တောင်ကြီး အားကစားကွင်းပတ်လည်ရှိ ဆိုင်ခန်းများကို အင်အားသုံးဖြိုနေ၊ ပြည်သူများ နေစရာမရှိ ဖြစ်နေ

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ၊ အရှေ့မြို့ပတ်လမ်းရှိ ဗိုလ်ချုပ်အောင်ဆန်း အားကစားကွင်း ဘေးပတ်ပတ်လည်တွင် ဆောက်လုပ်ထားသည့် ပင်စင်စားအများစုနေထိုင်သော တိုက်ခန်းများနှင့် ဈေးဆိုင်ခန်းများကို အင်အားသုံးကာ စတင်ဖြိုနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် မတ်လ (၁၅)ရက်မှစ၍ တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း ပတ်လည်ရှိ တိုက်ခန်းများနှင့် ဈေးဆိုင်ခန်းများကို အင်အားသုံးဖြို့ဖျက်နေသောကြောင့် မဖြစ်မနေပြောင်းရွှေ့နေရပြီး သက်ဆိုင်ရာမှ ချမှတ်ပေးထားသည့် နေရာများမှ ဆောက်လုပ်ဆဲ ဖြစ်သောကြောင့် ဈေးဆိုင်ခန်းသမား နေစရာမရှိဘဲ လမ်းဘေးအိပ်ရသူများလည်း ရှိကြောင်း ကိုယ်တိုင်ကြုံတွေ့ရသည့် အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။​

“အဆင်မပြေဘူး။ အခုလို လာဖြိုတော့ စိတ်လည်းမကောင်းဖြစ်မိတယ်၊ အထုတ်အပိုးဆွဲပြီး အသိအိမ်နား ခနကပ်နေရတယ်၊ ဒီဆိုင်လေးကို အားပြုပြီး လုပ်စားနေရတာဆိုတော့ အလုပ်လက်မဲ့လည်းဖြစ် နေစရာလည်း ပျောက်ဖြစ်ကုန်ပြီ၊ သူတို့ချပေးတဲ့ အိမ်ခန်းတွေက ခုမဆောက်နေတုန်း ဘယ်ချိန်မှ ပြီးမလဲမသိဘူး။”ဟု ၎င်း အမျိုးသားက ဆိုသည်။​

ထိုသို့ ဈေးဆိုင်ခန်းများကို အင်အားသုံးဖယ်ရှားနေသောကြောင့် အိမ်ခန်းနှင့် လုံးချင်းအိမ်ငှားရမ်းရန် မတတ်နိုင်သူအချို့သည် လမ်းပေါ်၌ နေထိုင်နေရသူများလည်း ရှိသည်။

အဆိုပါ လူနေတိုက်ခန်းများသည် လွန်ခဲ့သည့် နှစ်ပေါင်း (၂၀) ကတည်းက ဆောက်လုပ် နေထိုင်ခဲ့သော နေရာဖြစ်ပြီး တိုက်ခန်းပေါင်း ၁၆၀ ကျော်နှင့် ဆိုင်ခန်းပေါင်း ၁၀၇ ခန်းရှိသည်။

ထို့အပြင် တိုက်ခန်းတွင် နေထိုင်သည့် သက်ကြီးရွယ်အိုများနှင့် ပင်စင်စားသမားများအတွက် အဆင်မပြေမှုများ ကြုံတွေ့နေရပြီး သက်ဆိုင်ရာမှ ချမှတ်ပေးထားသော အေးသာယာမြို့ရှိ မင်းကျန်စစ်အိမ်ယာသည်လည်း လူသူမနေသည့်အတွက် ပြောင်းရွှေ့ရာတွင် အခက်ခဲများရှိကြောင်း အမျိုးသမီးတစ်ဦးက ပြောသည်။

“ဥပဒေနဲ့အညီဖြေရှင်းဖို့ စောင့်နေတာ အခုတော့ ဥပဒေလည်း မကယ်နိုင်ဘူး၊ အကုန်အထုတ်ဆွဲ ဆင်းရပြီ၊ သူတို့စီးပွားရေးအတွက်ပဲကြည့်ပြီး ပြည်သူတွေရဲ့ဒုက္ခကို မျက်ကွယ်ပြုထားကြတယ်၊ ပင်စင်စား အဖွားတွေ၊ အဖိုးတွေဆို သားသမီးမရှိ အထုတ်အပိုးနဲ့ အဲတိုက်အောက်ကို ဆင်းနေတာ ရင်ထဲမကောင်းဘူး၊ ဘာမဟုတ်တဲ့ အေးသယာက လူသူမနီးတဲ့ အိမ်ယာထဲ ပြောင်းခိုင်းတာ ဘာတရားမျှတမှုမှ မရှိဘူး။”ဟု တိုက်ခန်းနေထိုင်သူ ဝန်ထမ်းအမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ တိုက်ခန်းများနှင့် ဆိုင်ခန်းများကို ယခု မတ်လ (၂၀)ရက်အတွင်းအပြီး ဖယ်ရှားသွားမည် ဖြစ်သောကြောင့် နေရာမဖယ်ပေးဘဲ ကျန်ရှိနေသူများကို ၁၉၉၅ ခုနှစ် အစိုးရအိမ်ဥပဒေအရ ဖယ်ရှားသွားမည်ဟု ဆိုင်ခန်းပိုင်ရှင်များကို ကြိုတင်အကြောင်းကြားစာ ပို့ထားကြောင်း သိရသည်။

