တောင်ကြီး

စစ်ခေါင်းဆောင် တောင်ကြီးလာမည်ဆိုသည့်သတင်းကြောင့် တွဲကားများ ဖြတ်သန်းခွင့်ပိတ်ထား

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်လာမည်ဆိုသည့်သတင်းကြောင့် မြို့အဝင် အထွက် တွဲကားများကို ဖြတ်သန်းခွင့် ပိတ်လိုက်သည်ဟု စုံစမ်းသိရှိရသည်။ လာမည့် ဧပြီလ (၁၁)ရက်တွင် ရွှေဘုန်းပွင့်ဘုရားထီးတင်ပွဲပြုလုပ်မည်ဖြစ်ပြီး ထိုပွဲသို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တက်ရောက်မည် ဖြစ်သောကြောင့် မြို့တွင်း အဝင်အထွက် ကားများကို စစ်ဆေးမှုတင်းကြပ်နေပြီး တွဲကားများကိုလည်း ဖြတ်သန်းခွင့်...

ငလျင်ဘေးသင့်သူအတွက် အလှူဆန်ကူသယ်ရန်ဟု လိမ်ညာပြီး ဆိုင်ကယ်လုယူသွား

သျှမ်းပြည် တောင်ကြီးမြို့တွင် ငလျင်ဘေးဒဏ်သင့်သူများအတွက် လှူဒါန်းမည့်ဆန်များကို ဝိုင်းကူသယ်ရန် လိမ်ညာခေါ်ဆောင်သွားပြီး ဆိုင်ကယ်လုယူသွားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဧပြီ (၅)ရက်တွင် တောင်ကြီးမြို့ မီးပုံပျံကွင်းစျေးအနီးတွင် ဆိုင်ကယ်ဖြင့် စျေးသို့လာသည့် မြေးအဖွား(၂)ဦးကို အမည်မသိ အမျိုးသားတစ်ဉီးက ငလျင်ဘေးဒဏ်သင့်သူများအတွက် လှူဒါန်းမည့်ဆန်များကို ဝိုင်းသယ်ရန် အကူအညီတောင်းခံပြီး၊ ၎င်းမြေးအဖွား မောင်းလာသည့် ဆိုင်ကယ်ကို...

တောင်ကြီးမြို့နယ် အကွက်ရိုက်ရောင်းထားသည့်မြေ စစ်ကောင်စီတပ်နှင့် ရဲများ ပြန်သိမ်းဆည်းနေ

သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်း အကွက်ရိုက်ရောင်းထားသော မြေကွက်များကို စစ်ကောင်စီနှင့် ၎င်းလက်အောက်ခံရဲများ ပြန်လည် သိမ်းဆည်းနေကြောင်း ဒေသခံများထံ သတင်းရရှိသည်။ သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက် ဗုဒ္ဓတက္ကသိုလ်အနီး နှင့် ကန်ကြီးရပ်ကွက် အပါအဝင် ညိုမီးကျေးရွာ တွင် မြေများကို အကွက်ရိုက်ပြီး ရောင်းချထေားပြီး ခြံစည်းရိုးခတ်ထားသော...

သျှမ်းတောင် လိုင်စင်မဲ့ကားများကို နေအိမ်ထိဝင်ဖမ်းရန် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ လျှိုဝှက်ညွှန်ကြား

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နှင့် ရပ်စောက်မြို့ ဘက်တွင် လိုင်စင်မဲ့ ကားများကို နေအိမ်အထိဝင်ဖမ်းရန် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ လျှိုဝှက်ညွှန်ကြားလာကြောင်း စုံစမ်းသိရှိရပါသည်။ အဆိုပါ ညွှန်ကြားချက်ထဲတွင်  PDF အဖွဲ့နှင့် ဒုစရိုက်သမားများ အပါအဝင် ဥပဒေနှင့် မလွတ်ကင်းသည့် လုပ်ငန်း လုပ်ကိုင်သူများသည် လိုင်စင်မဲ့ ကားများကို အသုံးပြု၍ ခရီးသွားလာခြင်း၊ ကူးသန်းရောင်းဝယ်ခြင်း အပါဝင် လက်နက်ခဲယမ်းသယ်ဆောင်...

တောင်ကြီးမြို့ပေါ်ရပ်ကွက်အတွင်း မီးလောင်မှုထပ်မံဖြစ်ပွား

သျှမ်းပြည်မြို့တော် တောင်ကြီးတွင် မြို့ပေါ်ရပ်ကွက်အတွင်း ဒုတိယအကြိမ် မီးလောင်မှုထပ်မံဖြစ်ပွားခဲ့ကြောင်း တောင်ကြီးမြို့ခံများထံမှ သတင်းရရှိသည်။ ယနေ့ (မတ်လ ၁၆ ရက်) နေ့လည် ၁၂ ခန့်အချိန်တွင် တောင်ကြီးမြို့ ညောင်ရွှေဟော်ကုန်းရပ် မြကန်သာပန်းခြံအနီး၊ နန်းထိုက်ရွှေစင်ကွန်ဒိုနှင့် မိဘအရိပ်ကွန်ဒိုအနီးရှိ လျှပ်စစ်ထရန်စဖော်မာမှ ဝါယာရှော့ဖြစ်ပြီး မီလောင်မှုဖြစ်ပွားခဲ့ကြောင်း မြို့ခံများကပြောသည်။ “မနေ့ကလည်း ရတနာသီရိထဲမှာလောင်တယ်၊ ဒီနေ့လည်း...

