စစ်ကောင်စီရဲ့ ကြေညာချက်တွေကို ဂရုမစိုက်တာကြောင့် ရေဘေးခံစားရလို့ လိမ်လည်ဝါဒဖြန့်

မြန်မာနိုင်ငံတဝှမ်း ရေဘေးခံစားကြရတဲ့ နေရာတွေမှာ တော်လှန်ရေးထောက်ခံသူတွေ နေထိုင်ကြတဲ့ အရပ်ဒေသအများစုဖြစ်ပြီး သာသနာ၊ ဘာသာကို စော်ကားကြတာ၊ စစ်ကောင်စီရဲ့ ကြေငြာချက်တွေကို ဂရုမစိုက်တာတွေကြောင့် အခုလိုရေးဘေးခံစားနေတယ်ဆိုပြီး သတင်းအမှားဖြန့်ချိနေပါတယ်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ် မှိုင်းဝေချန်နယ်ကနေ စက်တင်ဘာလ ၁၅ ရက်နေ့မှာ ဖြန့်ချိခဲ့တာဖြစ်ပြီး “ဂျင်းသတင်းတွေ တင်နေတဲ့ Khit Thit မီဒီညာလောက်ပဲ ကြည့်နေတဲ့ကောင်တွေက ရေးဘေးအတွက်အစိုးရက ဘာမှအသိမပေးခဲ့ဘူးဆိုပြီး ဖွနေကြနေတာ။ ဂျင်းခေတ်သစ်ကိုကြည့်တဲ့ အကျိုးကြောင့် အစိုးရရဲ့ ထုတ်ပြန်ချက်တွေကို မသိဘဲ ခံလိုက်ရတယ်ဆိုတာကို ဘာကြောင့်ဖုံးကွယ်နေကြတာလဲ” လို့ (မူရင်းအတိုင်း) ရေးသားဖြန့်ဝေခဲ့ပါတယ်။

အဲ့ဒီသတင်းအမှားကို ကြည့်ရှုသူပေါင်း ၃၃,၀၀၀ ကျော်ရှိပြီး မှိုင်းဝေတယ်လီဂရမ်ချန်နယ်အပြင် အခြားတယ်လီဂရမ်ချန်နယ်တွေကပါ ဖြန့်ချိထားကြပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင် အချက်အလက်စစ်ဆေးသူများအနေနဲ့ အဲ့ဒီအကြောင်းအရာကို စစ်ဆေးကြည့်တဲ့အခါ တစ်ဖက်လှည့်လိမ်လည်ဝါဒဖြန့်သတင်းအမှားဖြစ်တာကို တွေ့ရပါတယ်။

သတင်း စစ်ဆေးတွေ့ရှိချက်

ပြီးခဲ့သီတင်းပတ်က အင်အားပြင်း ရာဂီတိုင်ဖွန်းမုန်တိုင်း အရှိန်ကြောင့် မြန်မာနိုင်ငံဒေသ အတော်များများမှာ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေကြီးရေလျှံ၊ မြေပြိုမှုဖြစ်ပေါ်ခဲ့တာပါ။

အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ လက်အောက်ခံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကနေ ကြိုတင်အသိပေးကြေညာခြင်း ရှိ၊ မရှိ တိုက်ဆိုင်စစ်ဆေးခဲ့ပါတယ်။

တောင်တရုတ်ပင်လယ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ရာဂီမုန်တိုင်းအရှိန်ကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ရက်က စပြီး ဒေသအများအပြားမှာ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီးတဲ့နောက် သျှမ်းပြည်နယ် အရှေ့ပိုင်းမှာ ရေကြီးရေလျံမှုတွေဖြစ်ပေါ်လာခဲ့ပေမယ့် စစ်ကောင်စီအနေနဲ့ ဒေသခံတွေအတွက် ထိထိရောက်ရောက် အသိပေးနှိုးဆော်တာမျိုးတွေပြုလုပ်ခဲ့ခြင်းမရှိပါဘူး။

အဲ့လိုနှိုးဆော်တိုက်တွန်းမှုတွေမရှိခဲ့တာကြောင့် နေရာအတော်များများမှာ မိုးသည်းထွန်စွာရွာသွန်းတာကြောင့် ရေကြီးရေလျှံတာနဲ့ မြေပြိုတာတွေ ဖြစ်ပေါ်ခဲ့ပြီး ရာနဲ့ချီ လူတွေထိခိုက်သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီရဲ့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ရဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလ၊ ၉ရက်က ထုတ်ပြန်ခဲ့တဲ့ နောက်ဆုံးထုတ်ပြန်ချက်ကို ဒီနေရာမှာကြည့်နိုင်ပါတယ်။

