Wednesday, January 28, 2026

Fact Checking

နောင်ချိုမြို့ကို စစ်ကောင်စီတပ် ပြန်ထိန်းချုပ်နိုင်ပြီဟု ဝါဒဖြန့်

တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသော သျှမ်းပြည် နောင်ချိုမြို့ကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်နိုင်ပြီဟု ဝါဒဖြန့်ချိနေပါသည်။ စစ်ကောင်စီအာပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်လ်တစ်ခုဖြစ်သည့် ရွှေနေကြာချန်နယ်လ်မှ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး “နောင်ချိုကို ပြန်ရပြီ။ နောင်ချိုကို တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲ၊ စက်လက်နတ်တွေနဲ့ ပစ်ပြီး...

လားရှိုးတွင် ဖမ်းဆီးထားသည့် စစ်သုံ့ပန်းမိသားစုများကို MNDAA မှ အစာရေစာဖြတ်တောက်ဟု သတင်းအမှားဖြန့်

ကိုးကန့်တပ်ဖွဲ့ MNDAA သည် လားရှိုးမြို့တွင် ဖမ်းဆီးထားသည့် စစ်သုံ့ပန်းမိသားစုများအား အစာရေစာ ဖြတ်တောက်၍ စစ်သင်တန်းရက်တိုတက်ရောက်မှသာ ထမင်းကျွေးကြောင်း ဖြန့်ချိနေသည်။ စစ်ကောင်စီအာပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်လ် Thazin Oo ချန်နယ်လ်မှ နိုဝင်ဘာလ ၄ ရက်နေ့တွင် ဖြစ်ချိခဲ့ပြီး “အတည်မပြုနိုင်သေးတဲ့ သတင်းတစ်ခုက ဖမ်းဆီးခံထားရတဲ့ မိသားစုတွေကို...

ဖယ်ခုံမြို့ကို PDF ပူးပေါင်းတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ဟု သတင်းအမှားဖြန့်

သျှမ်းပြည်တောင်ပိုင်းရှိ ဖယ်ခုံမြို့ကို ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်ဖွဲ့များက မီးရှို့ဖျက်ဆီးခဲ့သည်ဟု သတင်းအမှားဖြန့်ချိနေသည်။ စစ်ကောင်စီအားပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်လ်တစ်ခုဖြစ်သည့် KO Thet ချန်နယ်လ်မှ အောက်တိုဘာလ ၃၁ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး“ကယန်းပြည်သစ်နဲ့ NUG ဒေါခင်မြတ်ဦး၊ ပျားစစ်ကြောင်း ဗျူဟာမှူးဆင့်ရှိ ဌေးမြင့်လှိုင်တို့ ပတ်သတ်မှုရှိနေကြောင်း သိရှိရပြီး NLD...

ကိုးကန့်တပ်ဖွဲ့ MNDAA က ဒလန်ဟုစွပ်စွဲကာ ဖမ်းဆီးထားသူများကို ပထမအသုတ်အနေဖြင့် စီရင်သတ်ဖြတ်တော့မည်ဟု သတင်းအမှားဖြန့်

ကိုးကန့်တပ်ဖွဲ့ MNDAA က ဒလန်ဟုစွပ်စွဲကာ ဖမ်းဆီးထားသူများကို ပထမအသုတ်အနေဖြင့် စီရင်သတ်ဖြတ်တော့မည်ဟု စစ်တပ်လော်ဘီများက သတင်းအမှားဖြန့်ချိနေသည်။ Subscriber ၅၇,၀၀၀ ကျော်ရှိသည့် စစ်ကောင်စီ၏ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ် “ဘညွှန့်” ချန်နယ်မှ အောက်တိုဘာလ ၁၁ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး “ ဒီရက်အတောအတွင်း ပထမအသုတ်အနေနဲ့ သစ်ပစ်ကြမယ်လို့ သိရတယ်”...

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် တောင်ကြီးနှင့် မန္တလေးကို တိုက်ခိုက်မယ်ဆိုပြီး MNDAA က လားရှိုးစစ်ဒေသမှူး ကျောက်မှုံဖန် မှပြောဆိုသည့် သတင်းအမှား

စစ်ကောင်စီ၏ နေ့စဉ်ဗုံးကြဲတိုက်ခိုက်မှုများကြောင့် MNDAA က မန္တလေးနှင့် တောင်ကြီးကို မတိုက်ခိုက်ကြောင်း ထုတ်ပြန်မှုကို ဖျက်သိမ်းပြီး ဝင်ရောက်တိုက်ခိုက်ပါက “တရုတ်ကျုးကျော်စစ်” ဟု မပြောရန် စစ်တပ်ချစ်သူများ အား MNDAA တပ်မှူးက အသိပေးပြောကြားသည်ဟု သတင်းအမှားဖြန့်ချိနေပါသည်။ Subscriber ၇,၈၀၀ ကျော်ရှိသည့် “ဖောင်းကားစားဖိုးကဲကြီး” တယ်လီဂရမ်ချန်နယ်က စက်တင်ဘာလ...

