တောင်ကြီးတွင် စုံ-မ ယာဉ်များ စစ်ဆေးစဉ် လိုင်စင်မဲ့ယာဉ်များ ဖမ်းဆီးခံရ

သျှမ်းပြည်မြို့တော် တောင်ကြီးမြို့ပေါ်တွင် စုံ-မ စနစ်ဖြင့် ယာဉ်များကို စစ်ဆေးနေပြီး လိုင်စင်မဲ့ ကားနှင့်ဆိုင်ကယ်များကိုပါ ဖမ်းဆီးနေသည်ဟု သတင်းရရှိသည်။

ယမန်နေ့ (မတ်လ ၁၈) ရက်တွင် တောင်ကြီးမြို့ အရှေ့မြို့ပတ်လမ်း၊ အနောက်မြို့ပတ်လမ်း အပါအဝင် ဝါးပြားလမ်းဆုံနှင့် ဧရာဝတီလမ်းခွဲဘက်တွင် စစ်ကော်မရှင်လက်အောင်ခံ ယာဉ်ထိန်းရဲနှင့် ရဲတပ်ဖွဲ့ဝင်များက အုပ်စုလိုက်စောင့်ဆိုင်းကာ စုံ-မ ရက်အလိုက် စုံ-မ ဂဏန်းဖြင့် ယာဉ်အသွားအလာ စစ်ဆေးကာ လိုင်စင်မဲ့ ကားနှင့်ဆိုင်ကယ်များကိုပါ ဖမ်းဆီး၍ သိမ်းဆည်းသွားကြောင်း တောင်ကြီးဒေသခံများက ပြောသည်။

“ဆိုင်ကယ်ကတော့ သူတို့သတ်မှတ်ထားတဲ့ စုံ-မ က မှန်တယ်၊ လိုင်စင်မရှိလို့ဆိုပြီး ဖမ်းထားတာ ပိုက်ဆံငါးသောင်း ပေးခဲ့ရတယ်။ ဒီစနစ်က ဘာတွေမှန်းလည်း မသိဘူး၊ စိတ်ရှုပ်တယ်။ ဒီဆိုင်ကယ်တစ်စီးနဲ့ နေ့တိုင်း ဈေးရောင်းပြီး မိသားစုကို လုပ်ကျွေးနေရတာ”ဟု တောင်ကြီးမြို့တွင် ဈေးလှည့်ရောင်းချသည့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် မတ်လ ၁၇ ရက်နှင့် ၁၈ ရက်အထိ နှစ်ရက်အတွင်း လိုင်စင်မဲ့ ဆိုင်ကယ်နှင့် ကား အစီးရေ (၅၀) ထက်မနည်း ဖမ်းဆီးခံလိုက်ရကြောင်း ၎င်းအမျိုးသားက ဆက်ပြောသည်။

ထို့အပြင် ဘီအိုစီ စက်သုံးဆီဆိုင်တွင်လည်း ဆီလာဖြည့်သည့် ယာဉ်များကို စုံ၊မ သေချာစစ်ဆေးပြီးမှ ဆီထည့်ပေးသည့်အပြင် ယာဉ်ထိန်းရဲများလည်း လာရောက်ကာ လိုင်စင်မပါသည့် ယာဉ်များကို လိုက်လံဖမ်းဆီး သိမ်းဆည်းနေကြောင်း ဒေသခံများထံမှ သိရသည်။

