နောင်ချို
နောင်ချိုမြို့နယ် စစ်ကောင်စီ နဲ့ မန္တလေး PDF တို့ တိုက်ပွဲဖြစ်
SHAN -
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် နှင့် မန္တလေးမြို့ နယ်စပ်တွင် စစ်ကောင်စီ နှင့် မန္တလေး PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ ဩဂုတ် ၂၄ ရက် နောင်ချိုမြို့နယ် ကြံခင်း၊ လုံခင်းကျေးရွာဘက်တွင် စစ်ကောင်စီ နှင့် မန္တလေး PDF တို့...
နောင်ချိုမြို့နယ် တိုက်ပွဲအတွင်း စစ်ကောင်စီ (၆)ဦးသေ၊ ၃၀ကျော်ဒဏ်ရာရ
SHAN -
သျှမ်းမြောက် နောင်ချိုမြို့နယ် ရတနာသိင်္ဂီကျေးရွာ အနီးတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်မှ တပ်ဖွဲ့ဝင် (၆)ဦး သေဆုံးကာ ၃၀ကျော် ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ နောင်ချိုမြို့နယ် ရတနာသိင်္ဂီကျေးရွာအနီးတွင် သြဂုတ် ၃ရက်မှ စတင်ကာ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ နှင့် PDF (မန္တလေး)...
နောင်ချိုမြို့ ဂုတ်ထိပ်တံတားအောက်တွင် ဒေသခံတစ်ဦးက မိုင်းနင်းမိ
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် ဂုတ်ထိပ်ကျေးရွာနေထိုင်သည့် အသက် (၄၈) နှစ်အရွယ် အမျိုးသားတစ်ဦး ကျွဲသွားကျောင်းရာမှ မိုင်းနင်းမိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ယနေ့ ဇွန် ၃ ရက် နေ့လည် ၁ နာရီဝန်းကျင်တွင် ဂုတ်ထိပ်တံတားအောက် မိုင်းဆွဲထားသည့်နေရာကို ကျွဲသွားကျောင်းသည့် အသက် (၄၈) နှစ် အရွယ်ရှိ ဦးစိန်ဝင်းသည်...
နောင်ချိုမြို့မဈေးအနီးဗုံးပေါက်ကွဲ ကျောင်းသူ နှစ်ဦး ထိခိုက်
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့ရှိ မြို့မဈေး အနောက်တောင်ထောင့်အနီးတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ကျောင်းသူ (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (ဇွန် ၁) ရက် ည ၇ နာရီခွဲဝန်းကျင်တွင် နောင်ချို မြို့မဈေး အနောက်တောင်ထောင့် နေအိမ်တစ်ခုတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ကျောင်းသူ...
နောင်ချိုမြို့နယ် ပညာရေးမှူးရုံး ဗုံးပေါက် ကျောင်းအုပ်ဆရာမကြီး တစ်ဦးသေဆုံး
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် ပညာရေးမှူးရုံးတွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုကြောင့် မူလတန်း ကျောင်းအုပ်ဆရာမကြီး တစ်ဦးသေဆုံးခဲ့ကြောင်းလည်း သတင်းသိရသည်။ ယမန်နေ့ (မေလ ၃၁) ရက် နေ့လည် ၂ နာရီဝန်းကျင်တွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုကြောင့် ကျောင်းအုပ် ဆရာမကြီး တစ်ဦး သေဆုံးခဲ့ရပြီး ဆရာ/ဆရာမ စုစုပေါင်း ၉...
နောင်ချိုမြို့နယ်အတွင်း ဆိုင်ကယ် ပေါ်တင်ခိုးနေ
SHAN -
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် အုမ္မသီးကျေးရွာရှိ ဒေသခံတစ်ဦး ဖုန်းဘေလ် ဝင်ဝယ်နေချိန်တွင် မူးယစ်ဆေးဝါးသုံးစွဲသည့် လူငယ် (၃) ဦးက ဆိုင်ကယ် ဝင်ရောက်ခိုးယူသွားကြောင်း စုံစမ်းသိရှိရသည်။ ဆိုင်ကယ်ခိုးယူသွားသည့် လူငယ် (၃) ဦးသည် လူငယ်များဖြစ်ပြီး ယမန်နေ့ (မေလ ၂) ရက် နေ့လည်တွင် ဒေသခံ တစ်ဦးက...
နောင်ချိုမြို့နယ် Local PDF တစ်ဦး ဖမ်းဆီးခံရ
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် Local PDF တစ်ဦး ယမန်နေ့ (မတ် ၈)ရက် နေ့လည် ၂ နာရီတွင် ဖမ်းဆီးခံရကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (မတ် ၈)ရက် နေ့လည် ၂ နာရီဝန်းကျင်က ကျောက်မဲမြို့ တိုးဂိတ်တွင် နောင်ချိုမြို့ PDF တပ်ဖွဲ့ဝင် တစ်ဦး...
နောင်ချို ဗြုံးကျင်ပိ အမျိုုးသား တစ်ဦးသေ
သျှမ်းပြည် မြောက်ပိုင်း နောင်ချိုမြို့နယ် ယနေ့ (မတ် ၂)ရက် မနက်ပိုင်းတွင် ဗြုံးကျင်းပိကာ တစ်ဦး သေဆုံးသွားကြောင်း သတင်းသိရသည်။ ယနေ့ (မတ်လ ၂)ရက် မနက် ၉ နာရီတွင် နောင်ချိုမြို့ အနောက်ဖက်ရှိ ဗြုံးတောင်တွင် အမျိုးသားတစ်ဦး ဗြုံးကျင်းပိကာ သေဆုံးသွားခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။ “နောင်ချိုမြို့...
နောင်ချိုမြို့ ကိုဗစ်လူနာ အောက်စီဂျင် အခက်အခဲရှိနေ
SHAN -
Stay at home အိမ်နေကာလအဖြစ် ကြေညာထားခြင်းခံထားရသည့် သျှမ်းပြည် မြောက်ပိုင်းရှိ နောင်ချိုမြို့ နယ်တွင် ပိုးတွေ့ လူနာများအတွက် အောက်စီဂျင် အခက်အခဲ ရှိနေကြောင်း သိရသည်။ နောင်ချို မြိုန့ယ်တွင် ကိုဗစ် - ၁၉ တတိယလှိုင်းမှ အတည်ပြုလူနာကို ဇွန်လ ၁၆ ရက်မှ...
နောင်ချို CDM ပညာရေးဝန်ထမ်းများ ဖိအားပေး ခြိမ်းခြောက်ခံရ
SHAN -
သျှမ်းမြောက် နောင်ချိုမြို့နယ် မှ အာဏာဖီဆန်ရေး (CDM) လုပ်ဆောင်နေသည့် ပညာရေးဝန်ထမ်းများကို ပညာရေးမှူး မှ လာရောက်ခြိမ်းခြောက်ကာ Non-CDM ပြန်လုပ်ခိုင်းကြောင်း နောင်ချို ပညာရေးဝန်ထမ်းများထံ စုံစမ်းသိရသည်။ ယခုရက်ပိုင်း CDM ပြုလုပ်နေသည့် ပညာရေးဝန်ထမ်းများကို စာရင်းလိုက်ကောက်နေပြီး CDM ဆက်လုပ်ပါက လစာ ပေးတော့မည် မဟုတ်ကြောင်း၊...





