ငလျင်ဘေးသင့်သူအတွက် အလှူဆန်ကူသယ်ရန်ဟု လိမ်ညာပြီး ဆိုင်ကယ်လုယူသွား

သျှမ်းပြည် တောင်ကြီးမြို့တွင် ငလျင်ဘေးဒဏ်သင့်သူများအတွက် လှူဒါန်းမည့်ဆန်များကို ဝိုင်းကူသယ်ရန် လိမ်ညာခေါ်ဆောင်သွားပြီး ဆိုင်ကယ်လုယူသွားကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဧပြီ (၅)ရက်တွင် တောင်ကြီးမြို့ မီးပုံပျံကွင်းစျေးအနီးတွင် ဆိုင်ကယ်ဖြင့် စျေးသို့လာသည့် မြေးအဖွား(၂)ဦးကို အမည်မသိ အမျိုးသားတစ်ဉီးက ငလျင်ဘေးဒဏ်သင့်သူများအတွက် လှူဒါန်းမည့်ဆန်များကို ဝိုင်းသယ်ရန် အကူအညီတောင်းခံပြီး၊ ၎င်းမြေးအဖွား မောင်းလာသည့် ဆိုင်ကယ်ကို လုယူသွားကြောင်း မိသားစုဝင်တစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မြေးအဖွားနှစ်ယောက်က ဆိုင်ကယ်နဲ့ စျေးသွားတာ။ အဲ့မှာ အမျိုးသားတစ်ဉီးက လှူမယ့်ဆန် လာကူသယ်ပေးဦး ဆိုပြီး အကူအညီတောင်းတာ ကောင်လေးက ဆိုင်ကယ်နဲ့လိုက်သွားတယ်။ ပြီးတော့ ဆန်က အိတ်ကြီးတယ်၊ နင်ဆိုင်ကယ်မနိုင်ဘူး ငါမောင်းမယ်ဆိုပြီး လုယက်သွားတာပဲ” ဟု ဆိုင်ကယ်လုယက်ခံရသည့် မိသားစုဝင်တစ်ဉီးက ပြောသည်။

ဆိုင်ကယ်လုယက်ခံရသည့် အဆိုပါ မြေးအဖွားနှစ်ဦးမှာ မြေးဖြစ်သူသည် အသက် (၁၃) နှစ် အရွယ်သာ ရှိပြီး၊ အဖွားသည် အသက် (၇၀) အရွယ် ရှိပြီဖြစ်သည်။

ဆိုင်ကယ်လုယက်သွားသည့် အမည်မသိ အမျိုးသားသည် အသက် (၃၀) အရွယ်ခန့်ရှိပြီး၊ ထိုသူသည် မြေးအဖွားနှစ်ဉီးကို တို့ဆေးဖြင့် ပြုလုပ်ကာ လိမ်လည်သွားကြောင်း သိရသည်။

လုယူသွားတဲ့ ဆိုင်ကယ် လိုင်စင်

“သူတို့ မြေးအဖွား နှစ်ယောက်က တို့ဆေးမိတာ။ နှစ်ယောက်လုံး အိမ်ရောက်လာတော့ မူမမှန်ဘူး၊ နုံအအလို ဖြစ်နေတယ်”ဟု ၎င်းမိသားစုဝင်တစ်ဦးက ဆက်လက်ပြောဆိုသည်။

တောင်ကြီးမီးပုံးပျံကွင်း အနီးဝန်းကျင်တွင် လုယက်သူများ စုဝေးနေထိုင်တတ်ကြောင်း၊ အုပ်စုဖွဲ့ လုယက်နေကြောင်း၊ သက်ဆိုင်ရာများက သိရှိသော်လည်း ထိရောက်စွာ အရေးယူ ဆောင်ရွက်ပေးခြင်း မရှိကြောင်းလည်း တောင်ကြီးမြို့ခံ အမျိုးသမီးတစ်ဉီးက ပြောသည်။

