မန်တုံမြို့နယ် KIA ရုံးနှင့် ဂိတ်နေရာကို TNLA ဝင်ရောက်စီးနင်းပြီး နေရာပြောင်းရွှေ့ခိုင်း၊ အောက်ခြေအရာရှိ ညှိနှိုင်းနေဟု KIA ပြော

သျှမ်းပြည် မန်တုံမြို့နယ်ရှိ ကချင်လွတ်လပ်ရေးတပ် KIA ၏ တိုက်နယ်ရုံးနှင့် ဂိတ်နေရာကို TNLA မှ ဝင်ရောက်စီးနင်းပြီး နေရာပြောင်းရွှေ့ခိုင်းခဲ့ကြောင်း စုံစမ်းသိရသည်။

ဖေဖော်ဝါရီ (၂၃) ရက် နံနက်ပိုင်းတွင် မန်တုံမြို့နယ်ရှိ ကချင်လွတ်လပ်ရေးတပ် KIA တောင်ပိုင်းတိုင်း လက်အောက်ခံ တပ်ရင်းများမှ လောင်ကျယ်၊ ရောင်ကျိန်းနှင့် မန်ပန်ကျေးရွာတို့တွင် ဖွင့်လှစ်ထားသည့် ဂိတ်များကို TNLA တပ်သားများ လာရောက်ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

အလားတူ မန်မောက်ကျေးရွာနှင့် မန်ဖတ်ကျေးရွာရှိ KIA တိုက်နယ်ရုံးများသို့ TNLA ဘက်မှ အင်အားအလုံးအရင်းဖြင့် ရောက်ရှိလာခဲ့ပြီး KIA တပ်ဖွဲ့ဝင်များကို လာရောက်မောင်းထုတ်ခဲ့ကြောင်း သိရသည်။

“လက်ရှိအနေအထားကတော့ အဲ့ဒီပြဿနာကတော့ မြင်တော့ မြင်ပါပြီ။ ကျနော်တို့ အမှတ် (၃၄) တပ်ရင်းက လူကြီးတွေနဲ့ TNLA လူကြီးတွေ ညှိနှိုင်းပြီးမှ အဲ့ဒီကိစ္စက အဆင်တော့ ပြေပါပြီ။ အခုပြဿနာ ဖြစ်နေတဲ့ နေရာတစ်ဝိုက်မှာ ရှိနေတဲ့ ကျနော်တို့ရဲ့ တိုက်နယ်ရုံးတို့၊ မြို့နယ်ရုံးတို့၊ နောက် တပ်ခွဲရုံးတွေ ဂိတ်တွေကိုတော့ မဖွင့်ဖို့၊ ပြောင်းဖို့ TNLA ဘက်ကနေ ပြောတယ်”ဟု KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မန်တုံမြို့နယ် KIA ရုံး၊ ဂိတ်များကို TNLA တပ်သားများက ဝင်ရောက်စီးနင်းခဲ့ခြင်းနှင့် ပတ်သက်၍ TNLA သတင်းနှင့် ပြန်ကြားရေးဌာနထံ သျှမ်းသံတော်ဆင့်မှ စာပို့မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပါ။

လူမှုကွန်ရက်ပေါ် ပျံ့နှံ့နေသည့် မန်တုံမြို့နယ် KIA တိုက်နယ်ရုံးနှင့် ဂိတ်ကို TNLA ဝင်ရောက်စီးနင်းပြီး လက်နက်များ သိမ်းဆည်းထားပုံလူမှုကွန်ရက်ပေါ် ပျံ့နှံ့နေသည့် မန်တုံမြို့နယ် KIA တိုက်နယ်ရုံးနှင့် ဂိတ်ကို TNLA ဝင်ရောက်စီးနင်းပြီး လက်နက်များ သိမ်းဆည်းထားပုံ

KIA တောင်ပိုင်းတိုင်း တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၃၄)၏ ရောင်ကျိန်းရွာနှင့် မန်မောက်ရွာမှ ရုံးနှင့် ဂိတ်သို့ TNLA တပ်သားများ ဝင်ရောက်စီးနင်းခဲ့စဉ် KIA တပ်သားများကို ရိုက်နှက်ကာ လက်နက်ခဲယမ်းများ သိမ်းယူသွားခဲ့ကြောင်း ဒေသခံများက ပြောဆိုသော်လည်း သျှမ်းသံတော်ဆင့်မှ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

