KIA

ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေ

ကချင်ပြည် ဗန်းမော်မြို့တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး တစ်မြို့လုံးနီးပါး လေကြောင်း ဗုံးကြဲမှု လက်နက်ကြီးများကြောင့် မြို့ပျက်ကဲ့သို့ ပျက်စီးနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ဒီဇင်ဘာလ မှ စတင်ခဲ့သည့် ဗန်းမော်မြို့သိမ်းသည့် စစ်ကောင်စီ နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA ပူးပေါင်းတပ်တို့ လက်ရှိအချိန်ထိ နှစ်ဖက်တိုက်ပွဲ...

KIO/KIA နှင့် PSLF/TNLA နှစ်ဘက်တပ်ဖွဲ့ ဆွေးနွေးပွဲအတွက် ရှေ့ပြေးညှိနှိုင်းရေး စတင်

ကချင်လွတ်လပ်ရေးတပ်မတော် KIO/KIA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA နှစ်ဘက်တပ်ဖွဲ့ ဆွေးနွေးပွဲအတွက် ရှေ့ပြေးညှိနှိုင်းရေးများ စတင်နေပြီဖြစ်ကြောင်း ဒုဗိုလ်ချုပ်ကြီး ဂွမ်မော် က ပြောဆိုလိုက်သည်။ ယနေ့ (ဧပြီလ ၉ ရက်) နေ့စွဲဖြင့် ကချင်လွတ်လပ်ရေးကောင်စီ(KIC) ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်က ၎င်း၏...

ကွတ်ခိုင် KIA ဆက်ဆံရေးရုံးမှ တပ်သား ၄၀ နီးပါးကို TNLA ကားတင်ပြီး နမ့်ဖတ်ကာဘက် ပို့ဆောင်

သျှမ်းပြည် ကွတ်ခိုင်မြို့နယ် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ သာလွန်အင်အား အသုံးပြု၍ ကချင်လွတ်လပ်‌ရေးတပ် KIA ဆက်ဆံရေးရုံးရှိ တပ်သား ၄၀ ခန့်ကို ကားတင်ပြီး နမ့်ဖတ်ကာဘက်သို့ ပို့ဆောင်လိုက်ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၇ ရက်) ညနေ ၃ နာရီခွဲခန့်တွင်...

မန်တုံမြို့နယ် KIA နှင့် TNLA ပဋိပက္ခ ထိန်းသိမ်း ဆောင်ရွက်ရန် TNLA စစ်ဦးစီးချုပ်ပြော၊ လက်နက်ပစ်ဖောက်ခြင်း မလုပ်ရန် KIA အမိန့်ထုတ်

သျှမ်းပြည် မန်တုံမြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ် KIA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့အကြား ဖြစ်ပွားနေသည့် မြေပြင်ပဋိပက္ခကို ထိန်းသိမ်း ဆောင်ရွက်သွားရန် TNLA စစ်ဦးစီးချုပ်က ပြောဆိုလိုက်သည်။ ဖေဖော်ဝါရီလ (၂၈) ရက်တွင် မန်တုံမြို့၌ ကျင်းပခဲ့သည့် လူထုတွေ့ဆုံပွဲသို့ TNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်တားဟိုပလန်...

မန်တုံမြို့နယ် KIA ရုံးနှင့် ဂိတ်နေရာကို TNLA ဝင်ရောက်စီးနင်းပြီး နေရာပြောင်းရွှေ့ခိုင်း၊ အောက်ခြေအရာရှိ ညှိနှိုင်းနေဟု KIA ပြော

သျှမ်းပြည် မန်တုံမြို့နယ်ရှိ ကချင်လွတ်လပ်ရေးတပ် KIA ၏ တိုက်နယ်ရုံးနှင့် ဂိတ်နေရာကို TNLA မှ ဝင်ရောက်စီးနင်းပြီး နေရာပြောင်းရွှေ့ခိုင်းခဲ့ကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီ (၂၃) ရက် နံနက်ပိုင်းတွင် မန်တုံမြို့နယ်ရှိ ကချင်လွတ်လပ်ရေးတပ် KIA တောင်ပိုင်းတိုင်း လက်အောက်ခံ တပ်ရင်းများမှ လောင်ကျယ်၊ ရောင်ကျိန်းနှင့် မန်ပန်ကျေးရွာတို့တွင်...