စစ်ကောင်စီအနေနဲ့ “ရှမ်းပြည်နယ်အတွင်း ပုံမှန်မိုးရွှာသွန်းမှုများဖြစ်ပေါ်လေ့ရှိသော်လည်း ယခုအတိုင်းတာအထိ ဖြစ်ပွားလိမ့်မည်ဟု မမျှော်မှန်းခဲ့ကြကြောင်း၊ အချိန်တိုတွင်း မိုးသည်းထန်စွာရွှာသွန်းမည်ဟု မမှန်းစခဲ့ကြောင်း” ဒီနေ့ ထုတ်နိုင်ငံတော်ပိုင် မြန့်မာအလင်းသတင်းစာ စာမျက်နှာ ၃ မှာ ဖော်ပြထားတာကို ဒီနေရာမှာ ကြည့်ပါ။

ဒါ့အပြင် သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေလည်း အဲ့ဒီမိုးလေဝသနဲ့ ပတ်သက်ပြီး အသိပေးဆော်သြခဲ့တာမရှိသလို ကြိုတင်ပြင်ဆင်ခိုင်းတာလည်းမရှိဘူးလို့ ဒေသခံတွေကပြောပါတယ်။

MFCN အဖွဲ့ဝင်တွေက လက်ရှိ ရေးဘေးကြုံနေရဆဲဖြစ်တဲ့ မန္တလေးတိုင်း၊ ရမည်းသင်းမြို့ကျန်းမာရေး ကူညီစောင့်ရှောက်ပေးသူတဦးကို မေးမြန်းရာမှ ” နိုင်ငံတော်က ကြိုတင်အသိပေးတာမျိုးတော့မရှိဘူးဗျ။ မိုးလေဝသဌာနက ပုံမှန်တင်တဲ့အတိုင်း ပို့စ်တင်တာတော့ရှိပေမယ့် ဟိုလိုမျိုးတရားဝင်ကြီးထုတ်ပြန်တာမျိုးတော့မရှိဘူး။ မိုးအများအပြားရွှာနိုင်တဲ့ ဒေသလေးတွေ အဲ့လောက်ပါပဲ။ ထူးထူးခြားခြားတင်ထားတာမျိုးမရှိပါဘူး။ ရပ်ရွှာအုပ်ချုပ်ရေးမှူးတွေကနေတဆင့် အကြောင်းကြားတာမျိုးတွေလည်းမရှိပါဘူး” လို့ သူကပြောပါတယ်။

အမျိုးသားညီညွှတ်ရေးအစိုးရအနေနဲ့ မိုးကြီးတာနဲ့ ဆက်စပ်တဲ့ ရေဘေး/မြေပြိုဘေးတွေနဲ့ ထိခိုက်မှုလျော့ပါးစေရေး သတိပြုပြီး အလေးထား ကြိုတင်ပြင်ဆင်နေထိုင်သင့်ကြောင်း စက်တင်ဘာလ ၉ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ကြေညာချက်ကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

သုံးသပ်ချက်

ဒါကြောင့် စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်က “စစ်ကောင်စီရဲ့ ကြေညာချက်တွေကို ဂရုမစိုက်တာကြောင့် ရေးဘေးခံစားရတယ်” ဆိုပြီး တစ်ဖက်လှည့် လိမ်လည်ဝါဒဖြန့်နေခြင်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံသားအများစုက ဘာသာရေးကိုင်းရှိုင်းကြသူတွေဖြစ်လို့ စစ်ကောင်စီက အခုလက်ရှိရေကြီးတဲ့နေရာဒေသတွေမှာ “ ယခုဖြစ်တဲ့နေရာတော်တော်များများက အကြမ်းဖက် PDF ကို ထောက်ခံခဲ့သူတွေများတယ်။ ဘာကြောင့်လည်းဆိုတော့ သီလမမြဲဘဲ ဘုရားကို ဘုရားမှန်မသိ၊ ဖြစ်စဥ်တစ်ခုခုဖြစ်ပြီဆိုရင် ဖုန်းအစုတ်လေးကိုင်ပြီး ရဟန်းသံဃာပါ မရှောင် အကုန်ပတ်ဆဲနေတဲ့ အကျိုးတွေပဲ။”( မူရင်းအတိုင်း) လို့ ဘာသာရေးကို အသုံးပြုပြီး ဝါဒဖြန့် ရေးသားဖြန့်ဝေထားတာကို တွေ့ရပါတယ်။

