မူးယစ်ဆေးဝါး
လားရှိုးမြို့တွင် သားအရင်းမှ မိခင်ဖြစ်သူကို ဓားဖြင့် ခုတ်သတ်မှုဖြစ်ပွား
SHAN -
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် အီနိုင်းကျေးရွာအုပ်စု ၆ မိုင်ကျေးရွာတွင် သားအရင်းမှ မိခင်ဖြစ်သူကို ဓားဖြင့် ခုတ်သတ်မှု ဖြစ်ပွားကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၁ ရက် မနက်ပိုင်း ၁၀ နာရီဝန်းကျင်တွင် အီနိုင်းကျေးရွာအုပ်စုတွင် သားအရင်းမှ မိခင် ဖြစ်သူကို ဓားဖြင့် ခုတ်သတ်သွားကြောင်း ဒေသခံများ၏...
မိုင်းဆတ်မြို့ မူးယစ်သုံးသူတစ်ဦး အရပ်သားကို ကိုယ်ထိလက်ရောက်ကျူးလွန်
SHAN -
သျှမ်းပြည် အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်ရှိ မူးယစ်ဆေးဝါး သုံးစွဲသူများသည် အရပ်သား ပြည်သူများကို ကိုယ်ထိလက်ရောက်ကျူးလွန်မှုအထိ သောင်းကျန်းမှု ရှိနေကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၁၈ ရက်တွင် မိုင်းဆတ်မြို့ ကမ္မဌာန်းကျောင်းတိုက်အတွင်းသို့ ပစ္စည်းဝင်ခိုးသည့် ယာမဆေးစွဲသူ အမျိုးသားတစ်ဦးသည် ကျောင်းဒကာ အရပ်သား တစ်ဦးကို ဓားဖြင့်ထိုးရန် ကြိုးစားသည့်...
ရပ်စောက်မြို့နယ် မူးယစ်ဆေးသုံးစွဲသူဟု စွပ်စွဲသူတစ်ဦး PNO ရိုက်နှက်မှုကြောင့် သေဆုံး
SHAN -
သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စု မြို့ဆိုးကျေးရွာတွင်နေထိုင်သည့် အမျိုးသား (၃) ဦးကို မူးယစ်ဆေးဝါးသုံးစွဲသူဟု ပအိုဝ်းပြည်သူ့စစ် PNO မှ စွပ်စွဲပြီး ဖမ်းဆီးကာ ရိုက်နှက်မှုပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ထို ဖမ်းဆီးရိုက်နှက်မှုကြောင့် အမျိုးသား (၃) ဦးထဲမှ အသက် ၂၃ နှစ် အရွယ်ရှိ...
ရပ်စောက်မြို့နယ် ပြည်သူ (၃) ဦးကို မူးယစ်ဆေးဝါးသုံးစွဲသည်ဟု စွပ်စွဲပြီး PNO ရိုက်နှက်
SHAN -
သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စုရှိ မြို့ဆိုးကျေးရွာနေ ပြည်သူ ၃ ဦးကို မူးယစ်ဆေးဝါးသုံးစွဲသည်ဟုစွပ်စွဲပြီး ပအိုဝ်းပြည်သူ့စစ် PNO က သေနတ်ဖြင့် ရိုက်နှက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၉ ရက် ညနေပိုင်းတွင် ပအိုဝ်းပြည်သူ့စစ် PNO နယ်မြေ (၆) အဖွဲ့မှ...
မူးယစ်ဒဏ်ကို ခံနေရတဲ့ သျှမ်းမြောက် အိမ်ထောင်ရှင်မ
“ဆေး (မူးယစ်ဆေး) ဖိုး မရှိတဲ့နေ့တွေဆို ကျမကိုရော ကလေးကိုရော ရိုက်တယ်၊ ပြန်တွန်းလှန်ဖို့လည်း မဖြစ်နိုင်ဘူးလေ၊ အားခြင်းမမျှတာကိုး၊ ဒီလိုပဲ ရေစက်ရှိသလောက် ခံသွားရမယ်လို့ ခံယူထားတယ်” မခိုင် တယောက် တုန်ရီတဲ့ လေသံလေးနဲ့ တိုးတိုးလေး ပြောလာပါတယ်။ မခိုင် ဟာ အသက် (၄၀)...
