တောင်ကြီး

တောင်ကြီး စက်သုံးဆီရရှိရေး တန်းစီခ နေ့စား သုံးသောင်းကျပ်အထိ ပေါက်ဈေးရှိ

သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် စက်သုံးဆီများကို အလုအယက် ဝယ်ယူနေကြပြီး ကိုယ်စားဝယ်ယူ တန်းစီပေးလျှင် တန်းစီခအဖြစ် ငွေကျပ် သုံးသောင်းအထိ ပေါက်ဈေးရှိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ(၁)ရက်‌နေ့မှ စပြီး ထိုင်းနိုင်ငံမှ စက်သုံးဆီတင်ပို့မှုကို ရပ်ဆိုင်းလိုက်ပြီးနောက် တောင်ကြီးမြို့အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းတွင် စက်သုံးဆီများ အလုအယက် ဝယ်ယူနေကြပြီး အချိန်မပေးနိုင်သူများက အငှားတန်းစီခ...

တောင်ကြီး ရွှေဘုန်းပွင့် သွားလမ်း အမျိုးသမီးများကို ပါ ပေါ်တာဆွဲဖမ်းဆီးနေ

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရွှေဘုန်းပွင့် သွားလမ်း လူပြတ်သည့်နေရာတွင် စစ်ကော်မရှင်က စောင့်ဆိုင်းပြီး အမျိုးသမီးများကိုပါ ပေါ်တာဆွဲဖမ်းဆီးမှု ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် တောင်ကြီးမြို့နယ် ရွှေဘုန်းပွင့် ဘုရားသွားလမ်းတွင် စစ်ကော်မရှင် တပ်သားများသည် လူပြတ်သည့်နေရာတွင် စောင့်ဆိုင်းပြီး အမျိုးသမီးအပါအဝင် လူငယ် ၅ဉီးကို ဖမ်းဆီးခဲ့ကြောင်း...

တောင်ကြီး စက်သုံးဆီ တစ်လီတာ ၃၆၀၀ကျပ် အထိရှိလာ၊ အကန့်သတ်ဖြင့်သာ ရောင်းချ

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် စက်သုံးဆီ တစ်လီတာ လျှင် ၃၆၀၀ ကျပ်အထိရှိလာပြီး ဆီဆိုင်များက အကန့်သတ်ဖြင့်သာ ရောင်းချပေးနေကြောင်း သတင်းရရှိသည်။ ထိုင်းနိုင်ငံမှ စက်သုံးဆီတင်ပို့ရောင်းချမှုကို ပြီးခဲ့သည့် မတ်လ(၁)ရက်တွင် ရပ်ဆိုင်းလိုက်ပြီးနောက် စက်သုံးဆီပြတ်လပ်သွားမည်ကို စိုးရိမ်သောကြောင့် တောင်ကြီးမြို့အပါအဝင် သျှမ်းပြည်တောင်ပိုင်းတွင် အလုအယက်ဝယ်ယူနေပြီး ဆီဆိုင်များက ဈေးတင်ကာ အကန့်သတ်ဖြင့်သာ ရောင်းချပေးနေကြောင်း...

တောင်ကြီး ရွှေ့ပြောင်းခံရမည့် တိုက်ခန်းနေ ပင်စင်စားများ ပြည်နယ်အစိုးရနှင့် ထပ်မံညှိနှိုင်းလို

သျှမ်းပြည် တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း ဘေးပတ်ပတ်လည်တွင် ဆောက်လုပ်ထားသည့် တိုက်ခန်းနေ ပင်စင်စားများကို ရွှေ့ပြောင်းခိုင်းလျက်ရှိရာ ၎င်းတို့မှ သျှမ်းပြည်နယ်အစိုးရနှင့် ထပ်မံညှိနှိုင်းလိုကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၉ ရက်တွင် စစ်တပ်လက်အောက်ခံ သျှမ်းပြည်နယ်အစိုးရအဖွဲ့မှ တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း ဘေးပတ်ပတ်လည်ရှိ တိုက်ခန်းများ၊ ဆိုင်ခန်းများတွင် နေထိုင်သူများကို အစည်းအဝေး...

တောင်ကြီး ဗိုလ်ချုပ်ပန်းခြံ တိုက်ခန်းနေ ပင်စင်စားများ အေးသာယာသို့ ပြောင်းရွှေ့ရန် ဖိအားပေးခံရ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ အရှေ့မြို့ပတ်လမ်းရှိ ဗိုလ်ချုပ်အောင်ဆန်း အားကစားကွင်း ဘေးပတ်ပတ်လည်တွင် ဆောက်လုပ်ထားသည့် တိုက်ခန်းနေပင်စင်စားများကို ဖိအားပေးကာ အေးသာယာဘက်သို့ ပြောင်းရွှေ့ရန် အတင်းလက်မှတ်ထိုးခိုင်းနေကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၁၉ ရက်)တွင် စစ်တပ်လက်အောက်ခံ သျှမ်းပြည်နယ် အစိုးရအဖွဲ့မှ တိုက်ခန်းများ၊ ဆိုင်ခန်းများတွင် နေထိုင်သူများကို နေရာပြောင်းရွှေ့ပေးရန် ဆွေးနွေးခဲ့ကြပြီး...

