နောင်ချိုမြို့နယ် ပညာရေးမှူးရုံး ဗုံးပေါက် ကျောင်းအုပ်ဆရာမကြီး တစ်ဦးသေဆုံး

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် ပညာရေးမှူးရုံးတွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုကြောင့် မူလတန်း ကျောင်းအုပ်ဆရာမကြီး တစ်ဦးသေဆုံးခဲ့ကြောင်းလည်း သတင်းသိရသည်။

သေဆုံးသွားသည့် ကျောင်းအုပ်

ယမန်နေ့ (မေလ ၃၁) ရက် နေ့လည် ၂ နာရီဝန်းကျင်တွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုကြောင့် ကျောင်းအုပ် ဆရာမကြီး တစ်ဦး သေဆုံးခဲ့ရပြီး ဆရာ/ဆရာမ စုစုပေါင်း ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သေသွားတဲ့ တစ်ယောက်က မက်ချီနူရွာက မူလတန်းကျောင်းအုပ် ဒေါ်စောခင်ခင်ချိုလှိုင်လို့ သိရတယ်၊ အသက် ၅၃ နှစ်ပါ၊ ဗုံးပေါက်ကွဲမှုကြောင့် အောက်ပိုင်းတစ်ခုလုံး ဒဏ်ရာရသွားပြီး ဆေးရုံမှာ သေဆုံးသွားတယ်၊ လက်ရှိ ဆေးကုသမှုခံယူနေတဲ့ ၈ ဦး ထဲက ၅ ဦးလည်း ဒဏ်ရာစိုးရိမ်ရတယ်” ဟု အထက်ပါ ဒေသခံအမျိုးသားက ပြောသည်။

နောင်ချိုမြို့ ပညာရေးမှူးရုံးအတွင်း ဆရာ/ဆရာမများ ပုံမှန်လစဥ်အစည်းအဝေးနှင့် ကျောင်းပြန်လည်ဖွင့်လှစ်ရေး အတွက် ဆွေးနွေးမှုအပြီး အစည်းအဝေး ခန်းမအဝင် ဘယ်ဘက်တောင့်မှ တပ်ဆင်ထားသည့် ဗုံး ပေါက်ကွဲခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိဒဏ်ရာရ ဆရာ ၄ ဦး နှင့် ဆရာမ ၄ ဦးတို့ကို ပြင်ဦးလွင်မြို့ရှိ စစ်ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှုများ ခံယူနေကြောင်း သတင်းသိရသည်။

ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသည့် လူနာ

ပညာရေးဌာနအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခြင်းနှင့် ပက်သက်ပြီး လက်ရှိနိုင်ငံရေးအခြေအနေအရ ကျောင်းသားများ နှင့် ကျောင်းသားမိဘများကို ကျောင်းမတက်သေးရန် သတိပေးလိုကြောင်း CDM ကျောင်းဆရာမ တစ်ဦးက ပြောသည်။

“ကျမတို့ကလည်း ကလေးတွေကို ကျောင်းတက်စေချင်တယ်၊ ဒါပေမဲ့ သူတို့လုံခြုံရေးကို စိတ်မချရဘူး၊ PDF တွေက စစ်ကောင်စီနဲ့ တိုက်ခိုက်ချင်တယ်ပဲထား ကလေးတွေကို ထိခိုက်အောင်လုပ်မှာမဟုတ်ဘူးလို့ ယုံကြည်တယ်။ PDF နဲ့ စစ်ကောင်စီ တိုက်ပွဲဖြစ်လာရင် စစ်ကောင်စီတွေက ကလေးတွေကို ဒိုင်းကာအဖြစ် အသုံးပြုမှာ စိုးရိမ်တယ်၊ အဲ့ဒါ သတိထားရမယ်” ဟု အထက်ပါ ဆရာမက ပြောသည်။

နောင်ချိုပညာရေးမှူးရုံး ဗုံးပေါက်မှုများ ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားနှင့် ရဲအင်အား အများအပြားတို့က ရောက်လာ စစ်ဆေးမှုများ ပြုလုပ်သွားခဲ့သော်လည်း လက်ရှိအချိန်ထိ ပြုလုပ်သူ အဖွဲ့အစည်းများကို စုံစမ်းဖော်ထုတ် နိုင်ခြင်း မရှိသေးကြောင်း သတင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...