ပုံးအင်းဒေသ မူးယစ်ဆေးဝါးသုံးစွဲသူပေါများလာ မော်တာ-ရေစုပ်စက်များ ခိုးခံလာရ
SHAN -
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ပုံးအင်းဒေသအတွင်း မူးယစ်ဆေးဝါး သုံးစွဲသူများ ပေါများလာသဖြင့် လယ်၊ ခြံ ထဲရှိ မော်တာ - ရေစုပ်စက်များ မကြာခဏ ခိုးခံ နေရကြောင်း စုံစမ်း သိရှိရသည်။ သြဂုတ်လပိုင်း မှစတင်ပြီး ယခုလထိ ပုံးအင်းဒေသ နောင်စန့်ကျေးရွာမှာ လယ်၊ ခြံ...
မိုင်းဆတ်မြို့နယ် သူခိုးများ ဖမ်းဆီးရန် ပြည်သူများ ကိုယ်ထူကိုယ်ထလုပ်နေ
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်တွင် သူခိုး၊ ဓားပြ ပေါများလာသည့်အတွက်ကြောင့် ပြည်သူများ ကိုယ်တိုင် ဖမ်းဆီးနှိမ်နင်းရန် ရပ်ကွက်အလိုက် အဖွဲ့ ဖွဲ့စည်းနေကြောင်း စုံစမ်း သိရသည်။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်အတွင်း သူခိုး၊ဓားပြ ပေါများလာသော်လည်း တာဝန်ရှိ ရဲတပ်ဖွဲ့များက အလုပ်မလုပ်သောကြောင့် မိုင်းဆတ်မြို့ ရှိ ဒေသခံများက...
မိုင်းဆတ် မူးယစ်ဆေးဝါးသုံးစွဲသူများ သောင်းကျန်းနေ
SHAN -
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် မူးယစ်ဆေးဝါးသုံးစွဲသူများ သောင်းကျန်းနေကြောင်း စုံစမ်းသိရသည်။ လက်ရှိ မိုင်းဆတ်မြို့လယ်ခေါင်တွင် မူးယစ်ဆေးများကို ပေါ်တင်သုံးစွဲလာပြီး နေ့လည်ပိုင်းအချိန်၌ အုတ်တံတိုင်းကျော်ကာ ပစ္စည်းများ ပေါ်တင်ဝင်ရောက်ခိုးယူနေကြောင်း မိုင်းဆတ်မြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ “မြို့လယ်ခေါင်မှာလည်း မူးယစ်ဆေးဝါးတွေ သုံးနေတာ။ မြို့ထဲမှာ ပေါ်တင်သုံးနေတာ။ ပြီးတော့ နေ့လည်အချိန်မှာတောင် အုတ်တံတိုင်း...
ပင်လောင်းမြို့နယ် PNO တပ်ဖွဲ့ မူးယစ်ဆေးဝါး သုံးစွဲသူများဟု စွပ်စွဲပြီး ငွေတောင်းယူနေ
SHAN -
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ အရပ်သား (၃) ဦးကို ပြည်သူ့စစ် (PNO) တပ်ဖွဲ့က မူးယစ်ဆေးဝါးသုံးစွဲသူများဟု စွပ်စွဲကာ ပိုက်ဆံတောင်းယူနေကြောင်း စုံစမ်းသိရသည်။ ပင်လောင်းမြို့နယ် ဘီလူးချောင်း အရှေ့ဘက်ကမ်းရှိ ကျေးရွာမှ လင်မယား (၂) ဦး နှင့် အသက် (၃၀) အရွယ်ရှိ အမျိုးသားတစ်ဦးကို...
တန့်ယန်းမြို့ ကိုယ်ဝန်ဆောင်အမျိုးသမီး ဓားပြတိုက်ခံရ
သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့ ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦးကို အမည်မသိလက်နက်ကိုင်တပ်ဖွဲ့မှ ဓားထောက်ပြီး ဓားပြတိုက်သွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ သြဂုတ်လ ၁၆ ရက်နေ့ မနက် ၁၁ နာရီဝန်းကျင်တွင် တန့်ယန်းမြို့ အမှတ် ရပ်ကွက် ၂ ဘက်သို့ ကားမောင်းလာသည့် ကိုယ်ဝန်သည် အမျိုးသမီးကို...





