ၁၀၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း မိုးမောက်ဒေသခံများက ပြောသည်။

“၁၆ ရက်နေ့က စစ်ကောင်စီတပ် လေယာဉ်နဲ့ ဗုံးလာကြဲလို့ မိုးမောက်ဈေး မီးလောင်သွားတယ်။ လက်နက်ကြီး ကျတာကောဆိုရင် လူနေအိမ်လည်း ၁၀၀ လုံးကျော် ပါသွားတယ်။ စစ်ဘေးရှောင်တွေကတော့ နမ့်တိန်ဘက်က ဘုန်းကြီးကျောင်းကို ရှောင်ကြတာရှိတယ်။ အခြေအနေတွေကလည်း တော်တော်လေး ရှုပ်နေတယ်”ဟု မိုးမောက်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီတပ်မှ ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးနှင့် မီးလောင်ဗုံးများကြောင့်လည်း ခမရ-၄၃၇ အနီးရှိ မံပုံကျေးရွာနှင့် မိုးမောက်-လွယ်ဂျယ် လမ်းမကြီးဘက်မှ ပြည်သူနေအိမ် အများစု မီးလောင်ပျက်စီးသွားပြီး စစ်ဘေးရှောင် ထောင်နှင့်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း မိုးမောက်မြို့ ဒေသခံများထံမှ သိရသည်။

“တိုက်ပွဲဖြစ်တာက မံစီ၊ ဝိန်းခမ်း၊ မိုးမောက်၊ ဟန်ထက် ဒီဘက်က သျှမ်းရွာတွေမှာ ဖြစ်တာ။ ရွာသားတွေကတော့ တရုတ်နယ်စပ်ခြံစည်းရိုးနား စစ်ဘေးရှောင်ရတာရှိတယ်၊ နမ့်တိန်ရွာဘက်က ဘုန်းကြီးကျောင်းတွေနဲ့ ဗန်းမော်၊ မြစ်ကြီးနားဘက်ကို ရှောင်ကြတာလည်း ရှိတယ်။ စားဖို့သောက်ဖို့ကတော့ ခက်ခဲနေကြတာပေါ့”ဟု မိုးမောက်ဒေသခံ ၎င်းအမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ထိုအပြင် မိုးမောက်မြို့ အပြင်ဘက်ရှိ စစ်ကောင်စီတပ်၏ နောက်ဆုံးခံတပ်ဖြစ်သည့် ခလရ-၄၃၇ တပ်ရင်းကို KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့က ဆက်လက်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေကြောင်း မိုးမောက်ဒေသခံများက ပြောဆိုသည်။

“၄၃၇ စခန်းကို တိုက်လည်း ကျတော်တို့ တိုက်ပါတယ်။ ဒါပေမယ့် အခုထက်ထိ သိမ်းပိုက်နိုင်တဲ့ အနေအထားကတော့ မရှိသေးပါဘူး”ဟု မိုးမောက်မြို့ တိုက်ပွဲအခြေအနေနှင့် ပတ်သက်ပြီး KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ မံစီမြို့နယ်တွင်လည်း စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း ခမရ-၃၁၉ နှင့် ခမရ-၆၀၁ တပ်ရင်းတို့ကိုလည်း KIA တပ်ဖွဲ့က ထိုးစစ်ဆင် တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်ကျဆုံးမှု များပြားကြောင်း ဒေသခံများက ပြောသည်။

ကချင်ပြည်နယ်အတွင်း စတင်ခဲ့သည့် KIA ၏ မတ်လ ၇ ရက်နေ့ ထိုးစစ်မှ ယနေ့အထိ စစ်ကောင်စီ တပ်စခန်း ၁၀၀ ဝန်းကျင်ကို သိမ်းပိုက်ထားပြီး မံစီနှင့် မိုးမောက်မြို့များ အလုံးစုံ သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေဆဲ ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မူဆယ်-နမ့်ခမ်းလမ်း KIA စစ်ဆေးရေးဂိတ်တွင် ကားဘီးခွန် ကောက်ခံနေ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် ( KIA ) စစ်ဆေးရေးဂိတ်တွင် နေ့စဉ်ဖြတ်သန်းသွားလာနေသည့် ကားဘီးခွန် ကောက်ခံ နေကြောင်း သတင်း ရရှိသည်။ ပြီးခဲ့သည့် ဇူလိုင် ၂ ရက်တွင် မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ နမ့်လျှန်ကျေးရွာ အနီးတွင် KIA စစ်ဆေးရေးဂိတ်ကို...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...