Wednesday, May 8, 2024

သီပေါမြို့နယ်

သီပေါ-နမ့်လန်ရေကြီးမှု ကွင်းဆင်းကြည့်ရှုသည့် အုပ်ချုပ်ရေးမှူး ဓါးဖြင့်လိုက်ခုတ်ခံရ  

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်မြို့တွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် ရပ်ရွာ နေအိမ်များအတွင်း တောင်ကျရေစီးဝင်ရာတွင် ရပ်ကွက်တွင်း ကွင်းဆင်းကြည့်ရှုစစ်ဆေးသည့် အုပ်ချုပ်ရေးမှူးများအဖွဲ့အား ကျေးရွာတွင်းလာရောက်မှီခိုနေထိုင်သူတဦးက ဓါးဖြင့်လိုက်ခုတ်ရာ ၂ ဦးဒဏ်ရာရရှိကြောင်းသိရသည်။ ဇွန်လ ၆ ရက်နေ့ ညနေ ၃ နာရီခန့်က ရပ်ရွာလူကြီး၊ နယ်မြေမှူးများပါ၀င်သည့် အဖွဲ့က ရေဘေးသင့်...

သီပေါ – ကျောက်မဲကြား တိုးဂိတ်တခု ရုပ်သိမ်းပေးရန် လွှတ်တော်ကိုယ်စားလှယ်များနှင့်အာဏာပိုင်များထံ သီပေါလူထုတောင်းဆို

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်တွင် လွှတ်တော်အမတ်များ၊ မြို့နယ်အာဏာပိုင်းများနှင့် ဒေသခံလူထုတို့တွေ့ဆုံဆွေးနွေးကြရာ ဒေသခံလူထုဘက်မှ လမ်းပန်းဆက်သွယ်ရေးအပါအဝင် သီပေါ ကျောက်မဲကြား တိုးဂိတ်တခု ဖြုတ်သိမ်းပေးရန်တောင်းဆိုခဲ့သည်ဟု သိရသည်။ ဇွန်လ ၅ ရက်နေ့က သီပေါမြို့ မြို့တော်ခန်းမတွင် ဒေသခံလူထုအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းသန့်ဇင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော နန်းစမ်းစမ်းအေးနှင့် စိုင်းခမ်းအောင် တို့နှင့်အတူ မြို့နယ်အာဏာပိုင်များတွေ့ဆုံခဲ့ကြသည်။...

သီပေါမြို့နယ် ကုန်းသာကျေးရွာ ဒေသခံ ၂ဦး သေနတ်ပစ်ခံရ

သျှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ် ကုန်းသာကျေးရွာ ဒေသခံ ၂ ဦး မေ ၂၀ ရက် မနက် ၁ နာရီတွင် သေနတ်ပစ်ခံရပြီး မန္တလေး ဆေးရုံသို့ ပို့ဆောင်လိုက်ရကြောင်း သတင်းရရှိသည်။ “ သေနတ်ပစ်ခံရတာက လင်မယား ၂ယောက်ပါ။ အမျိုးသားကတော့ ပေါင် မှာ...

သီပေါမြို့နယ် အတွင်း ၂ ရက်ဆက်တိုက် အရပ်သား သေနတ်ပစ်ခံနေရ တဦးသေဆုံး

သျှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ်တွင် ၂ ရက်ဆက်တိုက် အရပ်သား ၄ ဦးအား အမည်မသိ လက်နက် ကိုင်လူတစုက ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွါးခဲ့ရာ တဦးသေဆုံးကာ ၂ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိ သည်။ ဖြစ်စဉ်မှာ ယမန်နေ့ မေလ ၈ ရက်နေ့က သီပေါမြို့နယ် ရေပူ (ကြံခင်း)...

မိုင်းပေါက်ကွဲမှုကြောင့်အစိုးရတပ်ဖွဲ့ အရာရှိတဦးသေ၊ သေနတ်ပစ်ဖောက်မှုကြောင့် ရွာသားများသီပေါသို့ထွက်ပြေးတိမ်းရှောင်

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ကျေးလက်အတွင်း အစိုးရစစ်ကြောင်း ဖြတ်သန်းစဉ် မိုင်းပေါက်ကွဲသဖြင့် အဆိုပါစစ်ကြောင်းသေနတ်ပစ်ဖောက်ရာ ရွာသားများ ဘုန်းကြီးကျောင်းသို့ တိမ်းရှောင် ထွက်ပြေးခိုလှုံကြရကြောင်း သိရသည်။ ဧပြီလ ၁ ရက်နေ့က သီပေါမြို့နယ် မိုင်းလန်းအုပ်စု ၀မ့်စန့်ဟန်ရွာအတွင်း ဖြတ်သန်းသွားသော ခမရ ၅၀၃ မှ အင်အား ရ၀ ခန့်ရှိ...

သီပေါ-လားရှိုးကားလမ်း ဘေးရှိ မောက်တောင်းရွာဘုန်းကြီးကျောင်းမီးလောင် ဆုံးရှုံးမှုတန်ဖိုး သိန်းပေါင်း ၂ ထောင်ကျော်ရှိ  

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်းရှိ မောက်တောင်းအုပ်စု မောက်တောင်းရွာ ဘုန်းကြီးကျောင်းအား မီးလောင်ရာတွင် ရှေးဟောင်းဘုရားဆင်းထုတော်များအပါအဝင် ကာလတန်ဖိုးကျပ်သိန်းပေါင်း ၂၀၀၀ ကျော်ခန့်ဆုံးရှုံးကြောင်းသိရသည်။ မတ်လ ၁၄ ရက် ည ၁၁ နာရီကျော်အချိန်က အဆိုပါဘုန်းကြီးကျောင်းအားမီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး လူသူထိခိုက်ဒဏ်ရာရမှုတော့မရှိဟု ဆိုပါသည်။ သီပေါဒေသခံနန်းစမ်ခမ်းက - ကျောင်းထိုင်ဆရာတော်က ကျောင်းမှာမရှိဘူး။ ခမည်းတော်နေမကောင်းလို့ ရွာပြန်ပြုစုနေတာ ၃...

Latest news