မိုင်းဆတ်မြို့ မူးယစ်သုံးသူတစ်ဦး အရပ်သားကို ကိုယ်ထိလက်ရောက်ကျူးလွန်

သျှမ်းပြည် အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်ရှိ မူးယစ်ဆေးဝါး သုံးစွဲသူများသည် အရပ်သား ပြည်သူများကို ကိုယ်ထိလက်ရောက်ကျူးလွန်မှုအထိ သောင်းကျန်းမှု ရှိနေကြောင်း သတင်းသိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၈ ရက်တွင် မိုင်းဆတ်မြို့ ကမ္မဌာန်းကျောင်းတိုက်အတွင်းသို့ ပစ္စည်းဝင်ခိုးသည့် ယာမဆေးစွဲသူ အမျိုးသားတစ်ဦးသည် ကျောင်းဒကာ အရပ်သား တစ်ဦးကို ဓားဖြင့်ထိုးရန် ကြိုးစားသည့် ဖြစ်စဥ် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကမ္မဌာန်းကျောင်းတိုက်ထဲ ဝင်ခိုးတဲ့အချိန် ကျောင်းထိုင်ဘုန်းကြီးက မိသွားတာ၊ သူခိုးကိုယ်တိုင်က ယာမသုံး တယ်လို့ ဘုန်းကြီးဆီ ဝန်ခံတယ်၊ ဘုန်းကြီးက ကျောင်းဒကာကို ဖုန်းဆက်ခေါ်ပြီး အဲ့သူခိုးကို အပ်လိုက်တဲ့ အချိန်မှာ ကျောင်းဒကာကို ဓါးနဲ့ ထိုးသတ်ဖို့ ကြိုးစားတာ၊ အရှောင်မြန်သွားလို့ လူကိုတော့ မထိခိုက်ဘူး” ဟု မိုင်းဆတ် ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ယာမသုံးစွဲသူ

အဆိုပါ ယာမသုံးစွဲသူ အမျိုးသားသည် မိုင်းဆတ်ဒေသခံ အသက် (၂၅) နှစ်ဝန်းကျင် အမျိုးသား ဖြစ်ကြောင်း သိရသည်။

ကျောင်းဒကာကို ဓားဖြင့် ထိုးသတ်ရန် ကြိုးစားပြီးသည့်နောက် ထွက်ပြေးသွားသဖြင့် ရပ်ကွက်လူကြီးများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက နေအိမ်အထိ လိုက်သွားပြီး လက်ရှိတွင် ရဲစခန်း၌ ဖမ်းဆီးထိန်းသိမ်း ထားကြောင်း သတင်းသိရသည်။

“သူကလည်း မိုင်းဆတ်ဒေသခံပဲဆိုတော့ ကျနော်တို့သိတယ်လေ၊ ဒါကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ခေါ်ပြီး သူ့အိမ်ကိုသွားပြီး သူ့ကို ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်၊ မိုင်းဆတ်မှာ မူးယစ်ဆေးသားကောင်တွေ သောင်းကျန်းနေတာ အခုလိုမျိုး ပြည်သူတွေကို ဒုက္ခပေးတဲ့အထိ တစ်နေ့တစ်ခြားများလာပေမဲ့ သက်ဆိုင်ရာ နှိမ်နှင်းမှုက ထိရောက်မှု မရှိဘူး” ဟု အထက်ပါ အမျိုးသားက ဆက်ပြောသည်။

ထို့အပြင် မိုင်းဆတ်မြို့ မြို့မရဲစခန်းအနီး မြို့သစ်ရပ်ကွက်အနီးတွင် မူးယစ်ဆေးဝါးများ ပေါ်ပေါ်ထင်ထင် ရောင်းဝယ် သုံးစွဲနေသော်လည်း အာဏာပိုင်များက ဖမ်းဆီးအရေးယူ နှိမ်နင်းခြင်းမရှိကြောင်းလည်း ဒေသခံများက ပြောသည်။

မိုင်းဆတ်မြို့နယ်အတွင်း၌ မူးယစ်ဆေးစွဲသူများ၊ အိမ်ယာမဲ့များကို နေ့စဉ် မြင်တွေ့နေရပြီး ခိုးဆိုးလုနှိုက်မှုများ လည်း ပေါများလာသည့်အတွက် နေ့စဥ်ဘဝ နေထိုင်ရေးက မလုံခြုံကြောင်း ဒေသခံများက ပြောဆိုနေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာနိုင်ငံသားတစ်ဉီး၏ မူးယစ်ဆေးဝါး ကွန်ယက်အပါအဝင် စိတ်ကြွဆေး ၇.၇ သန်းခန့် ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် နှင့် ချင်းမိုင်ခရိုင် ထိုင်း-မြန်မာနယ်စပ် ၂ နေရာတွင် စုစုပေါင်း စိတ်ကြွမူးယစ်ဆေးပြား ၇.၇ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက် ညပိုင်းက ချင်းရိုင်ခရိုင်၊ ပါအူးဒွန်းချိုင် (PaO DonChai) နယ်မြေ၊ ဘန်ဖိုးငမ်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေး UWSA နှင့် NSPNC နေပြည်တော်တွင် ထပ်မံဆွေးနွေး

0
‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် စစ်အစိုးရ၏ NSPNC ကိုယ်စားလှယ်တို့ မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေးအတွက် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃ ရက်) နှင့် ယနေ့ (ဩဂုတ်လ ၄ ရက်) တို့တွင် နေပြည်တော်ရှိ Horizon...

မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုး သောင်းကျန်းနေ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုးများ သောင်းကျန်းနေပြီး သက်ဆိုင်ရာ အာဏာပိုင်များက အရေးယူ ဆောင်ရွက်ခြင်းမရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၁ ရက်) နံနက် ၇ နာရီခွဲခန့်က မိုင်းဆတ်မြို့ မြို့မဈေးအဝင်လမ်းတွင် ရပ်ထားသည့် Wave 110 အမျိုးအစား ၂၀၂၆ ခုနှစ်ထုတ် ဆိုင်ကယ်နက်ပြာရောင်...