“အခုက ယုံလွယ်လို့မရဘူး၊ မယုံလွယ်စေနဲ့။ လိမ်ညာတဲ့သူကလည်း မရှိတဲ့သူကို ပိုပြီးအခွင့်ကောင်းယူ လိမ်စားနေတာ။ စိတ်ရော လူရော မလုံခြုံတဲ့ခေတ်ကာလပါ”ဟု ၎င်းအမျိုးသမီးက ဆိုသည်။

တောင်ကြီးမြို့တွင် ခိုးဆိုးလုယက်မှုများ ပိုမိုများပြားလာပြီး လူဦးရေထူထပ်ကာ နေထိုင်စားသောက်ရေး ခက်ခဲလာသည်နှင့်အမျှ ခိုးဆိုးလုယက်မှုများ နေ့စဉ် မကြာခဏ ဖြစ်ပေါ်နေသည်။

ထို့အပြင် ငလျင်ဒဏ်ကြောင့် မြို့ခံများ စိတ်သောက ရောက်နေချိန် စစ်ကောင်စီမှ အမှတ်စဉ်(၁၂)အတွက် စစ်မှုထမ်းစာရင်း ကောက်ခံကာ မဲနှိုက်သွားရန် ဖိအားပေး လုပ်ဆောင်နေသည်ဟု မြို့ခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ယာဉ်နံပတ်ပွား ဆီထုတ်မှုကြောင့် QR အသစ် ပြန်လျှောက်ရမည်

0
သျှမ်းပြည်အတွင်း စက်သုံးဆီများကို တန်းစီဝယ်ရာတွင် ယာဉ်နံပတ်များကို ပွားပြီး ဝယ်ယူမှုများတွေ့ရှိနေသဖြင့် ယာဉ်ပိုင်ရှင်များ QR ကုတ်အသစ် ပြန်လည်လျှောက်ထားရမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန က ယမန့်နေ့ (ဇူလိုင် ၃၀)ရက်တွင် ထုတ်ပြန်ခဲ့သည်။  ထို QR ကုတ် အသစ် ပြန်လည်လျှောက်ထားရာတွင် မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံ လက်မှတ် အစစ်အမှန်ဖြစ်ကြောင်း သက်ဆိုင်ရာ (ကညန)၏ ထောက်ခံချက်...

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...

တောင်ကြီးတွင် ခွေးများကို ပစ်မှတ်ထား အစာအဆိပ်ခတ်ခံနေရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး အစာအဆိပ်ခတ် နေသည့် အုပ်စုများရှိနေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး ထမင်းကဲ့သို့သော အစားအစာများဖြင့် အဆိပ်ခတ်သည့် ဖြစ်စဉ်သည် နေ့စဉ်နှင့်အမျှ ဖြစ်လာကြောင်း၊ ထိုအဆိပ်ခတ်နေသည့် ပုံစံသည် တူညီမှုများရှိနေသဖြင့် ခွေးများကို ဉီးတည်ပြီး သတ်နေသည့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

တောင်ကြီး လိုင်စင်မဲ့ယာဉ် ရှောင်တခင်ဖမ်းဆီးမှုကြမ်းနေ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် ယခုရက်ပိုင်း လိုင်စင်မဲ့ယာဉ်များကို ရှောင်တခင် ဖမ်းဆီးစစ်ဆေးမှုများ ပိုလုပ်လာကြောင်း သတင်းရရှိသည်။ ထို လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးမှုကြောင့် မြို့နှင့်အနီးတဝိုက်ရှိ ကျေးရွာဒေသခံများအနေဖြင့် မြို့ပေါ်သို့ အခါကြီးရက်ကြီးများ နှင့် ဈေးနေ့များတွင် မြို့ပေါ်သို့ သွားလာခြင်း၊ အခြေခံစားသောက်ကုန်၊လူသုံးကုန်ပစ္စည်းများ ဝယ်ယူရာသူ အခက်အခဲများရှိနေကြောင်း ဟိုပုံးမြို့နယ် အမျိုးသားတစ်ဦးက...