“ရဲတွေက ဟိုဘက်ဒီဘက် ကာပြီး စစ်နေတာ။ မနက်က ဆီသွားတန်းတာ မ ရက် ဖြစ်နေတော့ ကားက စုံဖြစ်နေတာလို့ ပြောတယ်၊ ဘယ်ဂဏန်းကို ယူတာလဲတော့ မသိဘူး။ အဲဒါနဲ့ ရုံးမှာ ဖြေရှင်းရမယ်ဆိုပြီး စာပေးသွားတယ်၊ ပိုက်ဆံတွေ ထပ်ကုန်ဦးမယ်”ဟု တောင်ကြီးဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုသို့ စုံ-မ ရက်သတ်မှတ်ချက်ကြောင့် စက်သုံးဆီဆိုင်တွင် တန်းစီနေသော လိုင်စင်မဲ့ယာဉ်များကို ယာဉ်ထိန်းရဲများက ရှောင်တခင် ဝင်ရောက်စစ်ဆေးပြီး ဖမ်းဆီးမှုများ ဆက်တိုက် ပြုလုပ်နေကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၁၂ ရက်တွင်လည်း လိုင်စင်မဲ့ယာဉ်များကို စက်သုံးဆီ ရောင်းချပေးမည် မဟုတ်ဘဲ စက်သုံးဆီဆိုင်တွင် လိုင်စင်မဲ့ယာဉ်များ တန်းစီဝယ်ယူခြင်း တွေ့ရှိလျှင် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ကော်မရှင်က အသိပေးထုတ်ပြန်ထားသည်။

ထို့ကြောင့် စစ်ကော်မရှင်တပ်၏ စုံ-မ ရက်သတ်မှတ်ခြင်းကြောင့် တောင်ကြီးမြို့တွင်သာမက မြန်မာနိုင်ငံ တဝှမ်းလုံးရှိ ပြည်သူများအတွက် စီးပွားရေးနှောင့်နှေးမှု ဖြစ်စေသည့်အပြင် အခြေခံလူတန်းစားများအတွက် စားဝတ်နေရေး အခက်အခဲများ ရင်ဆိုင်နေရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

တောင်ကြီး လူငယ်တဦး ပေါ်တာဆွဲခံရ၊ ပြန်ထုတ်ရန်ပွဲစားငှားရမ်းရာ လိမ်ခံရပြန်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကော်ရှင်တပ်က လူငယ်တဉီးကို ဖမ်းဆီးပေါ်တာဆွဲခဲ့ရာ မိသားစုဝင်များ ကလူငယ်ကို ပြန်ထုန်ရန် အတွက် ပွဲစားငှားရမ်းရာာတွင် လိမ်ခံရပြန်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် စစ်ကော်မရှင်၏ တပ်သားများသည် ညဈေးမှမုန့်ဝယ်ပြီး နေအိမ်သို့ ပြန်လာသည့် တောင်ကြီးမြို့ခံ အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးကို...

တောင်ကြီး လမ်းဘေးစျေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ မြို့မဈေးအနီးရှိ လမ်းဘေးဈေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်းသွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်တွင် တောင်ကြီးမြို့ နံနက်ခင်းဈေးတခုတွင် လမ်းဘေးဈေးသည်များကို “ဈေးမသိမ်း”ဟူသော အကြောင်းပြချက်ဖြင့် စည်ပင်များကို ဝင်ရောက်ရိုက်နှက်ကာ ပစ္စည်းများကို သိမ်းဆည်းကာ ကားပေါ်တင်သွားကြောင်း သိရသည်။ အဆိုပါ...

ယာဉ်နံပတ်ပွား ဆီထုတ်မှုကြောင့် QR အသစ် ပြန်လျှောက်ရမည်

0
သျှမ်းပြည်အတွင်း စက်သုံးဆီများကို တန်းစီဝယ်ရာတွင် ယာဉ်နံပတ်များကို ပွားပြီး ဝယ်ယူမှုများတွေ့ရှိနေသဖြင့် ယာဉ်ပိုင်ရှင်များ QR ကုတ်အသစ် ပြန်လည်လျှောက်ထားရမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန က ယမန့်နေ့ (ဇူလိုင် ၃၀)ရက်တွင် ထုတ်ပြန်ခဲ့သည်။  ထို QR ကုတ် အသစ် ပြန်လည်လျှောက်ထားရာတွင် မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံ လက်မှတ် အစစ်အမှန်ဖြစ်ကြောင်း သက်ဆိုင်ရာ (ကညန)၏ ထောက်ခံချက်...

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...