မန့်ဝိန်းကြီးဒေသကို စစ်ကောင်စီတပ် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်

ကချင်ပြည်နယ် မံစီမြို့နယ် မန့်ဝိန်းကြီးဒေသ အတွင်းရှိ ကျေးရွာကို စစ်ကောင်စီက ယမန်နေ့ (ဖေဖော်ဝါရီ ၂၃ ရက်) ညသန်းခေါင်ယံ ၁၁ နာရီခွဲခန့်တွင် လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ အဆိုပါ စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲသည့် မံစီမြို့နယ် မန့်ဝိန်းကြီးဒေသ မန့်ပန်ကောင်းမူးကျေးရွာ (ဝၢၼ်ႈပၢင်ႇၵွင်းမူး) သည်...

နမ့်ခမ်းမြို့နယ်ရှိ ရွှေလီတံတားကို TNLA နှင့် KIA တို့ အပြိုင် ပိတ်ထား

သျှမ်းပြည် နမ့်ခမ်းမြို့နယ်အတွင်းရှိ ရွှေလီတံတားကို ယနေ့ (ဇန်နဝါရီလ ၂၈) ရက် နေ့လည်ပိုင်းတွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA)တို့က နယ်မြေအငြင်းပွားမှုများကြောင့် တံတားကို အပြိုင်ပိတ်ထားကြောင်း နမ့်ခမ်းမြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “အဲ့ရွှေလီတံတားမှာကတော့...

၁၀၂၇ နောက်ဆက်တွဲ ကြီးထွားလာသော နယ်မြေအရှုပ် ဘယ်လိုရှင်းကြမှာလဲ

"၁၀၂၇ စစ်ဆင်ရေး" ရပ်တန့်သွားပြီးနောက်ပိုင်း သျှမ်းမြောက် မြောက်ပိုင်းတွင် နယ်မြေများတွင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့အချင်းချင်းများကြာ နယ်မြေထိန်းချုပ်မှုဆိုင်ရာ အငြင်းပွားမှုများ၊ တင်းမာမှုများ ပိုမိုမြင့်တက်လာသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆) ရက် မွန်းလွဲပိုင်းတွင် ကွက်ခိုင်မြို့နယ် နမ့်ဖတ်ကာအတွင်းရှိ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ၏ ဂိတ်စခန်းကို တအာင်း...

ဗန်းမော် တိုက်ပွဲ စစ်ကောင်စီ အပြင်းအထန်ဗုံးကြဲ၊ သံချပ်ကာတပ်နှင့် ဝန်တင်တပ်ရင်းကို KIA သိမ်းပိုက်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် တိုက်ပွဲများ ပြင်းထန်နေပြီး ယမန်နေ့ (ဇန်နတါရီ ၂၄ ရက်) နံနက်ပိုင်းမှ ညပိုင်း အထိ စစ်ကောင်စီ လေတပ်မှ အပြင်းအထန် ဗုံးကြဲခဲ့သည် စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ ရက် နံနက်ပိုင်းမှစ၍ တိုက်ပွဲများ ပြင်းထန်နေရာ စစ်ကောင်စီ...

မူဆယ်မြို့နယ် မုံးပေါ်ဒေသ KIA နှင့် MNDAA ဈေးအကောက်ခွန် အငြင်းပွားမှုဖြစ်

သျှမ်းပြည် မူဆယ်မြို့နယ်ရှိ မုံးပေါ်ဒေသတွင် ကချင်လွတ်လပ်ရေးတပ် KIA နှင့် ကိုးကန့်တပ် MNDAA တို့အကြား ဈေးအတွင်း အခွန်ကောက်ခံမှုနှင့် ပတ်သက်ပြီး အငြင်းပွားမှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၂၁) ရက်တွင် မူဆယ်မြို့နယ် မုံးပေါ်တိုက်နယ်ရှိ ဈေးအတွင်း၌ ကချင်လွတ်လပ်ရေးတပ် KIA နှင့် ကိုးကန့်တပ်ဖွဲ့...

Latest news