တောင်ကြီးမြို့ ရွှေဘုန်းပွင့်တောင်ပေါ်တွင် တောမီး နှစ်ရက်ဆက်တိုက်လောင်ကျွမ်းနေ 

သျှမ်းပြည်မြို့တော် တောင်ကြီးရှိ ရွှေဘုန်းပွင့်စေတီတော် အနီးတောင်စောင်းနေရာများတွင်  တောမီး နှစ်ရက်ဆက်တိုက် လောင်ကျွမ်းနေကြောင်း တောင်ကြီးမြို့ခံများထံ စုံစမ်းသိရသည်။

ယမန့်နေ့ (မတ် လ ၁၄ ရက်) ည ၇ နာရီအချိန်မှ စတင်ကာ တောင်ကြီးမြို့ ရွှေဘုန်းပွင့်တောင်ပေါ်တွင် တောမီးလောင်ကျွမ်းခဲ့ပြီး ယနေ့ (မတ်လ ၁၅ ရက်) နေ့လည်ပိုင်းတွင် ပြန်လည် ငြိမ်းသက်သွားသော်လည်း ယခု (မတ် ၁၅)ရက် ည ၈ နာရီဝန်းကျင်တွင် ပြန်လည်လောင်ကျွမ်းနေကြောင်း တောင်ကြီးမြို့ခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။

“မနေ့ည ၇ နာရီလောက်ကလောင်တာ၊ ဒီနေ့နေ့လည်ပိုင်းကျတော့ ငြိမ်းသွားတယ်၊ ညနေ ၄ နာရီလောက်ကျတော့ စက်ဘီးသွားတဲ့သူတွေက မီးထပ်လောင်နေတာကိုတွေ့ခဲ့တယ်” ဟု မြို့ခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။ 

ရွှေဘုန်းပွင့်တောင်သည် နှစ်စဉ်နှစ်တိုင်း နွေရာသီရောက်သည့်အချိန်တိုင်း တောမီးလောင်ကျွမ်းမှုများ ဖြစ်ပေါ်တတ်လေ့ရှိပြီး ယခုနှစ်မီးလောင်ကျွမ်းမှုမှာ နှစ်ရက်ဆက်တိုက်ရှိလာပြီဖြစ်သည်။

ရာသီဥတုခြောက်သွေ့ပူပြင်းလာသည့်ကာလအတွင်း တောမီးလက်လွတ်စပယ်ရှို့မှုများကြောင့် တောမီးလောင်မှုများသည်လည်း မြို့ခံပြည်သူများကို စိုးရိမ်မှုများမြင့်တက်စေလျက်ရှိသည်။

“နှစ်တိုင်းတော့ လောင်တာပဲ၊ ခုက နှစ်ရက်ရှိလာပြီ ငြိမ်းပြီးမှ ပြန်လောင်တာလို့ပြောတယ်၊ ညလည်းကောင်းကောင်းမအိပ်ရဲဘူး၊ မသိလိုက်ခင်မှာ အောက်ထိရောက်လာမှာကြောက်လို့၊ အိမ်နားရောက်လာမှာတော်တော်ကြောက်တာ” ဟု သစ်တောရပ်ကွက်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။ 

ထို့အပြင် ယနေ့ (မတ်လ ၁၅ ရက်) နေ့လည်ပိုင်းတွင်လည်း တောင်ကြီးမြို့ ရတနာသီရီရပ်ကွက်အတွင်း အိမ်တစ်အိမ် မီးပြင်းထန်စွာလောင်ကျွမ်းခဲ့သည်။ မီးလောင်မှုကြောင့် နေအိမ်တစ်လုံးပျက်စီးဆုံးရှုံးခဲ့ပြီး လူထိခိုက်မှုမရှိကြောင်းသိရသည်။  

တောင်ကြီးမြို့သည် မြို့အလယ်ပိုင်းရှိလမ်းများမှာ သွားရလာရလွယ်ကူသော်လည်း၊ တောင်ကြီးမြို့ အရှေ့ဘက်နှင့် အနောက်ဘက် တောင်စောင်းနေရာများတွင် ဆောက်လုပ်ထားသည့် နေအိမ်များမှာ ကားအဝင်အထွက် လမ်းကျဉ်းမြောင်းခြင်း၊ မတ်စောက်ခြင်းများကြောင့် မီးဘေးအန္တရာယ်ဖြစ်လာလျှင် အန္တရာယ်များစွာရှိနိုင်သည့်အတွက် ပြည်သူများအနေဖြင့် အထူးဂရုစိုက်ရန်လည်းလိုအပ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီး လမ်းဘေးစျေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ မြို့မဈေးအနီးရှိ လမ်းဘေးဈေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်းသွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်တွင် တောင်ကြီးမြို့ နံနက်ခင်းဈေးတခုတွင် လမ်းဘေးဈေးသည်များကို “ဈေးမသိမ်း”ဟူသော အကြောင်းပြချက်ဖြင့် စည်ပင်များကို ဝင်ရောက်ရိုက်နှက်ကာ ပစ္စည်းများကို သိမ်းဆည်းကာ ကားပေါ်တင်သွားကြောင်း သိရသည်။ အဆိုပါ...

ယာဉ်နံပတ်ပွား ဆီထုတ်မှုကြောင့် QR အသစ် ပြန်လျှောက်ရမည်

0
သျှမ်းပြည်အတွင်း စက်သုံးဆီများကို တန်းစီဝယ်ရာတွင် ယာဉ်နံပတ်များကို ပွားပြီး ဝယ်ယူမှုများတွေ့ရှိနေသဖြင့် ယာဉ်ပိုင်ရှင်များ QR ကုတ်အသစ် ပြန်လည်လျှောက်ထားရမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန က ယမန့်နေ့ (ဇူလိုင် ၃၀)ရက်တွင် ထုတ်ပြန်ခဲ့သည်။  ထို QR ကုတ် အသစ် ပြန်လည်လျှောက်ထားရာတွင် မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံ လက်မှတ် အစစ်အမှန်ဖြစ်ကြောင်း သက်ဆိုင်ရာ (ကညန)၏ ထောက်ခံချက်...

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...

တောင်ကြီးတွင် ခွေးများကို ပစ်မှတ်ထား အစာအဆိပ်ခတ်ခံနေရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး အစာအဆိပ်ခတ် နေသည့် အုပ်စုများရှိနေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး ထမင်းကဲ့သို့သော အစားအစာများဖြင့် အဆိပ်ခတ်သည့် ဖြစ်စဉ်သည် နေ့စဉ်နှင့်အမျှ ဖြစ်လာကြောင်း၊ ထိုအဆိပ်ခတ်နေသည့် ပုံစံသည် တူညီမှုများရှိနေသဖြင့် ခွေးများကို ဉီးတည်ပြီး သတ်နေသည့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...