“ရှေ့တန်းက ကျနော်တို့ရဲ့ ခရိုင်မှူးတွေ၊ တပ်ရင်းမှူးတွေကတော့ မဆုံးဖြတ်နိုင်ဘူး။ ဒါကတော့ အထက်က လူကြီးတွေနဲ့ ညှိနှိုင်းမှ ရမယ်။ အထက်က အမိန့်မရှိရင် အဲ့ဒီက ပြောင်းတာတွေကတော့ ကျနော်တို့ မလုပ်နိုင်ပါဘူး၊ လက်မခံနိုင်ဘူးလို့ ပြောထားတယ်တဲ့။ ဆိုတော့ အဲ့ဒီအထက်က လူကြီးတွေ၊ တောင်ပိုင်းတိုင်းက လူကြီးတွေနဲ့ ညှိရမယ့် အနေအထား ဖြစ်ပါတယ်”ဟု ဗိုလ်မှူးကြီး နော်ဘူက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

အလားတူ လားရှိုးမြို့နယ် ပန်ရှော်ကျေးရွာအုပ်စုတွင် ဖြစ်ပွားခဲ့သည့် UWSA ၊ KIA နှင့် TNLA တို့ မဟာမိတ် အချင်းချင်းကြား နယ်မြေကိစ္စနှင့် ပတ်သက်ပြီး သုံးပွင့်ဆိုင် အငြင်းပွားမှုကို ပြေလည်အောင် ဖြေရှင်းပြီးဖြစ်ကြောင်း သိရသည်။

၂၀၂၅ နှစ်ဆန်းမှ စ၍ ယနေ့ (ဖေဖော်ဝါရီ ၂၅ ရက်) အထိ KIA တောင်ပိုင်းတိုင်း တပ်မဟာ(၄) လက်အောက်ခံ တပ်ရင်း (၃၄) နယ်မြေတွင် KIA ၏ တိုက်နယ်ရုံး (၂) ခု၊ ဂိတ်စခန်း (၄) ခုနှင့် ပြည်သူ့စစ် MHH စခန်းတစ်ခု၊ စုစုပေါင်း (၇) နေရာကို TNLA ဘက်မှ အင်အားအသုံးပြုကာ သိမ်းယူထားကြောင်း Kachin Sub-State Media တွင် ဖော်ပြထားသည်။

“အဓိကတော့ ကိုယ်တိုက်နိုင်လို့ နယ်မြေရတယ် ဆိုတာထက် ဒီနယ်မြေရဲ့ မူလပိုင်ရှင် အမှန်က ဘယ်သူလဲ၊ သမိုင်းအစဉ်အဆက် ဘယ်လိုရှိခဲ့လဲဆိုတာ နားလည်ရမယ်။ အဲ့လို မဟုတ်ဘဲ လက်နက်အားကိုး အနိုင်ကျင့်နေရင် လက်နက်ကိုင်အချင်းချင်း ပြဿနာကနေ မလိုလားအပ်တဲ့ လူမျိုးရေး ပြဿနာအထိ ဖြစ်သွားမယ်”ဟု နိုင်ငံရေးတက်ကြွလှုပ်ရှားသည့် ကချင်လူငယ်တစ်ဦးက ပြောဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီ လကုန်ပိုင်းကလည်း နမ့်ခမ်းမြို့ရှိ ရွှေလီကြိုးတံတားကို TNLA နှင့် KIA တို့က နယ်မြေအငြင်းပွားမှုကြောင့် တံတားကို အပြိုင်ပိတ်ထားခဲ့ကြသည်။

ယင်းကာလ မတိုင်ခင်ကလည်း ဇန်နဝါရီလအတွင်း KIA နှင့် TNLA တပ်ဖွဲ့ဝင်များသည် မန်တုံမြို့နယ်နှင့် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရွာ၊ မုံးစီးရွာတို့တွင် နယ်မြေအငြင်းပွားမှု ဖြစ်ပွားခဲ့စဉ် အောက်ခြေတပ်ဖွဲ့ဝင်များမှ လက်နက်မပါဘဲ လက်သီးချင်းထိုးဝှေ့ကာ ဖြေရှင်းခဲ့ကြသည်။

သျှမ်းပြည်မြောက်ပိုင်းတွင် “၁၀၂၇ စစ်ဆင်ရေး”အတွင်း နယ်မြေစိုးမိုးမှု ပိုမိုရရှိလာသည့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ၊ ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် ကချင်လွတ်လပ်ရေးတပ် KIA တို့အကြား မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့အချင်းချင်း နယ်မြေအငြင်းပွားမှု ပိုမိုများပြားလာခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...