“ကျမတို့လို အဖြစ်ဆိုးမျိုးနဲ့ မကြုံပါစေနဲ့ ဆုတောင်းပေးလိုက်ပါတယ်၊ နေ့ချင်းညချင်း အိမ်ပိုင်ဘဝကနေ အိမ်ငှားဘဝရောက်ကြရတယ်၊ အိမ်ငှားခတွေ ဘယ်လောက်ဈေးကြီးလိုက်လဲ ကုန်ဈေးနှုန်းတွေကလည်း ကြီးနဲ့ ဘာတွေ လုပ်စားရမလဲ၊ ဘဝတွေ ပျက်ကုန်ပြီ။”ဟု ၎င်း အမျိုးသမီးက ပြောသည်။

ယခုလက်ရှိတောင်ကြီးမြို့တွင် တစ်ထပ်တိုက်တစ်လုံးလျှင် ငွေကျပ် ငါးသိန်းမှ ၈သိန်းအထိရှိနေပြီး ပြည်သူများ၏ နေ့စဉ်လုပ်အားခမှာ တစ်နေ့လျှင် ငွေကျပ် တစ်သောင်းနှစ်ထောင်သာရှိသောကြောင့် အဆင်မပြေမှုများကြုံတွေ့နေကြရသည်။

ဈေးဆိုင်ခန်း၊ တိုက်ခန်းများနေရာတွင် နိုင်ငံတကာ အဆင့်မီအားကစား ကွင်း၊ အားကစားရုံနှင့် ရေကူးကန်၊ လူငယ်ရေးရာ စင်တာ များ တည်ဆောက်သွားမည်ဟု အကြောင်းပြပြီး ဈေးဆိုင်ခန်းများကို အတင်းအဓမ္မ ဖယ်ရှားခိုင်းခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ယာဉ်နံပတ်ပွား ဆီထုတ်မှုကြောင့် QR အသစ် ပြန်လျှောက်ရမည်

0
သျှမ်းပြည်အတွင်း စက်သုံးဆီများကို တန်းစီဝယ်ရာတွင် ယာဉ်နံပတ်များကို ပွားပြီး ဝယ်ယူမှုများတွေ့ရှိနေသဖြင့် ယာဉ်ပိုင်ရှင်များ QR ကုတ်အသစ် ပြန်လည်လျှောက်ထားရမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန က ယမန့်နေ့ (ဇူလိုင် ၃၀)ရက်တွင် ထုတ်ပြန်ခဲ့သည်။  ထို QR ကုတ် အသစ် ပြန်လည်လျှောက်ထားရာတွင် မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံ လက်မှတ် အစစ်အမှန်ဖြစ်ကြောင်း သက်ဆိုင်ရာ (ကညန)၏ ထောက်ခံချက်...

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...

တောင်ကြီးတွင် ခွေးများကို ပစ်မှတ်ထား အစာအဆိပ်ခတ်ခံနေရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး အစာအဆိပ်ခတ် နေသည့် အုပ်စုများရှိနေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး ထမင်းကဲ့သို့သော အစားအစာများဖြင့် အဆိပ်ခတ်သည့် ဖြစ်စဉ်သည် နေ့စဉ်နှင့်အမျှ ဖြစ်လာကြောင်း၊ ထိုအဆိပ်ခတ်နေသည့် ပုံစံသည် တူညီမှုများရှိနေသဖြင့် ခွေးများကို ဉီးတည်ပြီး သတ်နေသည့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

တောင်ကြီး လိုင်စင်မဲ့ယာဉ် ရှောင်တခင်ဖမ်းဆီးမှုကြမ်းနေ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် ယခုရက်ပိုင်း လိုင်စင်မဲ့ယာဉ်များကို ရှောင်တခင် ဖမ်းဆီးစစ်ဆေးမှုများ ပိုလုပ်လာကြောင်း သတင်းရရှိသည်။ ထို လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးမှုကြောင့် မြို့နှင့်အနီးတဝိုက်ရှိ ကျေးရွာဒေသခံများအနေဖြင့် မြို့ပေါ်သို့ အခါကြီးရက်ကြီးများ နှင့် ဈေးနေ့များတွင် မြို့ပေါ်သို့ သွားလာခြင်း၊ အခြေခံစားသောက်ကုန်၊လူသုံးကုန်ပစ္စည်းများ ဝယ်ယူရာသူ အခက်အခဲများရှိနေကြောင်း ဟိုပုံးမြို့နယ် အမျိုးသားတစ်ဦးက...