ပင်လောင်းမြို့နယ် PNO တပ်ဖွဲ့ မူးယစ်ဆေးဝါး သုံးစွဲသူများဟု စွပ်စွဲပြီး ငွေတောင်းယူနေ

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ အရပ်သား (၃) ဦးကို ပြည်သူ့စစ် (PNO) တပ်ဖွဲ့က မူးယစ်ဆေးဝါးသုံးစွဲသူများဟု စွပ်စွဲကာ ပိုက်ဆံတောင်းယူနေကြောင်း စုံစမ်းသိရသည်။

ပင်လောင်းမြို့နယ် ဘီလူးချောင်း အရှေ့ဘက်ကမ်းရှိ ကျေးရွာမှ လင်မယား (၂) ဦး နှင့် အသက် (၃၀) အရွယ်ရှိ အမျိုးသားတစ်ဦးကို ပြည်သူ့စစ် (PNO) အဖွဲ့များက မူးယစ်ဆေးဝါး အကြောင်းပြပြီး ဖမ်းဆီးခေါ်ဆောင်ခဲ့သည်။

အဆိုပါ ဖမ်းဆီးခေါ်ဆောင်သော ရွာသား (၃) ဦးကို တစ်ဦးလျှင် မြန်မာကျပ်ငွေ သိန်း (၃၀) တောင်းယူခဲ့ပြီး ယမန်နေ့ သြဂုတ် ၂၄ ရက်တွင် အသက် (၃၀) ကျော် အမျိုးသားတစ်ဦးသည် ကျပ်ငွေ (၁၅) သိန်း ပေးဆောင်လိုက်သဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း ပင်လောင်းဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပင်လောင်းမြို့

“မနေ့က တစ်ယောက်ကို ပြန်လွှတ်လာပေးတယ်။ ပြန်လွှတ်လာပေးဖို့အတွက် (၁၅)သိန်း လောက်တော့ ကုန်တယ်။ အခုပြည်သူ့စစ်တွေက လုပ်စားနေတာပဲ။ မူးယစ်ဆေးဝါး ပတ်သက်တဲ့သူကို လိုက်ဖမ်းပြီး ပိုက်ဆံတောင်းနေတာ“ ဟု ၎င်းဒေသခံ တစ်ဦးက ပြောသည်။

လက်ရှိအချိန်ထိ ပိုက်ဆံမပေးရသေးသည့် လင်မယား (၂) ဦး သည် ပြန်လွှတ်မြောက်လာခဲ့ခြင်းမရှိသေးဘဲ ထီရီး စခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားကြောင်း သိရသည်။

အလားတူ ပအိုဝ်းပြည်သူ့စစ် (PNO) တပ်ဖွဲ့များက မူးယစ်ဆေးဝါး ဖမ်းဆီးဆောင်ရွက်ရေးအတွက် အမှန်တကယ် ပြုလုပ်ခြင်းအပေါ်တွင် ပြည်သူများကို အကြောင်းပြချက်နည်းမျိုးစုံဖြင့် ဖမ်းဆီးခြင်း၊ ပိုက်ဆံတောင်းယူခြင်းများ မပြုလုပ်စေလိုကြောင်း လူမှုပရဟိတ ဆောင်ရွက်နေသည့် အမျိုးသားတစ်ဦး ပြောသည်။

“မူးယစ်ဆေးဝါး တိုက်ဖျက်တယ်ဆိုတာ ကောင်းတယ်။ မလုပ်နဲ့မဟုတ်ဘူး လုပ်ပါ။ မူးယစ်ဆေးဝါးကို တကယ် သုံးစွဲတဲ့သူတွေ လိုက်ဖမ်းပေါ့။ အခုက ရွာသားတွေ မူးယစ်ဆေးဝါး သုံးလို့လာဖမ်းသွားတယ်။ ပြီးရင် ပိုက်ဆံတောင်းပြီး ပြန်လွှတ်ပေးတယ်။ ဒါက ပြည်သူကို ပိုက်ဆံတောင်းယူနေတဲ့ နည်းလိုပဲ “ ဟု ၎င်းအမျိုးသား တစ်ဦးက ပြောသည်။

ထို့အပြင် ယခုလက်ရှိ ရွာသား (၃) ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသော ပြည်သူ့စစ်များသည် ညောင်ရွှေမြို့နယ်၊ ထီရီကျေးရွာ အခြေစိုက် (PNO) တပ်ဖွဲ့များဖြစ်ကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဖယ်ခုံမြို့နယ် ပြည်သူပိုင်ပစ္စည်းများ စစ်ကော်မရှင်တပ် သယ်ယူနေ

0
သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ် တောင်စလုံးကျေးရွာတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက ရွာအတွင်းဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းများကို ကားများဖြင့် သယ်ယူနေကြောင်း သတင်းရရှိသည်။ ယခု ဇွန်လ တတိယပတ် အတွင်း ဖယ်ခုံမြို့နယ် တောင်စလုံးကျေးရွာတွင် စစ်ကော်မရှင်တပ်ဖွဲ့ နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့ဝင်များက ရွာအတွင်း ဝင်ရောက်ပြီး ပြည်သူပိုင်...