တောင်ကြီးမြို့ ရွှေဘုန်းပွင့်တောင်ပေါ်တွင် တောမီး နှစ်ရက်ဆက်တိုက်လောင်ကျွမ်းနေ 

သျှမ်းပြည်မြို့တော် တောင်ကြီးရှိ ရွှေဘုန်းပွင့်စေတီတော် အနီးတောင်စောင်းနေရာများတွင်  တောမီး နှစ်ရက်ဆက်တိုက် လောင်ကျွမ်းနေကြောင်း တောင်ကြီးမြို့ခံများထံ စုံစမ်းသိရသည်။ ယမန့်နေ့ (မတ် လ ၁၄ ရက်) ည ၇ နာရီအချိန်မှ စတင်ကာ တောင်ကြီးမြို့ ရွှေဘုန်းပွင့်တောင်ပေါ်တွင် တောမီးလောင်ကျွမ်းခဲ့ပြီး ယနေ့ (မတ်လ ၁၅ ရက်) နေ့လည်ပိုင်းတွင်...

တောင်ကြီးတွင် အိမ်ခြေရာမဲ့ ပိုများလာ

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် အိမ်ခြေယာမဲ့ လူများ ပိုများပြားလာနေသည်ဟု စုံစမ်းသိရှိရသည်။ တောင်ကြီးမြို့တွင် စစ်ဘေးရှောင်လာသူများ များပြားလာခြင်း ၊အိမ်ခန်းခ ငှားရမ်းမှု စျေးနှုန်း အဆမတန် မြင့်တက်ခြင်းနှင့်အတူ စားဝတ်နေရေးအတွက် အလုပ်အကိုင်ရှားပါးလာမှုများကြောင့် အိမ်ခြေယာမဲ့ များ လာကြောင်း တောင်ကြီးမြို့ခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “လမ်းဘေးမှာဆို အိမ်ခြေရာမဲ့တွေက ခုနောက်ပိုင်း အများကြီးတွေ့လာရတယ်။...

တောင်ကြီးတွင် စက်သုံးဆီ အလုအယက် ဝယ်ယူနေ

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် စက်သုံးဆီဈေး မြင့်တက်နေပြီး စက်သုံးဆီများကို အလုအယက် ဝယ်ယူမှုများရှိနေသည်ဟု စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် (ဖေဖော်ဝါရီလ ၅ ရက်) နေ့ နံနက်အစောပိုင်းမှ စတင်ပြီး အွန်လိုင်းကျားဖြန့်ကိစ္စကြောင့် ထိုင်းနိုင်ငံမှ မြန်မာဘက်သို့ တင်ပို့ရောင်းချနေသည့် လျှပ်စစ်မီး၊ ဖုန်းအင်တာနက်လိုင်း နှင့် စက်သုံးဆီများကို မြန်မာနယ်စပ်တကြော တာချီလိတ်မြို့၊...

တောင်ကြီးမြို့လယ်ခေါင် အရပ်ဝတ် အမျိုးသားတစ်ဉီး သည် အရပ်သားတစ်ဉီးကို သေနတ်ဖြင့် ခြိမ်းခြောက်ရိုက်နှက်

သျှမ်းပြည်မြို့တော် တောင်ကြီးတွင် အရပ်ဝတ်စုံဖြင့် အမျိုးသားတစ်ဉီးသည် လက်နက်ကိုင်ဆောင်ပြီး ပြည်သူတစ်ဉီးကို ခြိမ်းခြောက်ရိုက်နှက်သွားခဲ့ကြောင်း မြို့ခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၉ ရက်) နေ့လည်ပိုင်းတွင် တောင်ကြီးမြို့ မင်းကျောင်းဘုန်းကြီးကျောင်းအနီး ကားမောင်းလာသော လူငယ် ၂ ဦးအား အရပ်ဝတ်လက်နက်ကိုင်တစ်ဦးမှ ၎င်း၏ဆိုင်ကယ်အားကျော်တက်သည်ဟုဆိုကာ ကားရပ်ခိုင်းပြီး သေနတ်ဖြင့်ရိုက်နှက်မှုဖြစ်ပွားခဲ့ကြောင်း...

အေးသာယာ-စက်မှုဇုန်တွင် ဝယ်ယူပြီးသားမြေကွက်များအား ခြံစည်းရိုးခတ်ကာ ပြန်လည်သိမ်ဆည်းမှုများရှိနေ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် အေးသာယာ-စက်မှုဇုန်အတွင်း ဝယ်ယူပြီးသားမြေကွက်များကို မကျူးကျော်ရစာများလာကပ်သွားပြီး ခြံစည်ရိုးများခတ်ကာ ပြန်လည်သိမ်းဆည်းမှုများရှိနေသောကြောင့် မြေဝယ်ယူရာတွင် သတိထားရန်လိုအပ်ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။ ဇန်နဝါရီလ ပထမပတ်တွင် အေးသာယာ-စက်မှုဇုန်အတွင်း ပြည်သူများဝယ်ယူထားသော မြေကွက်များအား ခြံစည်းရိုးခတ်ကာ မကျူးကျော်ရန် စာလာကပ်သွားကြောင်း ထိုသို့ခြံစည်းရိုးခတ်သွားသည့်အကြောင်းအရင်းကိုလည်း မသိရှိရကြောင်း မြေဝယ်ယူထားသူ အချို့က သျှမ်းသံတော်ဆင့်သို့ပြောသည်။ “ဝယ်ထားတာက ၅...

Latest news