စစ်ခေါင်းဆောင် တောင်ကြီးလာမည်ဆိုသည့်သတင်းကြောင့် တွဲကားများ ဖြတ်သန်းခွင့်ပိတ်ထား

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်လာမည်ဆိုသည့်သတင်းကြောင့် မြို့အဝင် အထွက် တွဲကားများကို ဖြတ်သန်းခွင့် ပိတ်လိုက်သည်ဟု စုံစမ်းသိရှိရသည်။

လာမည့် ဧပြီလ (၁၁)ရက်တွင် ရွှေဘုန်းပွင့်ဘုရားထီးတင်ပွဲပြုလုပ်မည်ဖြစ်ပြီး ထိုပွဲသို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တက်ရောက်မည် ဖြစ်သောကြောင့် မြို့တွင်း အဝင်အထွက် ကားများကို စစ်ဆေးမှုတင်းကြပ်နေပြီး တွဲကားများကိုလည်း ဖြတ်သန်းခွင့် ပိတ်ပင်ထားသည်ဟု သိရသည်။

“ရွှေဘုန်းပွင့်ဘုရား ထီးတင်ရှိတော့ မင်းအောင်လှိုင်လာမယ်ဆိုလို့ ကားတွေပိတ်တာဖြစ်မယ်။ တောင်ကြီးမှာလည်း အခု အစစ်ဆေးအရမ်းကြမ်းနေတယ်။ ဘယ်လမ်းကြည့်ကြည့် ရဲတွေ စစ်သားတွေ မော်တော်ပီကယ်တွေနဲ့ပဲ။ စစ်ခေါင်းဆောင်လာမှာမို့ အကုန်ပိတ်ထားတာထင်တယ်။”ဟု မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဧပြီလ (၉)ရက်မှ (၁၂)ရက်အထိ တောင်ကြီးသို့ အဝင်အထွက် ဖြတ်သန်းမည့် ဆယ်ဘီးကား ၊ဆယ့်နှစ်ဘီးကားများကို စစ်ကောင်စီမှ ဖြတ်သန်းခွင် မပြုတော့ကြောင်း ကားသမားများထံမှသိရသည်။

တောင်ကြီးမြို့

“တောင်ကြီးက အတက်အဆင်း ကားတွေကို ပိတ်ထားတယ်။သူတို့က ဆယ့်နှစ်ရက်အထိလို့ပြောတယ်။ ကြိုလည်း မပြောထားတော့ ကားတွေ အများကြီး ပိတ်မိနေတယ်။ အောက်ဘက် အညာဘက် ဆင်းမဲ့ကားတွေတော့ မြို့ရှောင်လမ်း တစ်လမ်းတော့ရှိတယ်။ တောင်ကြီး ထုံးဘိုဂိတ်လည်း ပိတ်ထားတယ်။” ဟု ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုကဲ့သို့ ပိတ်မိနေသည့်ကားများသည် အစီး (၅၀) ဝန်းကျင်ရှိပြီး ပြန်လှည့်သွားသည့် ကားများလည်းရှိပြီး ပြန်လှည့်လို့မရသည့် ကားများသည် ညအိပ်စောင့်နေကြရသည်ဟု ၎င်းကဆက်ပြောသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်တောင်ကြီး ရောက်နေသောကြောင့် မြို့ခံများအနေဖြင့် အသွားအလာ ဂရုစိုက်သင့်ကြောင်း မြို့ခံလူငယ်တစ်ဦးက အကြံပြုပြောထားသည်။

ပိတ်မိနေသည့် ကုန်ကားအများစုသည် ဘိလပ်မြေတင်ကား၊ ကျောက်မီးသွေးကားများနှင့် အခြားသောကုန်ကြမ်းပစ္စည်းတင်ဆောင်သည့် ကားများဖြစ်ကြောင်း သိရသည်။

အလားတူ နမ့်စန်၊ပင်လုံ၊ တာချီလိတ် ဘက်တွင်လည်း တောင်ကြီးဘက်သို့ တက်မည့် ကုန်ကားများကို ဖြတ်သန်းခွင့် ပိတ်ပင်ထားကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တောင်ကြီး လူငယ်တဦး ပေါ်တာဆွဲခံရ၊ ပြန်ထုတ်ရန်ပွဲစားငှားရမ်းရာ လိမ်ခံရပြန်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကော်ရှင်တပ်က လူငယ်တဉီးကို ဖမ်းဆီးပေါ်တာဆွဲခဲ့ရာ မိသားစုဝင်များ ကလူငယ်ကို ပြန်ထုန်ရန် အတွက် ပွဲစားငှားရမ်းရာာတွင် လိမ်ခံရပြန်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် စစ်ကော်မရှင်၏ တပ်သားများသည် ညဈေးမှမုန့်ဝယ်ပြီး နေအိမ်သို့ ပြန်လာသည့် တောင်ကြီးမြို့ခံ အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးကို...

တောင်ကြီး လမ်းဘေးစျေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ မြို့မဈေးအနီးရှိ လမ်းဘေးဈေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်းသွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်တွင် တောင်ကြီးမြို့ နံနက်ခင်းဈေးတခုတွင် လမ်းဘေးဈေးသည်များကို “ဈေးမသိမ်း”ဟူသော အကြောင်းပြချက်ဖြင့် စည်ပင်များကို ဝင်ရောက်ရိုက်နှက်ကာ ပစ္စည်းများကို သိမ်းဆည်းကာ ကားပေါ်တင်သွားကြောင်း သိရသည်။ အဆိုပါ...