အင်းလေးဒေသကို နယ်မြေတိုးချဲ့ရန် အစီအစဉ်မရှိကြောင်း PNO ပြော

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသကို ၎င်းတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ထည့်သွင်းရန်နှင့် နယ်မြေတိုးချဲ့ရန် အစီအစဉ် လုံးဝမရှိကြောင်း ပအိုဝ်းပြည်သူ့စစ် (PNO) ဇွန်လ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အင်းလေးဒေသအား ပအိုဝ်းကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း သွတ်သွင်းမည့် ထိပ်တန်းလျှို့ဝှက် ညွှန်ကြားချက်စာတစ်စောင် လူမှုကွန်ရက်တွင် ပျံ့နှံ့နေမှုအပေါ် PNO ဗဟိုဌာနချုပ်ရုံးက ထုတ်ပြန်လိုက်ခြင်း...

ဟိုပုံးမြို့နယ်ရှိ နေအိမ်များ ဖျက်သိမ်းရန် သက်ဆိုင်ရာတာဝန်ရှိသူများက အိမ်ပိုင်ရှင်ထံ ပိုက်ဆံကောက်

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာမှ နေအိမ်များကို ဖျက်သိမ်းရန် စစ်ကော်မရှင်နှင့် ပအိုဝ်းပြည်သူ့စစ် PNOတပ်က အိမ်ပိုင်ရှင်များကို တစ်အိမ်လျှင် ငွေကျပ် ငါးသိန်းစီ ထပ်မံကောက်ခံနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ ပအိုဝ်းပြည်သူ့စစ် ( PNO)...

ဆီဆိုင်မြို့နယ်ရှိ ကျေးရွာများတွင် ဘောင်းဘီဝတ်လျှင် ဒဏ်ငွေပေးဆောင်ရမည်ဟုဆို

0
သျှမ်းပြည်တောင်ပိုင်း၊ဆီဆိုင်မြို့နယ် ထမ်ဆိုင်းကျေးရွာနှင့် အနီးနားကျေးရွာများတွင် ဘောင်းဘီဝတ်ခွင့် ပိတ်ပင်ထားပြီး၊ ဘောင်းဘီဝတ်လျှင် ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလဆန်းပိုင်းမှစကာ ထမ်ဆိုင်းကျေးရွာနှင့် ၎င်းပတ်ဝန်းကျင် အနီးနားရှိကျေးရွာမှ ဒေသခံများ ရိုးရာ ဝတ်စားဆင်ယင်မှု လျော့နည်းလာခြင်း၊ ကျေးရွာ ဂုဏ်သိက္ခာထိခိုက်စေလာမှုကြောင့် ဘောင်းဘီဝတ်ဆင်မှုကို ကျေးရွာသူကြီးများက ကန့်သတ်လိုက်ကြောင်း ၎င်းဒေသခံများက ပြောသည်။ အဆိုပါ ကန့်သတ်ချက်ကို...

ပင်လောင်းဒေသခံများ PNO အတွက် နေ့စဉ်ထမင်းထုပ်ပို့နေရ

0
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ ကျေးရွာများတွင် ပအိုဝ်းပြည်သူ့စစ် PNO က ကျေးရွာများအတွက် လုံခြုံရေးယူပေးနေသည်ဟုဆိုကာ ဒေသခံများကို နေ့စဉ် ထမင်းထုပ်ပို့ဆောင်ခိုင်းကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ပထမပတ်မှစပြီး ပင်လောင်းမြို့နယ် လုံးပျဉ်းကျေးရွာ၊ တောင်မဲသင်းကျေးရွာ နှင့် မြောက်စလုံးကျေးရွာတို့တွင် ပအိုဝ်းပြည်သူ့စစ် (PNO) တို့က ကျေးရွာလုံခြုံရေးယူပေးနေသည်ဟုဆိုကာ...