စစ်ကောင်စီတပ် နောင်ချို မြို့မစျေးကို ဗုံးကြဲ၊ စျေးထဲရှိ TNLA တပ်ကို ဗုံးကြဲခြင်းဖြစ်သည်ဟု သတင်းအ မှားဖြန့်

သျှမ်းပြည်နယ်မြောက်ပိုင်း ၊ နောင်ချိုမြို့ရှိ မြို့မစျေးကို စစ်ကောင်စီတပ်က ဗုံးကြဲပြီးနောက် စျေးထဲရှိပစ္စည်း များ ခိုးယူလုယက်နေသည့် TNLA တပ်ဖွဲ့ ဝင်များကို ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်ဟု စက်တင်ဘာ ၂၁ရက် က စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့ခဲ့သည်။ Subscriber ၃၀၀၀၀ ကျော်ရှိသည့် နေပြည်တော်အမည်ရှိ တယ်လီဂရမ်ချန်နယ် က...

စစ်ကောင်စီရဲ့ ကြေညာချက်တွေကို ဂရုမစိုက်တာကြောင့် ရေဘေးခံစားရလို့ လိမ်လည်ဝါဒဖြန့်

မြန်မာနိုင်ငံတဝှမ်း ရေဘေးခံစားကြရတဲ့ နေရာတွေမှာ တော်လှန်ရေးထောက်ခံသူတွေ နေထိုင်ကြတဲ့ အရပ်ဒေသအများစုဖြစ်ပြီး သာသနာ၊ ဘာသာကို စော်ကားကြတာ၊ စစ်ကောင်စီရဲ့ ကြေငြာချက်တွေကို ဂရုမစိုက်တာတွေကြောင့် အခုလိုရေးဘေးခံစားနေတယ်ဆိုပြီး သတင်းအမှားဖြန့်ချိနေပါတယ်။ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ် မှိုင်းဝေချန်နယ်ကနေ စက်တင်ဘာလ ၁၅ ရက်နေ့မှာ ဖြန့်ချိခဲ့တာဖြစ်ပြီး “ဂျင်းသတင်းတွေ တင်နေတဲ့ Khit Thit...

လားရှိုး လေကြောင်းတိုက်ခိုက်မှုအတွင်း MNDAA တပ်ဖွဲ့မှ ခေါင်းဆောင် ၃ ဦးနှင့် တပ်သား ၄၀ ကျော်သေဆုံး သတင်းအမှား

စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတဲ့ လားရှိုးမြို့မှာ MNDAA တပ်ဖွဲ့မှ ခေါင်းဆောင် ၃ ဦးနဲ့ လက်အောက်ငယ်သား ၄၀ ကျော်သေဆုံးတယ်ဆိုပြီး သတင်းအမှားဖြန့်ချိနေပါတယ်။ စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ် နေပြည်တော်ချန်နယ်ကနေ စက်တင်ဘာလ ၉ ရက်နေ့မှာ ဖြန့်ချိခဲ့တာဖြစ်ပြီး “လားရှိုးကို ယနေ့လေကြောင်းတိုက်ခိုက်မှု MNDAA တပ်ဖွဲ့မှ ခေါင်းဆောင်သုံးဦးနှင့် ငယ်သား...

နမ့်ခမ်းမြို့ လေကြောင်းတိုက်ခိုက်မှုအတွင်း TNLA ခေါင်းဆောင်ရဲ့ မိသားစုဝင်တွေသေဆုံးဆိုတဲ့ သတင်းအမှား

သျှမ်းပြည် နမ့်ခမ်းမြို့ လေကြောင်းတိုက်ခိုက်မှုအတွင်း တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ခေါင်းဆောင်ရဲ့ မိသားစုဝင် ကလေးငယ်အပါအဝင် ၁၁ ယောက်သေဆုံးတယ်ဆိုပြီး သတင်းတစ်ပုဒ် ဖြန့်ချိနေပါတယ်။ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ် MMC (News) ချန်နယ်ကနေ (သြဂုတ် ၆ ရက်နေ့)မှာအချိန်ကိုက် ဖြန့်ချိခဲ့တာဖြစ်ပြီး “နမ့်ခမ်းက အကြမ်းဖက်...

သီပေါမြို့ကို ဗုံးကြဲတိုက်ခိုက်ရာ TNLA တပ်ဖွဲ့ဝင်တွေ သေဆုံးတယ်လို့ သတင်းအမှားဖြန့်

သျှမ်းပြည် သီပေါမြို့ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်တွေ သေဆုံးတယ်ဆိုပြီး ဖြန့်ချိနေပါတယ်။ စစ်ကောင်စီကို ထောက်ခံရေးသားလေ့ရှိတဲ့ View of Sue တယ်လီဂရမ်ချန်နယ်ကနေ ဖြန့်ချိခဲ့တာဖြစ်ပြီး “သတင်းအရ TNLA တွေ ခိုအောင်းနေထိုင်သော စာသင်ကျောင်းကို ဗုံးကြဲရှင်းလင်း” လို့...

Latest news