Saturday, May 4, 2024

ဗုံးကြဲ

စစ်ကောင်စီမှ ဆေးရုံ/ဆေးခန်းအပေါ် ဗုံးကြဲမှု အရှိန်တိုးမြှင့်၊ နိုင်ငံတကာမှ မသိကျိုးကျွန်ပြုနေ ဟု MOH NUG ထုတ်ပြန်

စစ်ကောင်စီ သည် အရပ်သားများကို ကုသပေးနေသည့် ဆေးရုံ/ဆေးခန်းများအပေါ် ယခုလ (ဧပြီ)အတွင်း လေကြောင်းမှ တဆင့် ဗုံးကြဲတိုက်ခိုက်မှု အရှိန်တိုးမြှင့်လာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ကျန်းမာရေးဝန်ကြီးဌာန (MOH NUG) က ဧပြီ ၂၈ ရက်တွင် ထုတ်ပြန်သည်။ လက်ရှိမှာ စစ်ကောင်စီသည် ကျန်းမာရေးကဏ္ဍအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားပြီး...

အရှိန်မြှင့်လာသော စခန်းသိမ်းတိုက်ပွဲများနှင့် ပေါင်းစည်းရေးလက္ခဏာ

နိဒါန်း ၂၀၂၃ ခုနှစ်သည် နွေဦးတော်လှန်ရေး၏ အဆုံးအဖြတ်နှစ်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့(ERO)များနှင့် မြို့ပြဒေသအလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF-LDF) ခေါင်းဆောင်များက ကြွေးကြော်ထားပါသည်။ အာဏာသိမ်းစစ်အုပ်စုအား ခုခံတော်လှန်စစ်အရှိန် သည် ပိုမိုပြင်းထန်လာပြီး အားကောင်းသည့် စုစည်းမှုများဖြင့် ပစ်မှတ်ထားထိုးစစ်ဆင်မှုများအသွင်သို့ ပြောင်း လဲလာသည့်လက္ခဏာများကို တွေ့မြင်လာပါသည်။ ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းက စတင်ကာ တွေ့မြင်လာရသော...

လားရှိုးမြို့နယ်စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲ ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရ

သျှမ်းပြည် လားရှိုးခရိုင် လားရှိုးမြို့နယ် နားမခေါ်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့မှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ (ဧပြီလ ၇ ရက်) နံနက် ၈ နာရီအချိန်ခန့်တွင် လားရှိုးမြို့နယ် နားမခေါ်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့မှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်မှုကြောင့် အသက် ၁...

ပင်လောင်းမြို့နယ် မြောက်စလုံးရွာကို စစ်ကောင်စီ တိုက်လေယာဉ်ဖြင့် ဗုံးကြဲ

သျှမ်းပြည်တောင်ကြီးခရိုင် ပင်လောင်းမြို့နယ် မြောက်စလုံးရွာကို စစ်ကောင်စီတပ်ဖွဲ့မှ တိုက်လေယာဉ်ဖြင့် ဗုံးလာရောက်ကြဲခဲ့ကြောင်း သတင်းသိရှိရသည်။ ယမန်နေ့ (မတ်လ ၂၈ ရက်) နေ့လည်ပိုင်း ၁ နာရီအချိန်မှစပြီး စစ်ကောင်စီတပ်ဖွဲ့မှ ပင်လောင်းမြို့နယ် မြောက်စလုံးရွာကို တိုက်လေယာဉ်တစ်စီး လာရောက်ပျံဝဲကာ ဗုံးကြဲချသွားခဲ့ကြောင်း ပအိုဝ်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းကောင်) PNDF (KK)...

Latest news