တောင်ကြီး လုယက်မှုများကြောင့် ကားရောင်းဝယ်သူများ အိမ်တိုင်ရာရောက် ဝန်ဆောင်မှုမပေးရဲ

သျှမ်းပြည်တောင်ပိုင်းတွင် ကား၊ ဆိုင်ကယ် အရောင်းအဝယ်လုပ်သူ နှစ်ဉီး တိုက်ခိုက်ခံရပြီး တစ်ဉီး သေဆုံးပြီးနောက် ကားအရောင်းအဝယ် လုပ်သူများ အိမ်တိုင်ရာရောက် ပို့ဆောင်ပေးသည့် ဝန်ဆောင်မှု မပြုလုပ်ရဲတော့ကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နှင့် အေးသာယာမြို့ရှိ ဆိုင်ကယ်နှင့် ကားအရောင်းဆိုင်များသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ခေတ်ကာလ အခြေအနေအရ အွန်လိုင်းလူမှုကွန်ရက် စာမျက်နှာပေါ်တွင် ကြော်ငြာရောင်းချပြီး...

တောင်ကြီး အားကစားကွင်းဘေးရှိ ဈေးဆိုင်ခန်းများကို ဖယ်ရှားပေးရန် ထပ်မံအသိပေး

သျှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့ အရှေ့မြို့ပတ်လမ်းရှိ ဗိုလ်ချုပ်အောင်ဆန်း အားကစားကွင်း ဘေးပတ်ပတ်လည် တွင်ဆောက်လုပ်ထားသည့် ဈေးဆိုင်ခန်းများအားလုံးကို ဖေဖော်ဝါရီလအတွင်း အပြီး ဖယ်ရှား‌ပေးရန် ထပ်မံ အသိပေးလိုက်ကြောင်း သတင်းရရှိသည်။ အဆိုပါ ဈေးဆိုင်ခန်း၊ တိုက်ခန်းများနေရာတွင် နိုင်ငံတကာ အဆင့်မီအားကစား ကွင်း၊ အားကစားရုံနှင့် ရေကူးကန်၊ လူငယ်ရေးရာ စင်တာ များ...

တောင်ကြီးမြို့ပေါ် ညလူအိပ်မောကျချိန် သူခိုးသောင်းကျန်းနေ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ပေါ်တွင် ညလူအိပ်မောကျအချိန်တွင် သူခိုးများ အုပ်စုဖွဲ့ကာ အမျိုးသမီးအဆောင်များနှင့် လူနေအိမ်များဝင်ဖောက်ပြီး ခိုးယူသောင်းကျန်းနေကြောင်း သတင်ရရှိသည်။ ဖေဖော်ဝါရီ ၁ရက် ညအချိန်တွင် တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်နှင့် ချမ်းမြသာစည်ရပ်ကွက်ရှိ လူနေအိမ်များနှင့် အဆောင်များကို သူခိုးများက ဝင်ဖောက်ပြီး ဖုန်းနှင့် ငွေများကို ခိုးယူသွားကြောင်း ၎င်းရပ်ကွက်တွင်နေထိုင်သည့် ဒေသခံများက သျှမ်းသံတော်ဆင့်ကိုပြောသည်။ "ဘုရားဖြူရပ်ကွက်က...

“အေးချမ်းသည့် မြို့တော်မှ ဒုစရိုက် မြို့တော်သို့”

ပင်လယ်ရေ မျက်နှာပြင် အထက်ပေ ၄,၀၀၀ ကျော်ရှိသော တောင်ကြီးမြို့သည် ယခင်က အေးချမ်းသည့် မြို့တစ်မြို့ဖြစ်သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာသည့် နိုင်ငံရေးမတည်မငြိမ်မှုများကြောင့် ပြန်ပေးဆွဲမှု၊ လူသတ်မှုနှင့် ဓားပြတိုက်မှုတို့ဖြင့် ပြည့်နှက်လာသည့် မြို့တစ်မြို့ဖြစ်လာသည်။ ယခုအခါ တောင်ကြီးမြို့ဒေသခံများသည် အအေးဒဏ်ကြောင့်မဟုတ်ဘဲ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကင်းမဲ့လာပြီး ရာဇဝတ်မှု ဘေးအန္တရာယ်များကြောင့်...

အဆောင်ထဲက အိပ်မက်ဆိုး – ပုဂ္ဂလိကကျောင်းဆရာ ပြုကျင့်သည့် သက်ငယ်မုဒိမ်းမှု

“ကလေးက ကြောက်နေတယ်၊ အခု သူဘယ်သူနဲ့မှ အတွေ့မခံဘူး။ မျက်နှာမှာလည်း ဒဏ်ရာတွေ ရထားတယ်” ဟု မုဒိမ်းကျင့်ခံရသည့် မိန်းကလေးငယ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ဘာသာရပ်တွေကို လေ့လာသင်ယူချင်စိတ်၊ ကစားချင်စိတ်တို့ဖြင့် တောက်ပနေရမည့် မိန်းကလေးငယ်တစ်ဦး၏ မျက်ဝန်းများတွင် ယခုတော့ အကြောက်တရားနှင့် သံသယများသာ လွှမ်းမိုးထားတော့မည်။ ဤဖြစ်ရပ်သည် ဇန်နဝါရီလ ၁၅...

Latest news