ဘာသာရေးစော်ကားလို့ရေကြီးတာမဟုတ်ဘဲ ရေးကြီးမှုဘာလို့ဖြစ်လာတာလဲဆိုတာကို သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်တွေရဲ့သုံးသပ်ချက်တွေ၊ လေ့လာတွေ့ရှိချက်တွေနဲ့ အမြင်တွေကို BBC မြန်မာပိုင်းက ပြီးခဲ့တဲ့ ဇူလိုင်လ ၁ရက်က ရေးသားထားတာကို​ ဒီနေရာမှာ ဖတ်ရှုနိုင်ပါတယ်။

မြန်မာနိုင်ငံအရှေ့ပိုင်း၊ တောင်ပိုင်းနဲ့ ရှမ်းပြည်နယ်တို့မှာ ပစိဖိတ်သမုဒ္ဒရာ အနောက်ပိုင်းနဲ့ တောင်ပိုင်းတို့ ဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်းနဲ့ လေဖိအားနည်းရပ်ဝန်းတို့ကြောင့် မြို့ကြီး ၆ မြို့မှာ မိုးသည်းထန်စွာ ရွာသွန်းတာ၊ ရေကြီးတာနဲ့ မြေပြိုတာတွေ ဖြစ်ပွားနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဒီနေ့မှာသတိပေးချက် ထုတ်ပြန််ထားပါသေးတယ်။

Myanmar Fact-Checking Network စာဖတ်ပရိတ်သတ်တွေအနေနဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ဖော်ပြနေတဲ့ သတင်းတွေကို ချက်ချင်းမယုံကြည်ဘဲ လွတ်လပ်ပြီးအမှီခိုကင်းတဲ့ သတင်းမီဒီတွေမှာ သွားရောက်ဖတ်ရှု့ကြဖို့ တိုက်တွန်းပါတယ်။

သတင်းတု၊ သတင်းမှားဟု ယူဆရတဲ့ သတင်းတွေကိုလည်း Myanmar Fact-checking Network Facebook Chat Box ကနေဆစ်ဆင့် သတင်းရဲ့ လင့်ခ် (သို့မဟုတ်) Screenshot ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါတယ်။

Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာ ဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုင်းလားတပ် (NDAA) က စစ်ကော်မရှင်နှင့် ပူးပေါင်း ပြီး တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်မည်ဆိုသည့် သတင်းမှား

0
သျှမ်းပြည်အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားတပ်ဖွဲ့ (NDAA) သည် စစ်ကော်မရှင်နှင့် စစ်ရေးအရ ပူးပေါင်းလိုက်ပြီဖြစ်ကြောင်းနှင့် တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်ရန် အင်အားနှစ်သောင်းဖြင့် စစ်ပြင်နေပြီဖြစ်ကြောင်း ဓာတ်ပုံများနှင့်တကွ လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း “နောင်ရိုး” အမည်ရှိ လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက NDAA တပ်ဖွဲ့ဝင်များ လက်နက်ကိုင်ဆောင်ထားသည့် ဓာတ်ပုံများနှင့်အတူ...

အင်းလေးဒေသတွင် အခြားတိုင်းရင်းသားများကို ပိတ်ပင်မည်ဟုဆိုသည့် ထုတ်ပြန်ချက်အတု

0
လတ်တလော လူမှုကွန်ရက်စာမျက်နှာများတွင် “အင်းတိုင်းရင်းသားများ သဘောထားထုတ်ပြန်ချက်” ဟူသည့် ခေါင်းစဉ်ဖြင့် အင်းလေးဒေသအတွင်း အခြားတိုင်းရင်းသားများ လာရောက်ခြင်းနှင့် စီးပွားရေး လုပ်ကိုင်ခြင်းများကို ပိတ်ပင်မည်ဟုဆိုသော စာတစ်စောင် ပျံ့နှံ့နေသည်။ ပျံ့နှံ့နေသော စာတွင် ၂၀၂၆ ခုနှစ် ဇူလိုင်လမှ စတင်ကာ အင်းလေးဒေသအတွင်း ကျင်းပသည့် ဘုရားပွဲ၊ စာတော်ပြန်ပွဲများသို့ အင်းတိုင်းရင်းသားမှလွဲ၍...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...